JongSeong တို့သားအမိ ကလေးလေးတို့အိမ်ကနေပြန်လာပြီး 2ရက်နေတော့ ကလေးလေးဆီကနေ ဖုန်းဆက်လာသည်။
"ဟလို...ဟလို တီတီHaeလား။"
"ဟုတ်ကဲ့။Jeon HaeSeong ပြောနေပါတယ်။အခုဆက်တာက ဘယ်သူလည်းမသိဘူး။"
Company ကို သားပြန်ရောက်ကတည်းက မသွားပဲ manager နဲ့ထားခဲ့တာက တစ်ပတ်လောက်ရှိပြီမို့ ဒီနေ့သွားဖို့လုပ်နေတုန်း Mrs. Yang ရဲ့ဖုန်းနံပါတ်နဲ့ ဖုန်း၀င်လာတာမို့ ကိုင်လိုက်သည်။ တကယ်ဆက်တာက Mrs.Yang မဟုတ်ပဲ Baby Yang ဖြစ်နေတော့ ကလေးကို စချင်တာနဲ့ မသိချင်ယောင်ဆောင်နေလိုက်သည်။
"တီတီကလည်း သားကိုမသိဘူးလားလို့။
တီတီ့တူလေး Yang JungWon ကိုမေ့ပစ်လိုက်ပြီလား။ဟိုနေ့ကမှ အိမ်မှာမုန့်စားသွားတယ် အခုတော့မေ့ပစ်လိုက်ပြီပေါ့ တီတီက""ဟားဟား ... သိပါတယ် Baby Yang ရဲ့။ အမလေးနော် စကားတတ်လေး။ စွာတာလေးကိုချစ်လို့ တီတီကစတာပါ။"
"ဟွန်း..တီတီHae နော် သားကိုမေ့ပလိုက်လို့ကတော့ အိမ်ရှေ့မှာနေ့တိုင်းလာငိုပစ်မှာနော်။"
ကလေးကစကားတတ်လွန်းလို့ Jongတို့မေမေကတအားအသည်းတွေယားနေခဲ့ပြီးတပြုံးပြုံးနှင့်ပင်။
"မမေ့ရဲပါဘူးရှင်။ ငိုတော့မငိုပါနဲ့ဟုတ်ပြီလား။"
"ဟုတ်ကဲ့။ ဟိုလေ...တီတီ ကိုကိုရှိလား။ သားကကိုကို့ဆီလာမလို့ဖုန်းဆက်တာ။"
"ရှိတယ် ရှိတယ် လာလို့ရတယ်။"
"ဟိုလေ Omma ကမအားလို့တဲ့။ သွားစရာရှိတယ်တဲ့။ နေ့လည်မှပြန်လာမှာမလို့ သားကတီတီတို့ဆီလာမယ်ပြောတော့ Omma ကပို့ခဲ့မယ်တဲ့။"
"ရတယ်။ တီတီကတော့ Company သွားမှာ
ကိုကိုရယ် အိမ်ကအလုပ်လုပ်တဲ့သူတွေရယ်ရှိတယ်။ ကိုကိုနဲ့ဆော့နေပေါ့။ သားမေမေကိုပြောလိုက် အိမ်မှာ အိမ်ထိန်းနဲ့အလုပ်သမားတွေရှိတာမို့ စိတ်မပူပဲလာပို့ထားလို့ ရပါတယ်လို့""ဟုတ်ကဲ့...တီတီ။"
* * * * * * * * * * * * * * *
15 mins later~~
"တီတီရေ....တီတီHae"
လူကခြံ၀မှာပဲရှိသေးတယ် အာပြဲစိန်ကလေးအသံက အိမ်ထဲထိရောက်တယ်။
YOU ARE READING
အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)
FanfictionUnicode ကလေးငယ်တစ်ယောက်ရဲ့အိပ်မက်လေးတစ်ခုကနေအစပြုလိုက်တဲ့ချစ်ခြင်း အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပေးရင်းကြီးပြင်းလာကြတဲ့အခါ အရောင်ပြောင်းလာတဲ့ မေတ္တာတရားကိုသတိပြုမိပြီးနောက် ..... Zawgyi ကလေးငယ်တစ်ယောက်ရဲ့အိပ်မက်လေးတစ်ခုကနေအစပြုလိုက်တဲ့ချစ်ခြင်း အရ...