Chapter 16 ( U+Z )

476 54 15
                                    

"August ..."

လင်းဝေဟန် August ကို တွန်းထုတ်ပစ်ကာ ဒေါသတကြီးနဲ့ အော်ပစ်လိုက်သည်။

"မင်း ရွံစရာကောင်းအောင် လာလုပ်မနေနဲ့"

August နဲ့ နမ်းထားတဲ့ သူ့နှုတ်ခမ်းကို ညာလက်နဲ့ အတင်းပင် ပွတ်သတ် လိုက်ပြီး အော့ချင်အန်ချင်အောင် ပြုမူလေသည်။

"ကျွန်တော်တို့ အရင်ကလည်း နမ်းဖူးတယ်လေ
ဒီအနမ်းက ကျွန်တော်တို့အတွက် ပထမ ဆုံးအကြိမ်မှ မဟုတ်တာ။ ကိုကိုလည်း ကျွန်တော့်ကို ပြန်နမ်းခဲ့တာပဲလေ ကိုကို ကျွန်တော့်ကို ချစ်တယ် မလား ဟင်"

လဲ ကျသွားတဲ့ ကောင်‌ငယ်လေးက ချက်ချင်းပင် ကုန်းရုန်းထကာ အလင်းရဲ့ အင်္ကျီစ ကို လှမ်းဆွဲရင်း မျှော်လင့်တကြီးမေးသည်။

"ဘာမဟုတ်တဲ့ အနမ်းတစ်ခု က အချစ်ဆိုတဲ့ စကားလုံးဆီကို ဦးတည်သွားခဲ့တာလား။ အရေးမပါတာတွေကို ဦးနှောက်အလေးခံပြီး လိုက်တွေးမနေနဲ့ August "

"မဟုတ်ဘူး အဲတာတွေ တစ်ခုမှ မဟုတ်ဘူး။
ကျွန်တော် ကိုကို့ကို တကယ်ကြီးချစ်မိသွားတာ"

"မင်းပါစပ်က လွယ်လွယ်ကူကူနဲ့ထွက်လာတဲ့ ချစ်တယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မင်းသိလား မင်းဘာတွေနားလည်ထားပြီးပြီလဲ"

"မသိဘူး ကိုကို ... ကျွန်တော် ကိုကိုမေးနေတဲ့ မေးခွန်းတွေရဲ့အဖြေကို ဘာမှမသိဘူး။ ဒါပေမယ့် ကျွန်တော်ကိုကို့ကိုသေသေချာချာချစ်တယ်ဆိုတာကိုတော့ သိတယ်"

အလင်းရဲ့ လက်မောင်းနှစ်ဖက်ကို August ဆုပ်ကိုင်လိုက်ပြီး လှုပ်ခါကာ တရစပ် ပြောနေတော့သည်။

"August .. ငါမင်းကိုပြောမယ် မင်း ယောက်ျားလေးနော်။ နောက်ပြီး မင်းအခုမှ ဆယ်ကျော်သက်လေးပဲရှိသေးတာ။ မင်းက ကလေးလေး ပဲရှိသေးတာ August ရ "

ယောက်ျားတစ်ယောက်ကို နာနာကျင်ကျင်နင့်နင့်နဲနဲနှင့် ချစ်ခဲ့မိဖူးသူတစ်ယောက်၏ တားမြစ်စကားသည် August နားထဲသို့ ဆူးငြောင့်သဖွယ်စိုက်‌ဝင်နေ၏။

"ကိုကို သတ်မှတ်ထားတဲ့ အချစ်မှာ ယောက်ျား မိန်းမ ဆိုတဲ့ လိင်ခွဲခြားမှုတွေရှိတာလား အသက်အရွယ်ကတော့ ကိုကို့နှလုံးသားအတွက်အရေးပါတာလား။ ကျွန်တော်က gay နေလို့ ကိုကိုလက်မခံချင်ဘူးဆိုတာကို ဒဲ့ပြောလိုက်လည်း ကိုကို့ ကို ကျွန်တော်စိတ်မဆိုးပါဘူး"

Love is August || U+ZWhere stories live. Discover now