နှစ်လ တစ်နည်းဆိုသော် ရှစ်ပတ် ၊ ရက်နဲ့သတ်မှတ်မယ်ဆိုရင် ခြောက်ဆယ်
ဘယ်လောက်မှမရှိတဲ့ ရက်အရေအတွက် ကန့်သတ်ချက်တွေကို ကျွန်ဝောာ်မလွယ်မကူနဲ့ ဖြတ်သန်းလာခဲ့ရတယ်။
ကျွန်တော် August နဲ့ ခွဲနေလိုက်ကတည်းက သူနဲ့ပက်သက်တဲ့ သတင်းအစအနလေးတောင်မရခဲ့ဘူး။
Telegram Instagram Facebook ကျွန်တော်သုံးသမျှ social media တိုင်းကနေ သူ ကျွန်တော့်ကို block ပစ်ခဲ့တယ်။
ဒီကောင်လေးရဲ့ ပြတ်ပြတ်သားသားစိတ်လို့ဆိုရမလား ဒါမှမဟုတ် အပြောင်းအလဲမြန်တဲ့ ကလေးဆန်ဆန် စိတ်ကလေးလို့ ကောက်ချက်ချရမလား။
သူအရမ်း တော်တယ်။
ကျွန်တော့်ကို တိတိကျကျလေး အဝေးပို့နိုင်ခဲ့တာ။
အရင်ကနေသားကျဖို့ ကျွန်တော် အချိန်တွေအများကြီးယူပြီး ကြိုးစားခဲ့ရတာ။ ကျွန်တော့်ရဲ့နှစ်နဲ့ချီကြာတဲ့ကြိုးစားမှုတွေ အောင်မြင်သွားတဲ့အချိန် သူရောက်လာခဲ့တယ်။ အခု အနည်ထိုင်ဖို့ ပြန်ခက်သွားပြန်ပြီ။
ကျွန်တော့်ရဲ့ မရင့်ကျက်နိုင်သေးတဲ့ စိတ်တွေကိုပဲ အပြစ်တင်ပစ်ချင်တယ်။
နေ့တိုင်းပဲ pajamas တစ်ထည်နဲ့ တအိမ်လုံးကို ပတ်မွှေနေတဲ့ ကောင်လေးရဲ့ အရိပ်အယောင်တွေ ကျွန်တော့်ကို အနှောင့်အယှက်ပေးနေခဲ့တယ်။
သူကတော့ အဆင်ပြေနေလောက်မှာပါ။
သူ့အနားမှာ ဘာလုပ်လုပ်အပြစ်တင်ပြီး ဝေဖန်တတ်တဲ့ ကျွန်တော် မရှိတော့သလို ကျွန်တော့်အနားမှာလည်း ဆူငေါက်နေလည်းစိတ်မဆိုးတတ်တဲ့ ကလေးလေး မရှိတော့ပါဘူး။
ညဖက် အိပ်ခန်းတံခါးကို ခေါက်မယ့်ကောင်ကလေး မရှိတော့တာ နှစ်လကြာပြီ။
သူအတင်းတိုးဝင်လာတိုင်း ကုတင်ဘေးမှာ လွတ်နေတဲ့နေရာကို သူ့အတွက်ဖယ်ပေးစရာမလိုတော့ဘူး။
အရင်တုန်းကလို ဆိုးဆိုးဝါးဝါးအိပ်မက်တွေကျွန်တော် မမက်ဖြစ်တော့ပေမယ့် အခုနောက်ပိုင်း အိပ်မက်ထဲ သူလာလာငိုနေတော့ ကျွန်တော်ချော့နေရတယ်။