My Dream-10

392 61 12
                                    

လေယာဥ်ပျံကြီးကတော့ Aussie ကလေဆိပ်ကိုဆိုက်ရောက်လာခဲ့ပြီ။

SungHoonနဲ့နည်းပြကြီး2ယောက်သား အထုတ်တွေသေချာစစ်ပြီးတာနဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီကနေ စီစဥ်ပေးထားတဲ့ ကားနဲ့ပဲ Hotel သို့သွားကြရသည်။

10နာရီလောက်လေယာဥ်စီးလာခဲ့ရတော့ သူအရမ်းပင်ပန်းနေတာမို့ ရေချိုးပစ်လိုက်ဖို့လိုနေတာကြောင့် Reception ကပေးလိုက်တဲ့အခန်းသော့ကိုယူခဲ့ပြီး နည်းပြကြီးနဲ့အတူ  ဓါတ်လှေကားဆီသို့လျှောက်လာခဲ့သည်။

အခန်းကတတိယထပ်မှာရှိတာကြောင့်် သိပ်တော့အကြာကြီးမသွားလိိုက်ရ။

နည်းပြကြီးနဲ့အခန်းက ကပ်လျက်ရတာမို့ လိုအပ်တာရှိရင်လည်းပြောလို့ရနေတာကြောင့် သူ့အတွက်အဆင်ပြေသည်။

ရေမိုးချိုးပြီးတံခါးခေါက်သံကြားတာမို့ တံခါးဖွင့်လိုက်တော့ Hotel ကမှာထားတဲ့ညစာလာပို့တာဖြစ်သည်။ ခရီးပန်းလာတာမို့ Hotel ရဲ့ Restaurant ကိုမသွားတော့ပဲ ဆရာတပည့်နှစ်ယောက် ညစာကိုအခန်းဆီပဲမှာလိုက်ကြတာဖြစ်သည်။

လက်ကနာရီကို ကြည့်လိုက်တော့ ညနေ6နာရီရှိပြီ Korean နဲ့ Australia ကအချိန်2နာရီကွာတယ်လို့ မေမေကမှာလိုက်တာမို့ အခုချိန်ဆိုည8နာရီပဲ။ အခန်းထဲကနာရီကိုကြည့်လိုက်တော့အချိန်က8နာရီကွက်တိပင်...

ညစာစားနေတုန်းမှာပဲနည်းပြကြီးကရောက်လာသည်။

"SungHoon ...အခုမှညစာစားတုန်းလားကွ။"

"ဟုတ်ကဲ့ ဆရာ။ခုဏကမှရောက်လာလို့"

"ဆရာ့ဆီကရောက်လာလို့စားလို့တောင်ပြီးပြီ။ ပြိုင်ပွဲက နောက်အပတ်တနင်္လာနေ့မှာစမယ်။ နှစ်ရက်နားပြီးရင် ဒုတိယအသုတ် နောက်ထပ် နှစ်ရက်နားပြီးရင် Final နော်။ ငါ့တပည့်က သေချာကြိုးစားထားမို့ဆရာကယုံပြီးသား။"

"ဟုတ်ကဲ့...ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်ဆရာ။"

"ပွဲစဖို့ 4ရက်လောက်လိုသေးတယ်။ မင်းရဲ့ပထမဆုံးပြိုင်ပွဲမို့ဖိအားတွေမရှိစေချင်ဘူးကွာ။ ဒီကြားထဲမှာ လေ့ကျင့်ရင်းလည်ပတ်ဖို့အတွက်ချိန်လည်းရတယ်။လေ့ကျင့်ဖို့က သပ်သပ်မစီစဥ်ပေးထားဘူး။ အပျော်စီးကွင်းတွေမှာလေ့ကျင့်လို့တော့ရတယ်။"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Where stories live. Discover now