My Dream-19

274 29 0
                                    

Sunoo ပြန်လာမှာကိုစောင့်နေတုန်း ဘေးနားကို မိန်းကလေးတစ်ယောက်ရောက်လာသည်။

"ဟိုလေ ဒီမှာထိုင်လို့ရလား။ တခြား၀ိုင်းတွေနေရာပြည့်နေလို့။"

"ရပါတယ်။ထိုင်ပါ"

*တော်သေးတာပေါ့။ ၀ိုင်းတွေပြည့််မယ့််အချိန်ကိုစောင့်နေပြီးမှလာထိုင်တာ။ သူကပေးထိုင်သားပဲ။*

"နင်တို့၀ိုင်းမှာပေးထိုင်တာကျေးဇူးပါနော်။ ငါက နင်နဲ့ရွယ်တူပဲသိလား။"

"သြော် ဟုတ်လား။ နင့်ကိုတော့ငါမမြင်ဖူးဘူး။"

*JungWon ရယ် ရက်စက်လိုက်တာ။ ငါအချိန်အားတိုင်းအမြဲလို နင့်အနီးနားမှာရှိနေခဲ့ပေမယ့် နင့်ကငါ့ကိုဂရုတောင်မစိုက်ခဲ့ဘူးပဲ။ နင့်နှလုံးသားကအေးစက်နိုင်လိုက်တာ။*

" ရပါတယ် နင်မသိရင်လည်း ကိုယ့်ဘာသာပဲမိတ်ဆက်ပါ့မယ်။ အလယ်တန်းပထမနှစ် Class A က Do Yuri ပါ။"

"အွန်း ငါက Yang JungWon...
ငါနဲ့ရွယ်တူလို့ပြာနေမှတော့ ငါ့နာမည်လည်းသိမှာပေါ့။"

"အွန်း သိတာပေါ့။ ငါတို့သူငယ်ချင်းလုပ်လို့ရမလား။"

"စပ်စပ်စုစုမလုပ်ရင်၊ မဆိုင်တာတွေ၀င်မပါရင်တော့ အဆင်ပြေတယ်။"

"သူငယ်ချင်းဖြစ်ခွင့်ပေးလို့ ကျေးဇူးပါ Wonie"

"သြော် ပြီးတော့ ငါ့ကို JungWon ပဲခေါ်။Wonie လို့မခေါ်ပါနဲ့။ အဲ့တာကိုကိုတို့တွေပဲခေါ်တာ။ တခြားသူတွေခေါ်ရင် ငါမကြိုက်ဘူး။"

"ဘာလို့လဲ။ ငါတို့သူငယ်ချင်းဖြစ်သွားပြီပဲဟာ။"

"မတူဘူးလေ။ ပြီးတော့ ငါ့ကိုခင်ချင်တာကနင်လေ။ အဲ့တော့ ငါခေါ်ခိုင်းသလိုပဲခေါ်ပါ Do Yuri"

"အင်းအင်း။ ကောင်းပါပြီ။ "

JungWon ထိုမိန်းကလေးကိုသိနေပေမယ့် သူ့ရဲ့အမူအကျင့်ကိုမကြိုက်တာကြောင့် မသိဟန်သာဆောင်နေခဲ့သည်။ သူမနှင့်ရင်းနှီးချင်စိတ်လည်း တစိုးတစိမျှပင်မရှိပါ။ တခြားတစ်ယောက်ဆိုလျှင်တောင် ယခုထက်ပို၍ ပြေပြေလည်လည် ပြန်ဖြေမိမှာပင်။

ထို Do Yuri ဆိုသော ကောင်မလေးသည် သူတို့အလယ်တန်းပထမနှစ်အတွင် အချောဆုံးမိန်းကလေးများစာရင်း၀င်ဖြစ်ပြီး JungWon တို့လို ချမ်းသာသောမျိုးရိုးမှဖြစ်သည်။ သို့သော်ငြား အရွယ်နှင့်မလိုက်စိတ်ဓါတ်က အင်မတန်ယုတ်ညံ့ပေသည်။ သူတစ်ပါးကိုအမြဲအနိုင်ယူချင်ပြီး တခြားသူများကိုလည်းအမြဲအထင်သေးတတ်သည်။ မိမိထက်နိမ့်ကျသူဆိုလျှင်လည်း ဖိနှိပ်တတ်သောအကျင့်ရှိသူမို့ JungWon ကထိုမိန်းကလေးနှင့်အပေါင်းအသင်းမလုပ်ချင်ပါ။

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Hikayelerin yaşadığı yer. Şimdi keşfedin