My Dream - 22

105 3 0
                                    

(ဒီ part ကတော့ sunki လေးပိုများပါမယ်နော်)

ပွဲမစခင် တစ်နာရီ အလို...

ဖိတ်ထားတဲ့ ဧည့်သည်တွေ မရောက်သေးပေမယ့် Kim family တစ်ခုလုံးနှင့် Hotel ရှိ ဝန်ထမ်းအားလုံးနီးပါး ပွက်လောရိုက်နေကြသည်။ အကြောင်းကတော့ Kim Group ကြီးတစ်ခုလုံးရဲ့ အသဲသက်ညှာ အငယ်ဆုံးမြေးလေး Kim Sunoo တစ်ယောက်ပျောက်နေခြင်းကြောင့်ပင်...

Sunooလေးရဲ့မာမားကတော့ သားလေးစိတ်ကောက်ပြီး ပြေးထွက်သွားလို့ လိုက်ရှာနေကြောင်း ခန်းမထဲမှာ ပွဲအတွက်လိုအပ်တာတွေစစ်ဆေးနေတဲ့ Kim ပါပါးကို ဖုန်းဆက်အကြောင်းကြားထားပြီး သူမကတော့ တခြားအထပ်တွေတိုင်းမှာရှိတဲ့ ဝန်ထမ်းများကိုပါရှာဖို့လှမ်းပြောရင်း ကလေးကိုလိုက်ရှာနေရသည်။

လိုက်ရှာရင်း ဟိုတယ်မှာရောက်နေသမျှ ဆွေမျိုးတွေကိုပါ ကလေးပျောက်နေကြောင်းကို အကြောင်းကြားရတော့သည်။

လမ်းမှာ toilet ကထွက်လာတဲ့ တူလေးကိုတွေ့တော့လည်းရှာဖို့ပြောရတော့သည်။

" TaeHyung လေးရေ သား ညီလေးကိုတွေ့မိလိုက်လား။ ငယ်လေးကိုရှာမတွေ့လို့လေ။ "

" Sunoo လေးကိုမတွေ့မိဘူး တီလေး။ သားသွားရှာလိုက်မယ်လေ။ ဘယ်လိုကနေမတွေ့တော့တာလဲဟင်။"

"ငါနင့်ညီကိုဆူလိုက်တာဟယ်။ အဲ့တာ ငါ့ကိုဆူပုတ်ပြီးကြည့်ပြီးအခန်းထဲကပြေးထွက်သွားတာပဲ။ ဖုန်းလည်းထားခဲ့တယ်လေ။"

"အဲ့တာဆိုရင် အခုလောလောဆယ် သားက ပန်းခြံထဲနဲ့ကား parking ဖက်ကိုလိုက်ရှာကြည့်မယ်လေ တီလေး။
တခြားကော ဘယ်သူရှာနေသေးလဲ။"

"ဝန်ထမ်းတွေတော့ building တွေထဲလိုက်ရှာနေတယ်။ SeokJin လေးကတော့ ရေကူးကန်ဖက်ကိုသွားနေတယ်။"

"ဟုတ် အဲ့တာဆို သား သွားရှာပေးမယ်နော်။"

ထိုအချိန်မှာပဲ JeongSeong တို့သားအမိရဲ့ ကားလေးက Hotel ရဲ့ car parking ထဲရောက်လာခဲ့သည်။

ကားပေါ်ကဆင်းဆင်းချင်း အလောတကြီးနဲ့ပြေးထွက်လာတဲ့ Kim Tae ကိုမြင်တော့ Jong ကလေး စိတ်ပူသွားရှာတယ်။

"TaeTae hyung ဘာဖြစ်လို့လဲဗျ။ အလောတကြီးနဲ့"

"Sunoo လေးကိုရှာမတွေ့လို့လေကွာ။ သူပျောက်လို့ မိသားစုဝင်တွေ လိုက်ရှာနေကြတယ်"

အိပ်မက်ငယ်လေး(My Dream)/အိပ္မက္ငယ္ေလး(My Dream)Where stories live. Discover now