Chapter 2 ( U+Z )

997 105 6
                                    

Unicode

တဒေါက်ဒေါက် ခေါက်နေတဲ့ အခန်းတံခါးခေါက်သံကြောင့် August ဒေါသထွက်မိသည်။

ငိုချင်ချင်နှင့် တံခါးကို ထဖွင့်တော့

"မင်းအတွက် ထမင်းရောဟင်းရော ငါချက်ပေးခဲ့တယ်။စားလိုက် ငါစာသွားသင်တော့မယ်"

လင်းဝေဟန် စကားအကုန်ပြောကာ လှည့်ထွက်သွားမယ်လုပ်တော့

"အားး ကျွန်တော်ဘာမှမမြင်ရတော့ဘူး အီး ...."

ငိုသံပါပါနှင့် လှမ်းအော်ရှာသည်။

"မင်းမျက်လုံးကို ဖွင့်လိုက်ဦး။မျက်လုံးကိုအသေပိတ်ပြီး ကလေးကလားတွေထအော်မနေနဲ့"

ဟု ဆိုကာ လှည့်ထွက်သွားလေတော့သည်။

August လည်း မျက်လုံးကိုပွတ်သတ်ရင်အတင်းဖွင့်ကာ လင်းဝေဟန်အနောက်ပြေးလိုက်သွားလေသည်။

လင်းဝေဟန်ကတော့ အပြင်ရောက်‌လို့တံခါးပင်ပြန်ပိတ်နေပြီ။

"ဦး တာ့တာနော်"

လက်ကိုလှမ်းပြရင်း အပေါက်၀ကနေအော်လိုက်သည်။

သို့ပေမယ့်လည်း ထွက်သွားတဲ့သူက August ကို အဖက်မလုပ်။

"‌ချေလိုက်တာ ဟွန်း"

နှာခေါင်းကိုရှုံ့ရင်းသူ့အိပ်ခန်းထဲသူပြန်၀င်ကာ အပိုင်းဆက်နှင့်အိပ်နေလိုက်တော့သည်။

August ရဲ့ နေ့စဉ်ဘ၀ကရိုးရှင်းပါတယ်။

နေ့လည် ဆယ့်နှစ်နာရီမှထမယ်၊နိုးနိုးချင်းဖုန်းဖွင့်လိုက်ပြီး Mobile Game တွေကို အသည်းအသန်ဆော့မယ်၊တနေကုန်ဆော့မယ်။‌ညနေသုံးနာရီလောက်မှအသည်းအသန်ထပြီးအိမ်မှာရှိတာရှာစားမယ်။

စားပြီးသောက်ပြီးကတည်းကဆော့လိုက်တဲ့ဂိမ်းဟာ ည ဆယ်နာရီလည်းမပြီးပါဘူး။ဆယ့်တစ်နာရီမှရေချိုးကာ ထပ်ဆော့ပါတယ်။

ညဆယ့်တစ်ခွဲလောက်မှာညစာစားရင်တောင်ဂိမ်းအဆော့မပျက်။

တညလုံးဆော့တဲ့ဂိမ်းဟာ မနက်လေးနာရီ မှနားပါတယ်။

ဒါကတော့ ရိုးရှင်းလွန်းတဲ့ August ရဲ့ Daily Activity ပါပဲ။

_______ Love is August ________

Love is August || U+ZWhere stories live. Discover now