Chapter 7 ( U+Z )

724 86 17
                                    

Unicode

ဟိုတယ်မှာပဲမနက်စာစားပြီးတော့ ကျွန်တော်နဲ့ကိုကိုအိမ်ပြန်လာခဲ့တယ်။

ကျွန်တော်တို့ညကတစ်ညလုံးနမ်းဖြစ်ခဲ့ကြပေမယ့်မနက်ရောက်တော့ ကိုကိုကဘာမှမဖြစ်သလိုနေနိုင်တယ်။

ကျွန်တော့်ကိုလည်းယောင်မှားပြီးတောင်တစ်ချက်ငဲ့မကြည့်ဘူး။

ဒါကြောင့်လည်းအခုထိဂေါ်မစွံတဲ့လူပျိုသိုးကြီးဖြစ်နေတာနေမှာပါ။

တကယ်တော့အခန်းသော့ကကျွန်တော့်တို့အောက်ထပ်ရဲ့လှေကားထောင့်မှာကျွန်တော်ဖွက်ခဲ့တာ။

ကျွန်တော်တို့တစ်ညတာဖြတ်သန်းခဲ့တဲ့ဟိုတယ်ကကျွန်တော်တို့တိုက်ခန်းအနားမှာပဲဆိုတော့လမ်းလျှောက်ပြီးပြန်လာခဲ့တယ်။

လမ်းလျှောက်နေရင်းကျွန်တော်က ကိုကို့ဘေးရောက်သွားရင် ကိုကိုဆိုတဲ့လူကြီးက ခြေလှမ်းအကျယ်ကြီးနဲ့ ကျွန်တော့်ကိုကျော်တက်သွားတယ်လေ။

ပြောချင်တာကတော့ ကျွန်တော်နဲ့ဘေးချင်းယှဉ်ပြီးမလျှောက်ချင်ဘူးပေါ့။

ကလေးဆန်လိုက်တဲ့ လူကြီး။

ကျွန်တော်တို့တိုက်နားရောက်တော့

"မင်းအရင်သွားနှင့်။ ငါသော့ပြင်ဆရာကိုသွားခေါ်ပြီးလိုက်လာမယ်" တဲ့လေ။

အလကားသက်သက် ပိုက်ဆံ ငါးထောင်ကုန်ခံချင်နေသေးတယ်။သံဖြတ်တဲ့လွှနဲ့ဖြတ်လိုက်ရင်ပြီးနေတာပဲကို။

ကျွန်တော်ဒီလိုတွေးနေတာကိုသာထုတ်ပြောကြည့်လိုက်ပါလား။သူ့ရဲ့သံမဏိလက်ဝါးကြီးကကျွန်တော့်ခေါင်းပေါ်ချက်ချင်းရောက်လာဦးမယ်။

ချစ်လို့အလျှော့ပေးတာကို လက်နက်အားကိုးနဲ့ဂုဏ်ဆာချင်နေတဲ့ ကိုကို။ကျွန်တော်သူ့ကိုမနိုင်တော့လည်းခေါင်းတဆတ်ဆတ်ငြိမ့်ပြီး

"ဟုတ်ကဲ့ ကိုကို" လို့သာပြောရတယ်။

သူကတော့ကျွန်တော့်ကိုဘာမှမတုံ့ပြန်ဘဲခပ်သွက်သွက်လှည့်ထွက်သွားတယ်။

ကျွန်တော်လည်းတိုက်ခန်းကိုအမြန်ပြေးလာပြီးဖွက်ထားခဲ့တဲ့သော့ကိုအမြန်ရှာယူလိုက်ရတယ်။

Love is August || U+ZWhere stories live. Discover now