My Dream - 23

83 7 1
                                    

ဒီလိုနဲ့ အချိန် ၂ နှစ်ဟာ ကုန်ဆုံးသွားပြီ ဖြစ်ပြီး ယခုနွေရာသီပိတ်ရက်ပြီး ကျောင်းတွေပြန်ဖွင့်လျှင်တော့
ကလေးနှစ်ယောက်ကတော့ အထက်တန်းပထမနှစ်ကိုရောက်ပြီဖြစ်သည်။
နိခီလေးက Uni ပထမနှစ်စတက်ရတော့မှာဖြစ်ပြီး
ဂျေဂျေးနဲ့ ဆောင်ဟွန်းတို့က Uni တတိယနှစ်ကိုပင် ရောက်ရှိလာကြလေပြီ။

အရွယ်ရောက်လာတဲ့ကလေးနှစ်ယောက်ကလည်း ပိုချောပြီး ပိုကြည့်ကောင်းလာကြတာမို့ အကြီးတွေမှာ အသဲ တယားယား ဖြစ်ရသည်ပင်...

နွေပိတ်ရက်မှာ သူတို့ ခရီးထွက်ဖို့ စီစဉ်နေကြတာဖြစ်ပြီး Idol ကြီး ဟီဆွန်းကိုပါ အပါခေါ်ဖို့ အချိန်တွေညှိနေကြရသည်။ ဟီဆွန်းက debut ပြီး တစ်နှစ်အကြာ သူ့ရဲ့ တတိယမြောက် Album release အပြီးမှာ ပရိတ်သတ်စိတ်ဝင်စားမှု အများကြီးရခဲ့တာမို့ Solo အနေနဲ့ဖြစ်တာတောင် လူသိများပြီး ပိုမိုအောင်မြင်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူအားတဲ့အချိန်လေးရအောင်ညှိပြီး ခရီးထွက်ဖို့ စီစဉ်ရတာဖြစ်သည်။

ဒါတောင် ဟီဆွန်းတို့ Company က ပေးမသွားချင်သလိုလို လုပ်နေတာမို့ ဂျေး၊ ဆောနူ နဲ့ ဆောင်ဟွန်းတို့က မိဘတွေကိုပြောပြီး Company ကရှယ်ယာတွေ ပြန်ထုတ်ခိုင်းမှာဆိုပြီး မနည်းခြိမ်းခြောက်ခဲ့ရတာပင်...

သူတို့သုံးယောက်ရဲ့ မိဘတွေပိုင်ဆိုင်တဲ့ ရှယ်ယာတွေက အမြင့်ဆုံးဖြစ်ကြပြီး Company ရှယ်ယာတွေရဲ့ ၆၀% ကိုပိုင်ဆိုင်ထားတာပင်။ ဟီဆွန်းမိဘတွေရဲ့ ရှယ်ယာတွေကလည်း ၁၀% လောက်ရှိတာမို့ သူတို့သာထွက်သွားရင် အားလုံးလမ်းဘေးရောက်သွားနိုင်တာကြောင့် CEO ကြီးက စိတ်ညစ်ညစ်နဲ့ ဟီဆွန်းကို ၂ ပတ် အနားပေးလိုက်ရသည်။ ဟီဆွန်းကတော့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ဆောနူလေးတို့ရဲ့ CEO ကိုသွားပြီး ခြိမ်းခြောက်ခဲ့ကြပုံကို သဘောတကျဖြစ်နေရသည်။

အားလပ်ရက်ရတဲ့ ပထမဆုံးနေ့ကိုတော့ ဘာမှမလုပ်ဖြစ်ပဲ အနားယူပြီးဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာကြောင့် အားလုံးက မုန့်တွေမှာထားသူကမှာ ဝယ်လာသူကဝယ်ပြီး ဟီဆွန်းရဲ့ အိမ်ကိုလာကြတာပင်။

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Where stories live. Discover now