My Dream-4 part1

433 71 5
                                    

JongSeongလေး အိမ်ပြန်လာတော့ အိမ်မှာသူ့Appaကို မတွေ့တော့ပေ။ညနေက HeeSeung ကတော့စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးရှာတယ်။ဒါပေမယ့် ၀မ်းနည်းနေမိတုန်းပဲ။

အချိန်တွေကြာလာလေလေAppa နဲ့ တစ်အိမ်တည်းနေရတာကို စိတ်ညစ်လာတော့သည်။ စကားလည်းမပြောဖြစ်တဲ့အပြင် ထိုမိန်းမကိုလည်းJongSeong ရှိနေတာ သိရက်နဲ့ အိမ်ကိုခေါ်လာတတ်သည်။

Appaက သူ့ကို

"မုန့်ဖိုးလိုလား။ ကျောင်းမှာအဆင်ပြေလား။"

ဆိုတဲ့နှစ်ခွန်းကလွဲရင် မပြောဖြစ်ပါ။

ဒီလိုနဲ့ 2လလောက်ကြာတော့ JongSeong ရဲ့ 7 နှစ်ပြည့်မွေးနေ့ ရောက်လာသည်။သူ့မွေးနေ့မှာတော့ Omma နှင့် ဖုန်းပေးပြောသည်။

တကယ်၀မ်းသာမိတာ။ငိုပါငိုမိခဲ့သည်။
ကလေးလေးအကြောင်းလည်းမေးရမည်။ကလေးလေးကိုလည်းသူလွမ်းနေသည်လေ။

"Omma ဖိုးဖိုးဖွားဖွားတို့နေကောင်းတယ်မလား။"

"အင်းကောင်းတယ်။ သားလေးလည်းဂရုစိုက်နော်။"

"Johnny လေးရောဟင်။"

"အမလေးနော် မပူနဲ့မင်းညီလေးကနေလည်းကောင်းတယ်။ အရမ်းလည်းချစ်စရာကောင်းတယ်။"

"တွေ့ချင်လိုက်တာ"

"နောက်သား Omma ဆီလာနေရတဲ့အခါတွေ့ရမှာပေါ့"

"ဟုတ်"

Omma က မှာစရာရှိတာတွေ မှာပြီးတဲ့အချိန် ကလေးလေးနာမည် မေးဖို့လုပ်တုန်းမှာပဲ Appa ရောက်လာပြီး

"ဖုန်းပြောနေတာ တစ်နာရီလောက်ရှိပြီ စကားကိုများကြတယ်။ ဖုန်းချလိုက်တော့"

ဆိုလို့ JongSeong မှာ ဘာမှမမေးလိုက်ရပေ။

* * * * * * * * * * * * * * * * * * *

တစ်ဖက်မှာကတော့

ရာသီဥတုသာယာနေတဲ့နံနက်ခင်းတစ်ခုမှာပေါ့

"မိန်းမရေ ဟင်းတွေကျက်ရင် ထားခဲ့ဦး။ လာလာမြန်မြန်လာ။"

"ဘာလို့လဲ ဘာဖြစ်တာလဲ။"

"မြန်မြန်လာ သားကိုလာကြည့်။"

"ဟယ်"

"TV ကိုလိုက်ကြည့်ပြီး အော်နေတာကြည့်ပါဦး"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Tempat cerita menjadi hidup. Temukan sekarang