Chaeဘဝထဲကနေသူအပြီးတိုင်ထွက်သွားခဲ့တယ်။ဘယ်တော့မှပြန်မဆုံနိုင်တော့မယ့်လမ်းကိုသူထွက်သွားခဲ့တာ။သူလေထွက်သွားရမှာမှန်းသိလို့လားမသိဘူး Chaeကိုလေးနက်တဲ့စကားတစ်ခွန်းပြောသွားခဲ့တယ်။
MinSoo :: Chae
Chae :: ပြောလေ MinSoo
MinSoo :: ငါနင့်ကိုစကားတစ်ခုလောက်ပြောချင်တယ်
Chae :: ပြောလေဟာ နင်ကလဲ အဆန်းလုပ်
လို့
MinSoo :: ငါနင့်အနားမှာ မရှိနေနိုင်တော့ရင်နင်ပိုပြီးကြိုးစားနေရမယ်နော် နင့်ဘဝကြီးကိုရေစုံမျှောလိုက်လို့မဖြစ်ဘူး နင့်မေမေဖြစ်ချင်တဲ့ဆန္ဒတွေကိုနင်ဖြစ်အောင်လုပ်ပေးရမယ်လေ
Chae:: MinSoo နင်ဘာတွေပြောနေတာလဲနင်ကဘယ်သွားမှာမို့လို့လဲ ငါ့မှာနင်မရှိလို့မဖြစ်.........
MinSoo :: တော်တော့Chae . နင့်ကိုငါ သူများ တွေထက်အရာရာဂရုစိုက်ပေးခဲ့တာပါ နင်ပျော်နေတာကိုပဲမြင်ချင်တာ ဒါပေမယ့် နင့်အနားမှာငါအမြဲရှိမနေပေးနိုင်ဘူးChae ငါမရှိလဲနင်ပျော်နေပါနော်
Chae:: MinSooရယ်
Chaeလည်း MinSooရဲ့ထူးဆန်းတဲ့စကားတွေကိုအဓိပ္ပါယ်ဖော်လို့မရခဲ့ပါဘူး ဘာလို့ဒီစကားတွေပြောလဲစဥ်းစားလို့မရဘူး သူ့ပြောတဲ့စကားတွေမှာ Chaeမျက်ရည်ကျခဲ့ရတာတော့အမှန်ပါ။နောက်တစ်နေ့ကိုရောက်တဲ့အခါမှာတော့ သူ့ဘာကြောင့်Chaeကိုဒီစကားတွေပြောခဲ့လဲဆိုတာကိုမယုံကြည်နိုင်လောက်အောင်နားလည်သွားခဲ့ရပါတော့တယ်။Chaeဆီကို အသည်းရက်ရက်စက်စက်ခွဲမယ့် သတင်းစကားတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပေါ့။သစ္စာအိမ်မှာစာလုပ်နေတုန်း အိမ်ရှေ့ကနေJihyoရဲ့ခေါ်သံကြားလိုက်ရတယ်။
Jihyo :: Chaeရေ Chae
Chae :: တံခါးစေ့ထားတယ် Jihyoရေ ငါအပေါ်ထပ်မှာ တက်လာခဲ့လေ
Jihyo :: ငါနင့်ကိုပြောစရာရှိတယ် Chae နင်စိတ်မကောင်းတော့ မဖြစ်ပါနဲ့ဟာ
Chae:: ဘာလဲဟ နင်ကလဲ မထိတ်သာ မလန့်သာ
Jihyo:: MinSoo ဆုံးပြီတဲ့
Chae :: ဘာChaeစိတ်တွေ ကိုယ်နဲ့ကင်းကွာသွားသလိုခံစား လိုက်ရတယ်။တစ်ခဏလောက်စွန့်အသွားမိတယ်။မျက်ရည်တွေကလဲမဖိတ်ခေါ်ပါပဲစီးကျလာမိတယ်။
