Unicode
အချိန်အားဖြင့် ညသန်ခေါင်ကျော်လောက်ပြီထင်ပါတယ်။ခါတိုင်းဆို ကျွန်တော်ဆိုတာ ခေါင်းအုံးနဲ့ခေါင်းနဲ့ ထိရုံနဲ့တင် ချက်ချင်းကြီး အိပ်ပျော်တတ်တဲ့လူပါ။ဒီနေ့ညကျမှ ဘယ်လိုနည်းနဲ့မှ အိပ်ပျော်အောင်ကြိုးစားလို့မရဘူး။
အိပ်မပျော်ဘူးဆိုတာကလည်း ကျွန်တော့်မနေ့ညကမက်ခဲ့တဲ့ ဆိုးဆိုးဝါးဝါးအိပ်မက်ကြောင့်လို့ပဲကျွန်တော်ထင်ပါတယ်။
တနေကုန်တနေခမ်း အဲအိပ်မက်ကိုပဲပြန်မြင်ယောင်နေတဲ့ အပြင် ညဖက်လည်း အိပ်ချင်စိတ်မဝင်နိုင်အောင်အတွေးထဲ အဲ အိပ်မက်ကရောက်ရောက်လာပြန်တယ်။
ဟိုဖက်လှူးလိမ့် ဒီဖက်လှူးလိမ့်နဲ့ သက်ပြင်း တဟွန်းဟွန်းချကာ စိတ်ပျက်နေမိစဉ် ရုတ်တရက် ကျွန်တော်ကြားလိုက်ရတဲ့ အသံက
"ပူတယ်"
ဆိုတဲ့ August ရဲ့အသံပါ။
သူများအခန်းမှာလည်းလာအိပ်သေးတယ်။နေရာအကျယ်ကြီးကိုယူပြီးဖြဲခွလည်းအိပ်နေသေးတယ်။
နောက်ပြီး ari-con ကိုလည်းသေအောင် ဖွင့်ဖွင့်အိပ်တယ်။ကျွန်တော် အအေးမခံနိုင်လို့ပြန်ပိတ်တော့ သင်းက အိပ်နေရင်းနဲ့တောင် " ပူတယ်" ထအော်သေးရဲ့။
ကျွန်တော်သူ့ကိုလှမ်းကြည့်တော့သူကည၀တ်ဘောင်းဘီကိုမျက်လုံးစုံမှိတ်ပြီးဆွဲချွတ်နေတယ်။
"ဘုရား ... ဒီလောက်အေးနေတာကို ဘယ်လိုများပူတယ်ပြောနေရတာလဲ။ဒီကောင်ဆံပင်မဖြူခင်လေဖြတ်မယ့်ကောင်။
မသိတော့ဘူး။
ကျွန်တော်သိတာကသူချွတ်ရခက်ခဲနေလို့ကျွန်တော်ကကူချွတ်ပေးရမယ်ဆိုတာပါပဲ။
ကူမချွတ်ပေးရင် အအေးမခံနိုင်တဲ့ ကျွန်တော်က Air-con ပြန်ဖွင့်ပေးနေရမှာပေါ့။
ကျွန်တော်တော့ အေးစိမ့်စိမ့်နဲ့မအိပ်နိုင်ဘူး။
သူအိပ်ပျော်နေတုန်း Air-con ပိတ်လိုက်တဲ့သူကကျွန်တော်လေ။အခု သူက ပူနေတယ်ဆိုတော့ ကျွန်တော်က ကူချွတ်ပေးရမယ်မဟုတ်လား။
ဟော ဒါနှာဘူးထတာမဟုတ်ဘူးနော် အချင်းချင်းကူညီရိုင်းပင်းတာ။အခက်ခဲရှိနေလို့တတ်နိုင်သမျှကူညီတာအဲလို အဲလိုသဘောမျိုး။