My Dream-8

435 72 5
                                    

ကျောင်းစတတ်တဲ့နေ့မှာပဲ ဘေးခုံကကောင်လေးနဲ့စကားစပြောမိပြီး သူငယ်ချင်းတစ်ယောက်ရလိုက်သည်။ သူကပုံစံကြည့်ရတာ အေးတိအေးစက်ပေမယ့် သဘောတော့ကောင်းသည်။ သူကလည်း မနှစ်ကမှ ဒီကျောင်းကို ပြောင်းလာခဲ့တဲ့သူဖြစ်လို့ အပေါင်းအသင်းမရှိခဲ့ဘူးလို့သိလိုက်ရတယ်။

"မင်းကအဲ့တာဆို မနှစ်ကတစ်နှစ်လုံးသူငယ်ချင်း မရှိပဲ တစ်ယောက်တည်းပဲနေခဲ့တာပေါ့"

"အင်း...ဒီအတန်းကလူတွေက စာတော်ကြပြီး ငယ်ငယ်တည်းက သူငယ်ချင်းတွေကိုယ့်လူနဲ့ကိုယ်လေ။ ပြီးတော့ ငါကိုယ်တိုင်လည်း မပေါင်းချင်ဘူးလေ။ သူတို့လူအုပ်စုတွေကြားမှာ ကိုယ်ကယောင်လည်လည် ဖြစ်နေမှာလေ။"

"မင်းပြောတာလည်းဟုတ်တာပဲ။ သူတို့တွေလည်းအုပ်စုနဲ့ ငါတို့2ယောက်လည်းတစ်ဖွဲ့ပေါ့။"

"ငါလည်းအခုမှအဖော်ရတော့တယ်။ ငါက figure skateစီးတာသင်နေတာလေ။ ပြိုင်ပွဲကတော့မပြိုင်ရသေးဘူး။နောက်နှစ်မှပြိုင်မှာ"

"wow...မိုက်လိုက်တာ။လေ့ကျင့်ဖို့သွားတဲ့အခါနဲ့ငါအားတဲ့နေ့ကြုံရင်လိုက်ခဲ့မယ်။"

"အင်း။ လိုက်ကြည့်ပေါ့။"

ထိုစဥ် ဆရာမ၀င်လာပြီး...

"ကဲ...စာစသင်မယ် ကလေးတို့ရေ"

"ဟုတ်ကဲ့"

ပထမစာသင်ချိန်ကတော့ အတန်းပိုင်ဆရာမရဲ့အချိန်ပေါ့။ ဆရာမကတော့ English သင်တယ်။
တစ်ချိန်နဲ့တစ်ချိန်ကြားမှာ3မိနစ်လောက်နားချိန်ပေးသေးတော့ အညောင်းဆန့်ရေသောက်နဲ့နောက်သင်မယ့်အချိန်အတွက်စာအုပ်ထုပ်ရင်း စကားဆက်ပြောနေကြသည်။

"ဒီဘက်ကျောင်းဆောင်ကနေ မုန့်စားဆင်းချိန် မူကြိုအဆောင်ဘက်ကို သွားမလို့။ ငါ့ကလေးလေးဆီသွားမှာလေ။ အဲ့တာလိုက်မလား။"

"ဟမ်! မင်းရဲ့ကလေး။ ဘယ်တုန်းကမွေးထား...."

"ဘာတွေတွေးနေတာတုန်းဟ။ ငါ့ကလေးဆိုတာ ငါတို့နဲ့ရင်းနှီးတဲ့မိသားစုက ကလေးလေး
ငါ့အသည်းတုန်လေး။ စကားအရမ်းတတ်တာ။ငါတစ်ယောက်တည်းမွေးတာဆိုတော့ ငါ့အတွက်အမေမမွေးတဲ့ညီလေးပေါ့ "

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Where stories live. Discover now