Chae ကလေးအနားမှာအိပ်တစ်ဝက်နိုးတစ်ဝက်နဲ့တစ်ညလုံးစောင့်နေပေးပြီးတော့မနက်မိုးလင်းဖို့ဆုတောင်းနေမိတယ်။Chaeလိုအရမ်းကြောက်တတ်တဲ့သူကတစ်ယောက်တည်းစောင့်ရတာအဆင်ပြေလို့နေခဲ့ပါဘူး။ကလေးနိုးလာမလားလို့ကြည့်မိပေမယ့်ကလေးကညကထိုးထားတဲ့ဆေးအရှိန်နဲ့နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့တယ်။မနက်6နာရီလောက်မှကလေးနိုးလာခဲ့ပါတယ်။Chaeကအစောကြီးကတည်းကနိုးနေတာမို့ကလေးကိုမျက်နှာသစ် သွားတိုက်စေပြီး ခဏပြန်လှဲနေစေလိုက်ပါတယ်။"ညီမလေး ဒီနေ့ဆေးရုံဆင်းရမှာနော်"
"သမီး ဒီမှာမနေချင်တော့ဘူး ကျောင်းကိုပြန်ချင်နေပြီ"
"ပြန်ရတော့မှာပါကွာ ဒါနဲ့ မနက်စာဘာစားမလဲ"
"ကော်ဖီနဲ့ကိတ်မုန့်လေးပဲစားချင်တယ် unnie"
"ဟုတ်ပါပြီရှင် ဒါဆို unnieဖျော်လိုက်အုံးမယ်နော်"
မနေ့ညနေက Chaeအန်တီလေးလာပေးသွားတဲ့ကော်ဖီကိုခုနကြိုထားတဲ့ရေနွေးနဲ့ဖျော်လိုက်ပြီးကိတ်မုန့်လေးကိုလည်းလှီးပေးလိုက်တယ်။အရမ်းပူနေမှာစိုးတာကြောင့်ကော်ဖီကို သေချာမွှေပြီးမှုတ်ပေးနေတော့ကလေးကChaeကိုပြုံးကြည့်နေတယ်။
"ရပါပြီ နည်းနည်းပူသေးတယ်နော် ညီမလေး"
"Unnieရော တစ်ခုခုသွားစားအုံးလေ""Unnieက ကိတ်မုန့်ပဲစားလိုက်တော့မယ်"
"နည်းနည်းလေးစားလို့မရဘူးနော် unnie"
"တစ်ဝက်လောက်စားပစ်မယ် ရပြီလား"
"Unnieက အစားကြီးလိုက်တာ"
Chaeတို့ရဲ့မနက်ခင်းလေးဟာတကယ်ကိုကြည်နူးဖို့ကောင်းပါတယ်။သံယောဇဥ် မေတ္တာတရားတွေနဲ့ထိုကလေးလေးသာရှိရင်စစ်မှန်တဲ့ပျော်ရွှင်မှုကိုတကယ်ခံစားရပါတယ်။မနက်9နာရီလောက်ရှိတော့ဒေါက်တာJennie Kim roundလှည့်လာပြီးကလေးကိုဆေးရုံဆင်းခွင့်ပေးလိုက်ပါတယ်။"ကဲ ညီမလေး ဆေးရုံဆင်းလို့ရပြီနော် ဆေးတွေကိုလည်းပုံမှန်သောက်ပါ အိပ်ရေးမပျက်စေနဲ့ အရမ်းပင်ပန်းနေပြီဆိုကောင်းကောင်းအနားယူပါ သွေးအားကောင်းစေမယ့်အစားအသောက်တွေကိုလည်းစားဖို့လိုမယ်"
YOU ARE READING
SERENITY
Fanficညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...