My Dream-9

371 76 4
                                    

အချိန်ကတဖြေးဖြေး ကုန်လာလိုက်တာ စာသင်နှစ်တစ်၀က်အထိရှိလာခဲ့ပြီ။

JungWon လေးကတော့ စာတွေလည်း အများကြီးရေးတတ်ဖတ်နေပြီး သူ့ကိုကိုနဲ့အတူ2ရက်ခြားတစ်ခါစာအတူတူလုပ်ကြသည်။

အဲ့ဒီ့အပြင် ကျောင်းမှာလည်း သူငယ်ချင်းတစ်ယောက်ရထားပြီး သူ့ကိုကိုပြီးရင် သူ့သူငယ်ချင်း Kim Sunoo လေးကိုအချစ်ဆုံးပင်။

တခါတလေများဆို Kim Sunoo တို့ JungWonအိမ်လာလည်တဲ့အခါ JongSeong ကပါရောက်လာတတ်ပြီး ကလေးတွေကိုထိန်းရင်း အတူကစားပေးသည်။ ဆော့ပြီးနားတဲ့အခါလည်း ကလေးတွေကိုစာသင်ပေးတတ်သည်။ တစ်ဦးတည်းသောသားလေး Kim Sunoo လည်းအဖော်တွေရလာလို့ အလွန်ပျော်နေသည်လေ။

SungHoon ကတော့ စာလည်းလုပ်ရင်း Figure skating ကိုပါ အပြင်းအထန်လေ့ကျင့်နေရသည်။ နှစ်၀က်စာမေးပွဲပြီးတဲ့အခါ Australia နိုင်ငံမှာကျင်းပမယ့် နိုင်ငံတကာပြိုင်ပွဲကိုသွားရောက် ယှဥ်ပြိုင်ရမည်မို့ လေ့ကျင့်ကွင်းမှာပဲစာကျက်နေရသည်။

* * * * * * * * * * * * * * * *

1weeks later~~~

First Semester Exam Day

စာမေးပွဲဖြေရဖို့အချိန်နီးလာလေလေ
ကျောင်းသားကျောင်းသူတွေက စိတ်ရှုပ်ရှားနေကြလေလေပေါ့...

စာတွေပြန်ကြည့်နေကြတုန်းမှာပဲ အတန်းပိုင်ဆရာမရောက်လာပြီး

"10မိနစ်နေရင်ဖြေရတော့မယ်နော်။ စာအုပ်တွေသိမ်းကြပါ။"
ဆိုပြီးအတန်းပိုင်ရဲ့သတိပေးသံကထွက်လာသည်။

"Jay ya...ဖြေနိုင်ပါစေ။"

"အင်း... Ice-Hoon မင်းရောပဲ အဆင်ပြေပါစေကွာ။"

အချင်းချင်း ဆုတောင်းပေးပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းပြုံးလိုက်ကြသည်။ ဒီလိုအချိန်မျိုးဆို HeeSeungကိုလည်း JongSeongလွမ်းမိသည်။

ခဏကြာတော့ဖြေလွှာစာရွက်လာ၀ေသည်။

🔔🔔🔔

ခေါင်းလောင်းတီးပြီးတာနဲ့မေးခွန်းစာရွက်၀ေပြီးပထမနှစ်၀က်စာမေးပွဲကိုစတင်လိုက်ကြသည်။

ကျောင်းသားကျောင်းသူတွေ အားလုံး အကျိတ်အနယ် ဖြေဆိုနေကြပြီး ဆရာမများကလည်း မျက်ခြေမပျက် စောင့်ကြည့်နေကြသည်။

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Nơi câu chuyện tồn tại. Hãy khám phá bây giờ