My Dream-13

338 57 12
                                    

ဆရာယန်းပုစိလေးကတော့ Colour ခြယ်ပြိုင်တာ သူရှုံးလို့စိတ်ကောက်နေသည်။အမှန်တော့အချော့ခံချင်တာကြောင့်ပင်။

"၀န်းငယ်လေး....၀န်းငယ်လေးလို့...."

"လူကိုလာပြီး ခဏခဏခေါ်နေရအောင် ကိုကြီးနဲ့ကျွန်တော်နဲ့ သိလို့လား။"

"ဟာ့.....ဒါကဘာလဲ။ စိတ်ကောက်တာလား။"

"မသိဘူး။"

"မသိလို့ရမဘူး။  ရော့...သကြားလုံးစား။"

စိတ်သာကောက်တာ သကြားလုံးစားလို့လည်းဆိုရော ပါးစပ်ကလေးလာဟပေးနေသည်။

သကြားလုံးကိုလည်း ပါးစပ်ထဲထည့်ပေးပြီးရော Sunooက

"အမြင်ကိုကတ်တယ်။ Hyung ကသကြားလုံးလို့ပြောပြီး ငရုတ်သီးကျွေးလိုက်ရမှာကို။"

"ဘာဖစ်လဲ ဘာဖစ်လဲ။ ကိုကိုကငါ့ကိုချစ်ရို့ကျွေးတာ။"

"သကြားလုံးစားပြီး ပလုတ်ပလောင်းကြီးနဲ့ကို စကားသံမပီကလာနဲ့ ငါ့ကိုစကားလာပြောနေသေး "

"ငါ့ပါးစပ်နဲ့ပြောတာလေတွာ..မင်းပါးစပ်နဲ့ပြောရို့လား။ လူကိုလာပြီး"

"ငါပြောတာမှားလို့လား။ သူ့ကိုတော့စိတ်ကျကောက်သေးတယ် ပြီးတော့ သူကျွေးတာက စားလိုက်သေးတယ်။"

"ကဲ...တော်ကြပါတော့လို့။ သကြားလုံးကျွေးလိုက်မိတဲ့ ကျွန်တော်မျိုး Park JongSeong ပဲမှားတာပါ။ရော့ Sunoo လည်းတစ်ခုစား"

"သြော်...Jay Hyung တော်တော်ကောင်းတယ်။ JungWonie ကိုကျတော့အခွံခွာပေးပြီး ကျွန်တော့်ကိုကျဒီတိုင်းပေးတယ်နော်။ ရပါတယ်....လက်ပါတယ်။ကိုယ့်ဘာသာခွာစားမယ်။"

"ဘက်လိုက်တာမဟုတ်ပါဘူး Sunooရာ ။
၀န့်လေးကိုကျတော့ ခွာပေးတာကအကျင့်ဖြစ်နေတာကို။"

ခဏနေတော့ JungWon လေးရဲ့ Omma လည်းအလုပ်ကပြန်ရောက်လာသည်။

"ပွစိပွစိကြားနေရတယ်။ ဘာတွေဖြစ်နေကြတာလဲ။"

"သကြားလုံးစားရင်းရန်ဖြစ်နေတာ တီလေးရေ။ ကလေးတွေကိုသားကြည့်ပြီးထိန်းလိုက်ပါမယ်။"

"အေး J Jay လေးရေ။ ပြီးရင်သူတို့ကိုခြေးလက်ဆေးခိုင်းလိုက်ဦး။ ထမင်းပွဲပြင်လို့ပြီးသွားရင် အိမ်အကူတွေကို လာခေါ်ခိုင်းလိုက်မယ်။"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Donde viven las historias. Descúbrelo ahora