လင်းဝေဟန် အရှေ့ရှိ ဆက်တီပေါ်တွင် နေရာယူကာဝင်ထိုင်နေတဲ့ ဈာန်လင်းထက်အား August သေသေချာချာစူးစမ်းကြည့်ရင်း ငေးနေလေသည်။
ဘာကိုမှနားမလည်နိုင်ဟန်နဲ့ လင်းဝေဟန်နံဘေး သူဝင်ထိုင်လိုက်ပြီး တောင်ကြည့်မြောက်ကြည့်ဖြင့် သက်ပြင်းရှည်ကိုချကာ တခုခုကို စိတ်ဝင်စားနေဟန်။
" အိမ် က ခေါ်ခိုင်းလိုက်လို့ ကျွန်တော့်ဆီရောက်လာတာလား "
လင်းဝေဟန်ရဲ့ အမေးကို ဈာန်လင်းထက် ခေါင်းခါယမ်းရင်း ငြင်းဆိုသည်။
" မဟုတ်ဘူး အလင်းဆီတမင်လာခဲ့တာ "
" ကျွန်တော့်မှာ ကိုဈာန်နဲ့ ဘာမှပြောစရာမရှိဘူး"
တပြတ်တသားငြင်းဆိုပြီးနောက်မှာ အလင်း မျက်နှာလွှဲမိသည်။
" အားလျှံ ...."
တချိန်ကသူမြတ်နိုးခဲ့ဖူးသော ကောင်ငယ်လေးရဲ့ နာမည်စကို ထုတ်ပြောလိုက်စဉ်မှာတော့
" အခု ကျွန်တော့်မှာ ကောင်လေးရှိနေပြီ
အားလျှံနဲ့ ပက်သက်ပြီးတော့ ကိုဈာန် တွေးပူနေစရာမလိုတော့ဘူးလို့ ကျွန်တော်ထင်တယ် "လင်းဝေဟန် ဒေါသ ထွက် ကာ အသံခပ်ကျယ်ကျယ်နှင့်အော်ထုတ်လိုက်သည်။
သူ့မျက်ဝန်း ဝိုင်းဝိုင်းလေးမှာလည်း အနည်းငယ်ဝေ့ဝဲနေတဲ့ မျက်ရည်စများခိုအောင်းနေသည်။ ဒေါသ ထွက်သွားသည်မှာ သိသာလွန်းသည်။
လင်းဝေဟန် အဖြေကြောင့် August ကျေနပ်သွားမိပေမယ့် ဒေါသထွက်နေပြန်တော့ စိတ်ပူလာပြန်ရော။
" ကိုကို ..."
လင်းဝေဟန် လက်ကို August ခပ်ဖွဖွ ဆုပ်ကိုင်ရင်း တိုးတိုးညင်သာစွာ ခေါ်လိုက်သည်။
" အလင်း ကိုယ်ပြောတာ ဆုံးအောင်နားထောင်ပါဦး။ အခု ကိုယ်အလင်းဆီရောက်လာတာကလည်း အရေးမပါတာတွေကိုပြောပြီး အပူပေးနေဖို့ မဟုတ်ပါဘူး "
" အရင်ကအကြောင်းတွေပြန်မပြောချင်တော့ဘူး ကျွန်တော် အခု အကုန်အဆင်ပြေနေပြီ "
" အခုဆို ကိုယ်နဲ့ အားလျှံရဲ့ အိမ်ထောင်သက်က လေးနှစ်ကျော် ငါးနှစ်နီးပါးရှိပါပြီ။