My Dream - 20

290 28 1
                                    

Jay အိမ်ကကားနဲ့ပဲအတူပြန်လာကြရင်း လမ်းမှာမုန့်တွေလည်းဆင်း၀ယ်ကြသေးသည်။

HeeSeung နဲ့ SungHoon ကိုသူတို့အိမ်တွေဆီလိုက်ပို့ပေးပြီးမှ သုံးယောက်သား JungWonလေးအိမ်သို့သွားလိုက်ကြသည်။

အိမ်ပြန်ရောက်တော့ ဆေးရုံကလာကြတာကြောင့် ဘေစင်ဆီပြေးလို့ လက်ဆေးကြသည်။ ပြီးတာနဲ့ Sunoo လေးကတော့ သူနေတဲ့အခန်းစီကို၀င်သွားခဲ့ပြီ။ ငယ်ငယ်ကတည်းကလာအိပ်နေကြမို့ Yang မိသားစုအိမ်က ဧည့်သည်ခန်း3ထဲက အကောင်းဆုံး
master bedroom ကို ဆရာ Kimတို့ အပိုင်ယူထားခြင်းပင်....

JongSeong နဲ့ JungWon လေးလည်းအပေါ်ထပ်က JungWon ရဲ့အခန်းလေးထဲ၀င်သွားကြပြီ။ အခန်းထဲရောက်တော့ပင်ပန်းရင်ဂျီကျတတ်တဲ့ ထုံးစံအတိုင်း ယန်းပုစိတို့ ရစ်ပါတော့သည်။

"ကိုကို...ကိုကို"

"ဗျာ"

Yang မာမားကို သူတို့တွေအိမ်ရောက်ပြီဖြစ်ကြောင်းစာပို့နေတာမို့ခေါ်နေတာကိုမကြည့်မိပေ။

"ကိုကို...ဒီကိုကြည့်ဆို"

"ဟုတ်ပါပြီဗျာ....ကြည့်ပါပြီဗျာ"

"မကြည့်ချင်ပဲနဲ့ အတင်းကြည့်နေရတာမလား"

"ဟောဗျာ...ပင်ပန်းရင်ကိုရစ်တော့တာပဲ"

"တွေ့လား ၀န်းလေးကို မကြည်တော့တာများ"

*ကလေးလေးတအားရစ်တယ်ကွာ။ ရစ်ချင်လည်းရစ်ပါစေ အမြင်မကြည်တာမျိုးမရှိတာကို ငယ်လွန်းသေးတဲ့ကလေးလေး ဘယ်သိပါ့မလဲ။*

"မဟုတ်ပါဘူး။ ကိုကိုက ၀န်းလေးရဲ့မာမားကို အိမ်ရောက်ပြီဆိုတာအကြောင်းကြားတာပါ"

"ဟုတ်လို့လား။"

"ရော့ ဒီမှာကြည့်"

"အွန်းအွန်း ရပြီ"

"အဲ့တာဆိုရေသွားချိုး ကိုကိုကအောက်ထပ်မှာသွားချိုးမယ်။"

"ဟုတ်"

JongSeong ရေချိုးပြီးရေချိုးခန်းထဲမှာပဲအ၀တ်လဲလိုက်သည်။ အပေါ်ကိုရောက်တော့ JungWon လေးက အ၀တ်လဲပြီး ကုတင်ပေါ်မှာ ခြေထောက်ကိုစောင်လေးအုပ်ကာ ထိုင်နေသည်။

"၀န်လေးကရေချိုးပြီးနေပြီပဲ။ ခဏနေအောက်ဆင်းပြီး ညစာစားကြမယ်နော်။ အောက်မှာညစာပြင်ဖို့မှာခဲ့ပြီ။"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Wo Geschichten leben. Entdecke jetzt