#Unicode
တိတ်ဆိတ်သောဧည့်ခန်းကျယ်ထဲ တိုင်ကပ်နာရီကြီးက စည်းချက်ညီစွာဖြင့် 'ချက်... ချက်... ချက်' မြည်နေသည်... ဧည့်ခန်းအလယ် နှစ်ယောက်ထိုင်ဆိုဖာတွင် တင်ပလ္လင်ခွေထိုင်နေသောမိန်းမငယ်လေးကတော့ ပေါင်ပေါ်ရှိlaptopကိုသာ မျက်တောင်မခတ်တမ်းအာရုံစိုက်နေသည်... ရှည်သွယ်သွယ်လက်ချောင်းလှလှလေးတွေက keyboardပေါ်တွင် လျင်မြန်သွက်လက်စွာ လှုပ်ရှားလျက်ရှိသည်...💻|'ကျွီ'
မှောင်မဲနေတဲ့အခန်းထဲ ထွက်ပေါ်လာတဲ့အခန်းတံခါးပွင့်သံက Nancyအတွက|
🎵🎵🎵If all of the kings had their queens on the throne
We would pop champagne and raise a toast
To all of the queens who are fighting alone
Baby, you're not dancin' on your own🎵🎵🎵"Sh*t!!!!... "
ရုတ်တရပ်ထမြည်လာတဲ့ Ava Maxရဲ့သီချင်းသံ... ခပ်စူးစူးလေးထွက်လာတဲ့ ကျိန်ဆဲသံ... ဆက်တိုက်ဆိုသလိုဖြစ်သွားတဲ့အသံနှစ်ခုနောက်မှာ မိန်းမငယ်လေးက သူမဘေးမှာရှိနေတဲ့ဖုန်းကိုကောက်ကိုင်လိုက်သည်..
"ခရမ်း... နင့််ကိစ္စကသေရေးရှင်ရေးလောက်အရေးမကြီးဘူးဆိုရင် ငါကိုယ်တိုင် နင့်ကိုအမှုန့်ကျိတ်ပစ်မယ်... "
"အင့်... ဟင့်... ဝိုင်... ဝိုင်ရေ... "
"ဘာလဲ?... ဘာဖြစ်တာလဲ?... ခရမ်း နင်ဘာဖြစ်လို့လဲ?"
ဖုန်းသံက ရေးလက်စသူမဇာတ်လမ်းအတွက် စိတ်ကူးစိတ်သန်းတွေကို နှောင့်ယှက်ဖျက်ဆီးလိုက်သလိုဖြစ်သွားသဖြင့် ဒေါသတကြီးပြောလိုက်သော်လည်း ဖုန်းထဲမှ သူငယ်ချင်းငိုသံကို ကြားလိုက်တဲ့အချိန်မှာတော့ သူမကိုထိတ်ထိတ်ပျာပျာဖြစ်သွားစေသည်...
"ကျော်လေ... ကျော်... အီး... ဟီး...... ကျော်......."
"ဟာ!... တိတ်စမ်းပါ ခရမ်းရာ... မငိုပဲငါ့ကိုသေချာပြော... ကျော်စည်ဘာဖြစ်လဲ?"
"ကျော်လေ... အင့်... ဟင့်..."
"အင်း... "
"ကျော်... ကျော်က လင်းလက်ကြယ်နဲ့... အင့်... ငါဘယ်လိုလုပ်ရမလဲ ဝိုင်ရယ်?... ဟင့်... ငါ့အပေါ် သူမို့ဟာ... သူမို့လုပ်ရက်တယ်... ဟင့်... ငါ့မှာ သူ့အပေါ် ဘယ်လောက်တောင်ချစ်လိုက်ရသလဲ?... သူ... သူမို့... အီး... ဟီး.... "
ŞİMDİ OKUDUĞUN
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)
RomantizmMy Own Creation### both Zawgyi&Unicode### cover Photo is not mine### all credits to original owner### #Unicode သံယောဇဉ်နှောင်ကြိုးအထပ်ထပ်နဲ့ ရစ်ပတ်နှောင်တွယ်ခြင်းခံထားရသော ကျွန်တော် ကျွန်မတို့၏ နှလုံးသားတစ်စုံ၌ ချစ်ခြင်းမှတစ်ပါး အခြားမရှိတော့ပါ... ...