My Dream - 12

362 61 35
                                    

ညစာစားပြီးချိန်မှာ နာရီကြည့်မိတော့ အခုမှဒီမှာတောင်ည6:45ပဲရှိသေးသည်။
စောနေသေးတာမို့ ခြံထဲဆင်းလာပြီး ဒန်းပေါ်မှာထိုင်နေလိုက်သည်။ Sim Jake ဆိုတဲ့ထိုကောင်လေးကတော့ အိမ်ထဲကနေထွက်မလာသေး....

ခြံထဲမှာတစ်ယာက်တည်းမို့ တိတ်ဆိတ်ပြီး အေးချမ်းနေတဲ့အချိန် ညဘက်ရဲ့လေညင်းလေးကိုခံစားနေမိသည်။ အနွေးထည်လေး ၀တ်ထားတာတောင်မှ လေရဲ့အအေးဓါတ်ကထိုးဖောက်၀င်ရောက်နေလေရဲ့။

ဒါပေမယ့်အအေးဓါတ်ဆိုတာက ကျွန်တော့်အတွက် အသားကျနေတဲ့အရာ ဖြစ်တာကြောင့်လားတော့မသိ အခုအနေအထားကိုသဘောကျမိသည်။ ရုတ်တရက်အနားမှာအသံကြားလို့လှည့်ကြည့်မိတော့ ဟိုပိစိလေးက ဒန်းရဲ့ဘေးနားမှာရောက်နေသည်။

"ငါထိုင်လို့ရတယ်မလား။"

"အင်း...ရပါတယ်။"

"ပြန်မလို့လုပ်နေတာဆိုပေမယ့် မင်းကိုတွေ့တာနဲ့လာလိုက်တာ။"

"အင်း...ဒါနဲ့လေ မင်းက ဒေါ်လေးအိမ်ကို၀င်ထွက်နေကြပဲလား။"

"အွန်း...ဟုတ်တယ်။ ဒီကိုလာနေကြပဲ။ မင်းဒေါ်လေးပြောင်းလာပြီး5လလောက်ကတည်းကပဲ။"

"ဒါဆိုကြာလှပြီပဲ။ မင်းကဒီမှာမွေးတာလား။"

"မဟုတ်ဘူး...ငါက Koreaမှာမွေးတာ။ ငါတစ်နှစ်ကျော်မှဒီကိုပြောင်းလာတာ။"

"ကြာနေပြီပဲ ဒီနိုင်ငံမှာနေတာက"

"ဟုတ်တယ်။အခုနဲ့ဆို9နှစ်လောက်ရှိပြီလေ။"

"ဒေါ်လေးတို့က6နှစ်လောက်တော့ရှိမယ်။"

"ဟုတ်တယ် နောက်တော့ဒီအိမ်ကိုမင်းရဲ့ဒေါ်လေးတို့မိသားစုရောက်လာခဲ့တာ။"

"အဲ့မှာသိကြတာပေါ့။"

"အင်း..."

"ငါကတော့ ဒေါ်လေးတို့ဒီကိုရောက်လာပြီးကတည်းက အခုမှပထမဆုံးရောက်ဖူးတာပဲ။ငါ့အမေတော့တစ်ခါလာဖူးတယ်။ လွန်ခဲ့တဲ့2နှစ်က"

"အာ.....ဒီအိမ်ကိုတစ်ခါရောက်လာဖူးတဲ့ ဒေါ်လေးရဲ့အမဆိုတဲ့ အဲ့ဒီအရမ်းသဘောကောင်းတဲ့ တီတီကမင်းအမေလား။ တီတီကသူ့မှာသားလေးတစ်ယောက်ရှိတယ်ပြောဖူးတယ်။ အဲ့တာမင်းပေါ့။"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Où les histoires vivent. Découvrez maintenant