My Dream-6

433 87 20
                                    

ကလေးလေးတို့ခြံ၀ရောက်တော့ တံခါးကဖွင့်ပြီးနေတာမို့ သူတို့သားအမိ၀င်သွားလိုက်သည်။ အ၀င်လမ်းကိုဆက်လျှောက်ရင်း အိမ်တံခါးနားရောက်တော့ အထဲကအော်သံတစ်ချို့ကြားရသည်။

ထို့နောက် အထဲက လုံးလုံး လုံးလုံးနှင့် ပြေးထွက်လာသော ကလေးငယ်လေး အနောက်မှာတော့ တုတ်နှင့်လိုက်လာသော Yangမေမေနှင့် ကလေးကိုမရိုက်ပါနဲ့မမလေးရယ် ဟုအော်ရင်းပါလာသော အိမ်ထိန်း။

ချော်လဲမြည်စိုးရိမ်သဖြင့် ငယ်လေးအတွက် လက်ဆောင်ထုပ်ကို Omma လက်ထဲထည့်ပေးလိုက်ပြီး သူကကလေးကို ချီလိုက်သည်။

"ငယ်လေး လာလာ ဒီကိုလာ။"

ကလေးငယ်ကတော့ လန့်နေသည်။တစ်ခါမှ Yang Omma ကသူ့ကိုယခုလောက်ထိ ပြင်းပြင်းထန်ထန် မဆူဖူးပေ။

"SeoYeon ညီမရယ် စိတ်လျှော့ပါဦး။ ဘယ်လိုတွေဖြစ်ကြတာလဲ။"

"အမတူလေ အဲ့မှာယူမစားနဲ့လို့ သေချာမှာထားတဲ့ Cookie တွေကိုယူစားတယ်လေ။ယူစားမှာစိုးလို့ ပန်းကန်ကို အမြင့်မှာတင်ထားတာကို ရအောင်လှမ်းနှိုက်တယ်။ အဲ့မှာအကုန်မှောက်ကျရောလေ။"

"သားက.....သားကတမင်လုပ်တာမဟုတ်ပါဘူး Omma ရယ်။ သားဗိုက်ဆာလို့ပါ🥺။"

"နေဦး။ အိမ်ထဲမှဆက်ရှင်းမယ်။
အမတို့လည်းအိမ်ထဲလာကြပါ။ နေပူတယ်။"

"အေးအေး။ လာ သားတို့၀င်ကြမယ်။"

ကလေးလေးကတော့ငိုမဲ့မဲ့လေးပါလာသည်။
အိမ်ထဲရောက်တာနဲ့ Yangမေမေက အိမ်ထိန်းကို မုန့်နဲ့အအေးနဲ့ယူလာရန် ပြောလိုက်သည်။ပြီးတော့သူ့သားလေးနဲ့ ကိစ္စကို ဆက်ပြောသည်။

"Yang JungWon! လာဒီနားကို။"

ပေကပ်ကပ်လေးလုပ်ပြီး JongSeong နားပိုတိုးလာသောကြောင့် သူ့မေမေစိတ်ဆိုးပြီးဆူတော့သည်။

"ကိုယ့်အပြစ်ကိုမသိဘူးလား။ ဘာလို့ JJay နားသွားကပ်နေတာလဲဟမ်။ Omma အဲ့မုန့်တွေနဲ့ပတ်သက်ပြီးဘာပြောခဲ့လဲ။"

"Ommaသူငယ်ချင်းကို လက်ဆောင်ပေးမှာမို့လို့ မစားရဘူးလို့ ပြောခဲ့တယ်။"

"သိသိနဲ့ဘာလို့စားလဲ။ အခုတော့မှောက်သွားလို့ပစ်လိုက်ရပြီအကုန်။"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Where stories live. Discover now