Unicode
ရေမိုးချိုး၊ညစာစားပြီးနောက် August သည် သူငယ်ချင်းဖြစ်သူ fujoshi စုခန့်အကြံပေးသည့်အတိုင်းလုပ်ငန်းစရန် ဉာဏ်ဆင်ပါတော့သည်။
ထို့နောက် August သည်လင်းဝေဟန်အား သရဲကားအတူကြည့်ပေးရန် အတင်းဆွဲခေါ်လာသည်မို့ လင်းဝေဟန်မှာ မျက်နှာပျက်လျက် သက်ပြင်းချကာ မလိုက်ချင်လိုက်ချင်နှင့် TV အရှေ့ရောက်လာရသည်။
"မနက်ငါစောစောထရမှာနော်။မင်းလိုကုလားသေကုလားမောအိပ်လို့မရဘူး"
"ကိုကိုကလည်း ရုပ်ရှင်က တစ်နာရီကျော်ကျော်လောက်ပဲကြာမှာကို"
"ပြီးရောကွာ"
စကားကိုကွေ့ပတ်ကာပြောတတ်လွန်းသည့် August ကို လင်းဝေဟန် ဆက်၍မပြောနိုင်သည်မို့
သူ့သဘောအတိုင်း သရဲကားလိုက်ကြည့်ပေးရတော့သည်။လင်းဝေဟန်က ဆက်တီပေါ်တွင်ထိုင်၍ August ကတော့ ကြမ်းပြင်ပေါ်တွင်ထိုင်လေသည်။
သရဲပင်မလာသေး August သည် လင်းဝေဟန်ရဲ့ဒူးကို ဖက်လျက်။
"သရဲက မခြောက်ရသေးဘူး။မင်းအသံကအရင်ထွက်လာပြီ"
လင်းဝေဟန် August ဆံပင်ကို ဖွလိုက်ကာဆိုသည်။
"ကိုကိုကလည်း ကျွန်တော်က ကလေးလေးပဲရှိသေးတာ"
"အင်းပါ မင်းကကလေးပါ"
လင်းဝေဟန် မျက်ခုံးပင့်မိသည်။
"အား ...."
"ဘာတွေ ထအော်နေတာတုန်း"
"ကိုကိုကလည်းလန့်တာပေါ့"
လင်းဝေဟန်ရဲ့ ဒူးနှစ်ဖက်အကြားအတင်းနေရာယူရင်း၀င်ထိုင်လေသည်။
ထို့နောက် ဒူးတစ်ဖက်ပေါ်ကို မေးတင်လျက် TV ထိုင်ကြည့်ရှာသည်။
"ဒီလိုလေးငြိမ်နေပြန်တော့လည်းချစ်စရာလေး"
ဟွန်း ခနဲရယ်ကာ ကောက်ချက်ချမိသူက လင်းဝေဟန်။
ညဆယ်နာရီထိုးလောက်မှာတော့သရဲကားလည်းပြီးသွားလေသည်။
"ဟင် ကြောက်စရာလည်းမကောင်းဘူး"
ပြီးပြီးချင်း August ရဲ့ အသံက ထွက်လာသည်။
"ကြောက်စရာမကောင်းလို့သာဘဲ။ကြောက်စရာသာကောင်းရင် ဘေးမှာရှိနေတဲ့ငါတောင်နားစည်ကွဲထွက်မယ်"