My Dream-14

348 49 15
                                    

TVကနေLiveလာနေသော SungHoonရဲ့ပြိုင်ပွဲကိုကြည့်နေရင်း အမှတ်စာရင်းကြေညာချိန်မှာ Jay တစ်ယောက်အတော်လေးစိတ်လှုပ်ရှားနေခဲ့သည်။

သူ့သူငယ်ချင်းက အမှတ်အများဆုံးလူတွေထဲပါ၀င်ပြီး ပြိုင်ပွဲနောက်တစ်ဆင့်အတွက်ရွေးချယ်ခံရတာကြောင့် အရမ်းကိုပျော်ရွှင်နေသည်။တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားတဲ့အချိန် သူ့သူငယ်ချင်းကသူတည်းတဲ့ဆီပြန်မရောက်လောက်သေးတာမို့ ဖုန်းဆက်ဖို့ကိုစောင့်နေသည်။ တစ်နာရီလောက်ကြာမှဖုန်းဆက်ပြီး ပြောမယ်လုပ်နေတုန်းYangပုစိက Jongတို့အိမ်ကိုရောက်လာသည်။

"ကိုကိုရေ ကိုကိုရေ..."

"ပြောပါဗျာ... ၀န်းငယ်ကလည်း အိမ်ထဲတောင်မရောက်သေးဘူးအော်ခေါ်နေပြီ။"

"ဟီးဟီး...ကိုကိုဆီလာလည်တာ၀န်းလေးက။"

"ဟုတ်ပါပြီဗျာ။ ဘာစားမလဲ။"

"No..No..မစားတော့ဘူး။အိမ်မှာမေမေနဲ့ ဟိုအစ်ကိုကြီးရဲ့ပြိုင်ပွဲကြည့်ရင်းမုန့်စားလာတာ။ လှလိုက်တာသူ Skate စီးတာ။ အရမ်းတော်တာပဲ"

"ကိုကို့သူငယ်ချင်းပဲဟာ တော်မှပေါ့။"

"ကြွားပြန်ပြီ ဒီကိုကို။"

"ကိုကိုကမကြွားပါဘူး။ အခုသူ့ဆီဖုန်းဆက်မှာ။"

"Video callနဲ့ခေါ်လိုက်လေကိုကို။"

"အဲ့မှာဘာတွေရှိလဲကြည့််ချင်တယ်။"

"သဘောပါဗျာ။"

.
.
.
.
.
.
.
.

SungHoonပြန်ရောက်ပြီး အ၀တ်အစားလဲပြီးတာနဲ့ ခဏနားမယ်လုပ်နေတုန်းမှာပဲ အပြင်ကနေတံခါးခေါက်သံကိုကြားလိုက်ရသည်။

တံခါးဖွင့်ကြည့်တော့ ပိစိလေးဖြစ်နေတာမို့ ၀င်လာဖို့ခေါ်လိုက်သည်။ အထဲရောက်တာနဲ့ကုတင်ဘေးကထိုင်ခုံမှာ သွားထိုင်နေတာမို့ SungHoonကတော့ ကုတင်မှာပဲထိုင်နေလိုက်သည်။

"Jakeu ဘာပြောမလို့လဲ။"

"ဒီတိုင်းပဲ၀င်လာခဲ့တာ။"

"အင်း..."

" အရမ်းအေးနေသေးလား။"

"ဘာကိုပြောတာလဲ။ အေးတာက"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Nơi câu chuyện tồn tại. Hãy khám phá bây giờ