My Dream-18

309 37 3
                                    

ငိုနေရင်းအိပ်ပျော်သွားသည့် ကလေးငယ်အား ကုတင်ပေါ်မှာသေချာနေရာချပေးပြီး စောင်လေးခြုံပေးပြီးမှ အခန်းထဲတွင်ခဏထားခဲ့ကာ သံပုရာရည်ကိုနိုးလာရင်အေးအေးလေး သောက်ရစေရန်အတွက် ရေခဲသေတ္တာထဲသွားထားလိုက်သည်။

တစ်ဆက်တည်းမှာပဲ သူ့အဖေအတွက်စိတ်ပူနေတဲ့ကလေးလေး အစားမ၀င်မှာစိုးတာကြောင့် ထိုကလေးကြိုက်တတ်သောဟင်းလျာတို့ချက်ထားပေးဖို့ နှင့် ညစာပြင်ဆင်ပေးဖို့လိုအပ်တာတွေကို ပြောနေခဲ့တာကြောင့် ဆယ်မိနစ်လောက်အကြာမှ အပေါ်သို့ပြန်တက်သွားခဲ့ရသည်။

အခန်းထဲပြန်ရောက်တဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းလေးကိုတော့ ပတ်ဂျုံဆောင်းကြီးတစ်ယောက် မပြုံးပဲမနေနိုင်ပေ။

ကုတင်ပေါ်မှာ ထောင့်ဖြတ်ပုံစံစောင်းအိပ်နေကာ စောင်နှင့် ဖက်လုံးတို့ကိုကန်ချထားပြီး
Jay ရဲ့ခေါင်းအုံးကိုခွထားလျှက်ရှိနေသည်။
သူ့ခမျာ ခေါင်းတခါခါနှင့်ပြုံးရင်း အိပ်ပျော်နေသော ကောင်ငယ်လေးကို တည့်အောင်ပြန်လုပ်ပေးလိုက်သည်။ တအီအီနှင့် အသံလေးသာထွက်လာပြီး နိုးမလာသေးတာကြောင့်
Jay ရေအရင်၀င်ချိုးလိုက်ရသည်။

အသန့်ကြိုက်ပြီး ဒေါသကြီးတဲ့ Park JongSeong တစ်ယောက်ဟာဆိုရင်ဖြင့် သူ့ကလေးငယ်လေးနဲ့တွေ့ကာမှ ဘာအသံမျှပင်ထွက်မလာနိုင်တော့ပေ။ စိတ်ကြိုက်လုပ်ချင်ရာလုပ်ပါစေဟူ၍သာ လွှတ်ပေးထားလိုက်တော့သည်။

10မိနစ်လောက်ကြာတော့ရေချိုးခန်းထဲကထွက်လာက အ၀တ်လဲပြီး ကလေးငယ်လေးဘေးမှ၀င်လှဲနေရင်း အိပ်ပျော်သွားခဲ့သည်။

.
.
.
.
.
.

အိပ်မောကျနေသော သူတို့နှစ်ဦးကို လန့်နိုးသွားစေသောအရာကတော့ Jay ရဲ့ဖုန်း Ringtone ပင်ဖြစ်၏။

Jay က အရင်နိုးလာပြီး ဖုန်းကိုကိုင်လိုက်တဲ့အချိန်တွင်မူ Jungwon လေးပါနိုးလာပြီဖြစ်သည်။ ဆက်တဲ့သူကတော့တခြားသူမဟုတ် Jay ရဲ့ မေမေပင်...

"ဟယ်လို Omma အဆင်ပြေကြရဲ့လား။"

"အင်း ပြေတယ်သားရေ။ ဦးဦးကခွဲခန်းကထွက်ပြီအခု VIP room မှာ။ ကလေးလေးကိုပြောလိုက်နော်။"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Место, где живут истории. Откройте их для себя