Unicode
"ဦး ...."
Hello Kitty ရုပ်ကလေးနှင့် ပန်းနုရောင် Apron ကို၀တ်ကာ စာသင်ချိန်မသွားခင်လေး August အတွက် ထမင်းဟင်းချက်ပေးနေသော လင်းဝေဟန်တစ်ယောက် မှာ အနောက်ကနေလှမ်းခေါ်လိုက်တဲ့ အသံကြောင့် အနောက်လှည့်ကြည့်လိုက်မိသည်။
"ဦး .... ကျွန်တော်ခေါ်လိုက်လို့လန့်သွားတာမလား"
August လင်းဝေဟန်အနားကပ်ရင်း တကျေတနပ်နှင့်မေးရှာသည်။
"ငါက လန့်နေရအောင် ကလေးလား"
သူ့အလုပ်သူအပျက်မခံဘဲ စိတ်မရှည်ဟန်နှင့်ဖြေသည်။
"အမယ် Hello Kitty ရုပ်လေးနဲ့ဟ။ဦးက Hello Kitty ကြိုက်တာလား"
မနက်စောစောစီးစီးထကာ လင်းဝေဟန်ကို စနောက်နေသည့် August ရယ်ပါ။
"မင်းမေကြီးတော်ကို ငါက Hello Kitty ကြိုက်ရမှာလား"
"ပန်းရောင်လေးလေ ....."
လင်းဝေဟန်ရဲ့ Apron ကို လက်ဖျားလေးနှင့်လှမ်းဆွဲရင်း မျက်လုံးလေး ပေကလပ်ပေကလပ်နှင့်။
"ဒီအချိန်မင်း အိပ်နေရမယ့် အချိန်မဟုတ်ဘူးလား။မနက်စောစောစီးစီးထပြီး ငါ့ကိုလာနှောင့်ယှက်နေတာဘဲ"
ပန်းရောင် Apron တကားကားနှင့် ဟောက်နေသော လင်းဝေဟန်ကို August နည်းနည်းလေးမှ မကြောက်ပါ။
သူ့ရုပ်ကလှုပ်စိ လှုပ်စိနှင့်ဖြစ်နေတော့ August ကျိတ်ကာ ရယ်နေမိသည်။
"ကျွန်တော်က ဦးကို ကူမယ်ဆိုပြီး Alarm ပေးပြီးတောင် ထလာတာ"
"နေပါစေ ....မင်းဝေးဝေးမှာသာသွားနေလိုက်"
"ဦး နော် ဦး ။ ဦးသိပ်ဆိုးတယ်"
မကျေမနပ်နှင့်ငြူစူစူလုပ်ကာပြောနေသော August ကြောင့် လင်းဝေဟန်အနေခပ်သည်မှာအမှန်ပင်။
အဆိုးဆုံးကတော့ ဦး ဦး တဦးဦး နှင့် ဦးနေခြင်းကြောင့် ပို၍ အနေခက်ရသည်။
ဟိုကောင်လေးကတော့ ကုတ်ကုတ်ကုတ်ကုတ်နှင့် မီးဖိုချောင်အတွင်းကနေထွက်သွားလေသည်။
အကုန် ချက်ပြုတ်ပြီးတော့
"ဟေ့ ကောင် မင်း မနက်စာ လာစားစမ်း"