UNICIDE
"ကိုကိုပြန်ရောက်ပြီလား”
တိုက်ခန်းတံခါးကို တဂျက်ဂျက်မြည်အောင်ဖွင့်နေတဲ့ အလင်း ကိုမြင်တော့ ကောင်ငယ်လေးမှာအပြေးကလေးရောက်ချလာကာ အပြုံးနုနုတို့နှင့်ခရီးဦးကြိုပြုလေသည်။
“ပြန်ရောက်လာလို့မင်းတွေ့နေရတာမဟုတ်လား”
စကားကိုအဆင်ပြေချောမွေ့အောင်မပြောသည့်အပြင်မျက်နှာထားကလည်းခပ်မာမာနှင့်။
စိတ်မရှည်ဟန်ဖြင့် သက်ပြင်းခပ်သေးသေးကိုချကာ သူ့အခန်းဆီဦးတည်သွားလေသူက လင်းဝေဟန်ပင်။
သို့ပေမယ့်လည်း ကိုကိုကဇွတ်ဟောက် August က အဆိုးလေး အဟောက်နဲ့အဆိုးနဲ့ တွေ့ကြပြန်ပါပြီ။
“ကို ကို ရေ ... ကျွန်တော် ကိုကို့အတွက် ဟင်းတွေထမင်းတွေ ချက် ထား တယ်”
ခါတိုင်းလိုပင် စကာစုလေးကို ကဗျာရွတ်သလို ရွတ်ရင်း အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်လေသည်။
“မင်းမျက်နှာကို ငါမြင်နေရရင် ညက အိမ်မက်ထဲက ပုံစံကြီးကိုပဲ ပြေးမြင်နေမိလို့။ တော်ပါတော့ August ရယ် ... အသံကြားတာနဲ့တင် ဆတ်ဆတ်ခါနေပါပြီ”
အခန်းထဲက လင်းဝေဟန်သည် သူ့နားသူ တတ်နိုင်သမျှ ပိတ်လျက် ပွစိပွစိနှင့်ညည်းညူနေတော့သည်။
“ကို ကို ရေ ... ကိုကိုထွက်မလာရင် ကျွန်တော် ၀င်လာ ပြီ နော်”
ကလေးငယ်သည် ထုံးစံအတိုင်းပင်ချွဲလျက်။
“ပြော ..ငါထွက်လာပြီ”
“ဟီး ... ကျွန်တော်ဟင်းချက်ထားတယ်”
“ပြော ဘာဟင်းလဲ”
“ကိုကိုကလည်း ဇွတ်ဟောက် ..”
မျက်တောင်ကော့ကော့လေးများ တဖြတ်ဖြတ်လှုပ်ခပ်ကာ ပုတ်လျက်။
“မဟောက်တော့ဘူး အဲမျက်နှာပုံစံကြီးမလုပ်ပြပါနဲ့။တောင်းပန်ပါတယ်”
ညက အိမ်မက်မက်ပြီးကာမှ August ကို မြင်နေရတာ ပုံစံပြောင်းနေသလို ခံစားနေရခြင်းဖြစ်သည်။
“ဘာဟင်းတွေချက်ထားလဲ”
သူ့အမေးကိုချက်ချင်းမဖြေဘဲ ကောင်ငယ်လေး အလင်းရဲ့ လက်ကောက်ဝတ်ကိုဆက်ခနဲဆွဲကာ မီးဖိုချောင်အတွင်းခေါ်လာလိုက်တော့သည်။