Jihyo :: Chae ငါနင့်ကိုနားလည်ပါတယ်ဟာ ခုဝအောင်ငိုလိုက်နော် ပြီးရင်နင်ပြန်ပြီးပြုံးပါ MinSooကနင်ပြုံးနေတာပဲမြင်ချင်တာလေ
သူလတ်တလောကြီး Chaeဘဝထဲကနေထွက်သွားလိမ့်မယ်လို့ ယောင်လို့တောင်မတွေးခဲ့ဖူးတာ။Chaeဒါတွေဟာအိပ်မက်ပဲဖြစ်ပါရစေလို့ဆုတောင်းရင်း မျက်လုံးကိုမျိတ်ပြီးပြန်ဖွင့်မိတယ်။Chaeရှေ့က Jihyoရဲ့အားပေးနေတဲ့မျက်နှာလေးရယ် ဆုပ်ကိုင်ထားတဲ့လက်တစ်စုံရယ်က ဒီတိုင်းပဲရှိနေတဲ့အတွက် ဒါတွေဟာ အိပ်မက်မဟုတ်ခဲ့ဘူးပေါ့။Chaeသူနဲ့နောက်နှစ်တွေအများကြီးအနားမှာအတူတူပျော်ရွှင်စွာနေသွားမယ်လို့တွေးခဲ့တာ။Chaeတွေးရင်းနဲ့မနေ့က သူပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်လာရင်းမျက်ရည်တွေကိုသုတ်ပစ်ခဲ့ပြီး ဒီထိုးနှက်မှုကြီးကိုရဲရဲဝင့်ဝင့်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Chae :: Jihyo, MinSooဘယ်လိုဆုံးတာလဲ
ဟင်
Jihyo :: သူရေကူးကန်မှာရေကူးရင်းနဲ့ သူ့ညီမလေးရေနစ်တာကိုဆယ်ရင်းနဲ့သူကရေနစ်သွားတာတဲ့ သူ့ညီမလေးကိုသူကယ်နိုင်သွားတယ်တဲ့လေ
Chae :: သူကလေ နောက်ဆုံးအထိတောင်စွန့်လွှတ်သွားတုန်းနော် သူရေနစ်တာဆိုရင်တော်တော်ခံစားသွားရမှာဟ
Jihyo:: အော် Chaeရယ်..... ငါခုသူ့အိမ်သွားမလို့ နင်လိုက်ခဲ့မလား
Chae :: ငါမလိုက်တော့ဘူးJihyo မေမေနဲ့မှတူတူသွားတော့မယ်
Jihyo:: အဲ့တာဆို ငါသွားတော့မယ်နော် နင်လဲဆက်ပြီးငိုမနေနဲ့တော့နော် Chae
Jihyoပြန်သွားတော့Chaeလဲ သူနဲ့ရှိခဲ့သမျှအမှတ်တရလေးတွေ သူပြောဖူးတဲ့စကားလေးတွေကို ပြန်စဥ်းစားရင်းအတွေးနယ်ချဲ့မိနေပါတော့တယ်........ဒီလိုနဲ့Chaeဆီကနေသူထွက်သွားခဲ့တာရက်ကိုလစား လကိုနှစ်စားလို့အချိန်တွေကြာလာခဲ့ပါတယ်။Chaeသူ့ကိုတစ်ရက်လေးမှမေ့လို့မရခဲ့ပါဘူး။အရင်လိုChaeရဲ့ရင်ဖွင့်သံတွေကိုနားထောင်ပေးမယ့်သူ အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတယ့်သူ Chaeဝမ်းနည်းနေရင်စနောက်ပြီးပြုံးပျော်အောင်စွမ်းဆောင်နိုင်တယ့် Chaeရဲ့အချစ်ဦးကတော့ Chaeနားမှာ အပြီးတိုင်မရှိတော့ဘူးလေ။သူ့အနားမှာမရှိတော့ပေမယ့်သူနဲ့အတူတူကစားခဲ့တယ့် နေရာလေးတွေရောက်တိုင်း