My Dream-4 part 2

437 86 24
                                    

//A.N-ဟိုနေ့က တစ်၀က်ပဲ တင်ပေးထားရတဲ့
ep4ရဲ့နောက်ဆက်တွဲ partလေး ဒီမှာလာပါပြီနော်။ စာရေးတာနဲ့ငိုက်ငိုက်လာတဲ့
RenRenငပျင်းမ ကိုခွင့်လွှတ်ကြပါရှင်။ //

∆ ∆ ∆ ∆ ∆ ∆ ∆

JongSeong လေးနဲ့ သူ့ Appa တို့ Koreaကို ရောက်လာတော့ Omma က၀မ်းသာပျော်ရွှင်သော မျက်နှာဖြင့် Jongလေးကို ကြိုဆိုနေပါ၏။သို့သော်ငြားလည်းသူမ၏ခင်ပွန်းဖြစ်သူကိုနှုတ်မဆက်သည့်အပြင်စကားတစ်ခွန်းပင်မျှမပြောချေ။

အိမ်ပြန်တော့လည်း အိမ်ကအရင်ဖိုးဖိုးတို့ခြံ၀န်းထဲကအိမ်မဟုတ်ဘဲ Omma အတွက်် ဖိုးဖိုးကမွေးနေ့လက်ဆောင် ပေးထားတဲ့ ဖိုးဖိုးတို့နဲ့2လမ်းကျော်က အိမ်ကြီးကို ပြန်ရသည်။ အိမ်ကိုရောက်လာတော့ Appa ကဧည့်သည်ခန်းမှာနေရန်ပြောနေသည်။8နှစ်ခွဲအရွယ်ရှိပြီဖြစ်တဲ့ JongSeong လေးကတော့ မျက်နှာရိပ်မျက်နှာကဲ ပိုနားလည်လာသည်။

မိဘများက အရင်ထက် ပို၍အဆင်မပြေဖြစ်နေကြောင်း ကားပေါ်မှာကပင် သတိထားမိခဲ့၏။ ရောက်လာကတည်းက စိတ်ညစ်စရာ ဖြစ်ပေမယ့် ခရီးပန်းလာလို့ဘာမှ၀င်မပြောပဲ နေလိုက်ပြီးအိပ်လိုက်တော့သည်။ လေယာဥ်က နေ့လည်12နာရီကျော် ဆိုက်တော့ နေ့လည်စာ ထိစားပြီးပြီမို့ သေချာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်းဖြစ်သည်။

နိုးလာတော့ ညနေ3နာရီခွဲနေပြီ ဖြစ်သောကြောင့် ရေချိုးပြီးမှ အောက်ထပ်ဆင်းလာခဲ့ကာ Omma ကိုလိုက်ရှာမိသည်။Omma ကခြံထဲက အပင်သေးသေးလေးတွေကို ရေလောင်းနေတာတွေတော့ အနားသွားပြီးဖက်ထားမိသည်။

"Omma ကိုလေ သားအရမ်းသတိရနေတာ။
Appaက မဆက်သွယ်ခိုင်းဘူးလေ။"

"ဒီအမေကလည်းတအားလွမ်းနေတာ။
Omma ရဲ့နတ်သားပိစိကလေးကို"

"Omma ကလည်းနတ်သားဆိုရင်တော်ပြီလေဗျာ။ သားကပိစိလေးမဟုတ်တော့ပါဘူး။"

"ဟားဟား။ သိပ်တတ်နေတယ်။"

သားအမိနှစ်ယောက် စနောက်နေရင်း ခြံထဲကဒန်းလေးမှာ ထိုင်ကာမတွေ့ရတဲ့ အချိန်အတွင်းကြုံရတဲ့ အကြောင်းတွေ ပြောပြမိသည်။ Appa နဲ့ဟိုမိန်းမ အကြောင်းတော့မပြောဖြစ်ခဲ့ပါ။ ပေးသိလိုက်ရင် Omma စိတ်မကောင်း ဖြစ်သွားမှာကို သူသိနေသည်လေ။

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Onde histórias criam vida. Descubra agora