Unicode
ဘော်ဒါဆောင်တစ်ခုရှိအတန်းခွဲတစ်ခုတွင်စာသင်နေရင်းရုတ်တရက်ဝင်လာသည့်ဖုန်းကြောင့်လင်းဝေဟန်အပြေးသွားကိုင်လိုက်သည်။
နာမည်မမှတ်ထားသောဖုန်းနံပါတ်စိမ်းဖြစ်နေသည်မို့တချိုတသာနှင့်ဆိုလိုက်သည်။
"ဟယ်လို ...."
တစ်ဖက်ကပြောလာတဲ့သူကတော့
"ဟယ်လို ကိုကို ...ကျွန်တော်ပါ"
သူ့ကိုဒီလိုမျိုးခေါ်တတ်တဲ့သူက August အပြင်တခြားဘယ်သူမှမရှိပါဘူး။
"မင်းဖုန်းလည်းမဟုတ်ပါလား"
"ကျွန်တော့်ဖုန်းမှာ ဘေလ် မရှိလို့ဆရာမဖုန်းငှားပြီးဆက်လိုက်တာ"
တနေ့တနေ့သုံးနေဖြုန်းနေတာ တစ်ထောင်ထက်မက။ ဖုန်းဘေလ်တစ်ထောင်တောင် သင်းကမဖြည့်ထားဘူးလား။လင်းဝေဟန်အံ့ဩမိသည်။
"ပြော ဘာကိစ္စလဲ"
"ကျွန်တော့်အုပ်ထိန်သူ ကို ကျောင်းအမြန်လာခဲ့ဖို့ ဆရာမက ပြောခိုင်းလို့။အဲတာ ကိုကို့ဆီဖုန်းဆက်လိုက်တာ"
"မင်းဘာပြဿနာရှာထားတာလဲဟေ့ကောင်"
"ကိုကိုကလည်း လူသာအဓိကပါ။လူရောက်အောင်လာခဲ့နော်။ပိုက်ဆံလေးတော့ယူလာပေါ့။သူလည်းအရေးကြီးတာပဲ"
"ဟေ့ကောင် August"
လင်းဝေဟန်အသံကုန်အော်ရင်းခေါ်နေပေမယ့်လည်းတစ်ဖက်သူက ဘာမှမတုံ့ပြန်တဲ့အပြင်ဖုန်းပင်ချသွားသေး၏။
မတတ်နိုင်တော့တဲ့အဆုံး ဘော်ဒါအုပ်ကိုတောင်းပန်ကာ August တို့ကျောင်းကိုအမြန်လိုက်သွားရသည်။
ဌာနက ရုံးခန်းကိုစုံစမ်းရင်း ရောက်သွားတော့ August က ရုံးခန်းထောင့်လေးမှာကပ်ရင်းထိုင်နေလေသည်။
"August ....."
လင်းဝေဟန်ရုံးခန်းထဲမ၀င်ဘဲ အပြင်ကနေ August အားလှမ်းခေါ်လိုက်သည်။
သူ့အသံကိုကြားသည်မို့ August ခေါင်းလေးမော်ကာလှမ်းကြည့်ပြီး
"ကိုကို" ဟု အားကိုးတကြီးနှင့်လှမ်းခေါ်ရှာတော့တယ်။
လင်းဝေဟန်လည်းရုံးခန်းထဲ၀င်လိုက်တော့