သူဝယ်ကျွေးဖူးတဲ့မုန့်လေးတွေစားမိတိုင်းဘယ်ဘက်ရင်အုံကတဆစ်ဆစ်နဲ့နာကျင်လောက်အောင်သတိရနေမိတယ်။အထူးသဖြင့် Chaeကျောင်းကိုရောက်တိုင်းသူနဲ့အမှတ်တရတွေကနေရာတိုင်းမှာပြည့်လို့နေခဲ့တယ်။စာသင်နေရင်းလဲသူထိုင်ခဲ့တဲ့နေရာလေးကိုသတိလက်လွတ်ငေးချင်ငေးနေမိတယ်။ဒါပေမယ့် Chaeအရင်လိုမမိုက်တော့ပါဘူး။သူနောက်ဆုံးမှာခဲ့တဲ့စကားလေးကိုပြန်ကြားယောင်ရင်းစာကြိုးစားလို့နေခဲ့ပါတယ်။မေမေကလဲChaeရဲ့တငူငူတငိုင်ငိုင်ဖြစ်နေတာတွေကိုမြင်ချင်မှာမဟုတ်ဘူးလေ။သူ့စကားလေးတစ်ခွန်းက ဘယ်လောက်အစွမ်းထက်လဲသိလား။Chae သူ့ကိုသတိရမိတိုင်းစာတွေဖိကျက်ပိုပြီးကြိုးစားခဲ့တာအဲ့ဒီနှစ်မှာChae ပထမ ဆုကိုရခဲ့တယ်လေ။သူလဲပျော်နေမယ်လို့ထင်ပါတယ်။မေမေလဲအရမ်းပျော်ခဲ့တာ။Chaeကိုဆုအဖြစ် နာရီ လေးတစ်လုံးလက်ဆောင်ပေးခဲ့တယ်လေ။Chaeက နာရီ လေးတွေဆိုသိပ်သဘောကျတာ။နာရီလေးတွေစုရတာကိုလဲကြိုက်တယ်။အဲ့ဒီထဲကမှမေမေပေးခဲ့တဲ့နာရီလေးကတော့အကြိုက်ဆုံးပေါ့။
ဒီလိုနဲ့Chaeလဲ မေ့မေ့ရဲ့ဆုံးမလမ်းညွှန်မှုတွေအောက်မှာသူ့ကိုသတိရရင်းစာတွေကြိုးစားရင်းနဲ့ အထက်တန်းနောက်ဆုံးနှစ်ကိုရောက်ရှိလာပါတော့တယ်။Chaeလေ ခုချိန်ထိသူကလွဲပြီးဘယ်သူ့ကိုမှထပ်မချစ်တော့ဘူး။Chaeကိုလာပြောသမျှ ချဥ်းကပ်သမျှသူတွေကိုလဲအားလုံးငြင်းခဲ့ပါတယ်။Chae အထက်တန်းနောက်ဆုံးနှစ်မှာဘော်ဒါနေခဲ့တယ်။Chaeတို့ဘော်ဒါကသုံးယောက်တစ်ခန်းနေရတာပါ။Chaeရဲ့ အခန်းဖော်နှစ်ယောက်ကတော့ ဘော်ဒါမှာအတော်ဆုံး Bae Irene ဆိုတဲ့စာကြမ်းပိုးလေးရယ် ပန်းချီဆွဲတာအရမ်းတော်ပြီးဆရာမတွေအားကိုးရတဲ့အတန်းခေါင်းဆောင် Kang Seulgi ဆိုတဲ့ကောင်မလေးရယ်ပေါ့။သူတို့နှစ်ယောက်ကတော့ Chaeထက်စောပြီး အထက်တန်းပထမနှစ်ကတည်းကဘော်ဒါမှာနေခဲ့တာလေ။စာသင်ခန်းထဲမှာလဲChaeတို့သုံးယောက်ကတစ်တန်းတည်းထိုင်ကြတာ။တစ်နေ့မှာတော့ Chaeအံ့သွားစေမယ့်တစ်စုံတစ်ခုက Chaeဆီကိုရောက်ရှိလာပါတော့တယ်..........
#TBC
9/8/2021
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...