“ကိုကို့မျက်နှာကဘယ်လိုကြီးဖြစ်နေရတာလဲ”
ထမင်းစားခန်းအတွင်းရှိစားပွဲဝိုင်းတွင် August ၊ လင်းဝေဟန်တို့နှင့် အတူ ဆန္ဒပြည့်လျှံ ရှိနေစဉ် August က ထိုသို့မေးလိုက်ခြင်းဖြစ်သည်။
သို့ပေမယ့်လည်း အမေးခံရသူလင်းဝေဟန်ကတော့ ဘာတစ်ခုမှ မတုံ့ပြန်သည့်အပြင် သောက်လက်စ coffee ပူပူ ကို သာ တဖူး ဖူး မှုတ်ရင်း သောက်နေလေသည်။
“ကိုကို ....”
August လည်း သူ့ကိုစကားပြန်မပြောတဲ့ လင်းဝေဟန်ရဲ့ ပါးကို လှမ်းဆွဲကာ ထပ်မံခေါ်လိုက်တော့
“သွား ...ငါ့ကိုလာမထိနဲ့”
ဆိုပြီး လင်းဝေဟန်က August ရဲ့ လက်ကိုပုတ်ချလိုက်သည်။
မျက်စောင်းကိုတော့နာနာထိုးလျက်။
“ဘာဖြစ်နေတာလဲ ကိုကို။ ရာသီလာနေတာလား”
August ရဲ့ အမေးစကားကြောင့် လင်းဝေဟန်တစ်ယောက် သောက်လက်စ coffee တို့ပင် ပါးစပ်အတွင်းမှအကုန်ထွက်ကျကုန်တော့သည်။
“ဟေ့ကောင် August မင်းဘာစကားပြောတာလဲ”
ခါတိုင်းလိုပင် သံမဏိလက်ဝါးသည် August နားထင်ပေါ်သို့ ချက်ချင်းပင်ကျရောက်လာတော့သည်။
“အား ကိုကို နာတယ်ဗျာ့။ ကျွန်တော်ကစိတ်ပူလို့မေးတာကို”
သူ့ခေါင်းကိုအသာအယာပြန်လည်ပွတ်သတ်ကာနှာခေါင်းကို ရှုံ့လျက် ပြောရှာသည်။
“ယောက်ျားကရာသီလာမလားကွ”
လက်ကထပ်မံ မြှောက်လာသည်မို့ August ချက်ချင်းရှောင်လိုက်သည်။
သူတို့နှင့်အတူ တဝိုင်းတည်းထိုင်နေသည့် ဆန္ဒပြည့်လျှံမှာ ထို အခြေအနေကြီးကိုကြည့်ကာ ငိုရခက်ခက် ရယ်ရ ခက်ခက်နှင့်။
“ဒီနေ့ကိုကို့မှာ အတန်းချိန်ရှိတယ်မလား”
“မသွားဘူး”
ချက်ချင်ပင် ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“ဘာလို့လဲ ကိုကို”
“မသင်ချင်လို့ ....”
လင်းဝေဟန် သည် ပန်းကန်ထဲ အသေအချာလှီးကာ ထည့်ထားသည့် ကိတ်မုန့်ကို လှမ်းယူကာစားရင်း စိတ်မပါစွာဖြေလိုက်သည်။