ညဘက်Guideချိန်ပြီးတော့ကလေးကChaeကိုအဆောင်ပြန်လိုက်ပို့ပါတယ်။Chaeကိုယ့်ဘာသာပြန်မလို့လုပ်ပေမယ့်သူကChaeရဲ့စာအုပ်တွေကိုကြိုပြီးယူထားနှင့်ပြီလေ။ဘယ်လိုမှငြင်းလို့မရတော့Chaeဘေးမှာခပ်ကုပ်ကုပ်လိုက်ပို့တဲ့သူမလေးနဲ့ပြန်လာခဲ့ရတော့တာပေါ့။
"Chae unnie ဒီနေ့တစ်နေ့လုံးသမီးကိုရှောင်နေသလိုပဲနော်""မဟုတ်ပါဘူးညီမလေးရဲ့ မဆုံဖြစ်တာပါ"
"ဘာကိုမဆုံဖြစ်ရမှာတုန်း အတန်းထဲမှာလဲသမီးကိုလုံးဝမကြည့်ဘူး နေ့လည်ကလဲအဆောင်ထဲကကိုထွက်မလာဘူး ညနေကမျက်နှာချင်းဆိုင်တွေ့တော့လဲမမြင်ချင်ယောင်ဆောင်သွားတယ်လေ"
ကလေးရဲ့တစ်ချက်ချင်းဆီပြန်ထောက်တဲ့စကားတွေကြားမှာChaeအခက်တွေ့နေရပါတော့တယ်။Chaeဘာမှပြန်မပြောဘဲနှုတ်ဆိတ်နေတော့ကလေးက
"Unnie ဘာမှမပြောဘူးလား ညတုန်းကကိစ္စကိုရှက်လို့လား မရှက်ပါနဲ့unnieရယ်""ဟာ မရှက်ပါဘူး မတော်တဆဖြစ်သွားတာပဲ"
"အဲ့တာဆိုလည်း ညဘက်ဆို အဆောင်ထဲမှာပဲနေနော် အပြင်မထွက်နဲ့ ညတုန်းကထက်ပိုဆိုးဆိုးအခြောက်ခံနေမယ် unnieရဲ့"
"မင်းနော် မစနဲ့လို့ပြောထားတာကို"
Chaeလည်းစိတ်ဆိုးချင်ယောင်ဆောင်လိုက်ပြီးခြေလှမ်းကိုသွက်သွက်လျှောက်လိုက်ပါတယ်။အဆောင်ရှေ့ကိုလည်းရောက်ပြီမို့
"ပေးတော့ မင်းလက်ထဲကစာအုပ်တွေ"
"မပေးဘူးဆိုရင်ရော ခုညunnieနဲ့အိပ်လိုက်မယ်လေ"
"မရဘူး ပြန်တော့ မင်းပြန်လိုက်တော့"
"Unnieကလဲ အတင်းတွေသာနှင်လွတ်နေတော့တာပဲ unnieတစ်ယောက်တည်းကြောက်နေမှာစိုးလို့ပါ unnie jisooကလည်းမရှိဘူးလေ"
ဟုတ်သားပဲ ဒီနေ့Chaeရဲ့အခန်းဖော်အမကသူ့အိမ်ကိုသုံးရက်လောက်ပြန်မယ်ဆိုပြီးပြန်သွားတာပဲ။Chaeတစ်ယောက်တည်းအိပ်ရမယ်ဆိုတော့နည်းနည်းကြောက်မိသား။ကလေးကိုခေါ်အိပ်လိုက်ရင်ကောင်းမလား
"မင်းအိပ်ချင်လာအိပ်လေ ငါတစ်ယောက်တည်းဖြစ်နေလို့နော် ခေါ်အိပ်ချင်လွန်းလို့တော့မထင်နဲ့"
Chaeကိုစလွန်းတဲ့ထိုကလေးကိုစိတ်မဆိုးပေမယ့်စိတ်ဆိုးချင်ယောင်ဆောင်ပြီးမင်းတွေငါတွေနဲ့ပြောနေတာ။ဒီလိုနဲ့ကလေးနဲ့အတူတူအိပ်ဖြစ်ပါတော့တယ်။Chaeနဲ့အခန်းဖော်အမကတစ်ယောက်တစ်ကုတင်စီအိပ်တာဆိုတော့ကလေးကိုတစ်ဖက်ကုတင်မှာပဲအိပ်ခိုင်းလိုက်ပါတယ်။ကလေးကguideချိန်မှာစာတွေအကုန်လုပ်ပြီးပြီဖြစ်လို့အိပ်လို့ရသွားပေမယ့်Chaeကတော့မနက်သင်ရမယ့်စာတွေကိုပြန်ကြည့်နေရင်းအိပ်လို့မရသေးပါဘူး။
"Unnie မအိပ်သေးဘူးလား"
"ခဏလေးညီမလေး unnieနက်ဖြန်စာသင်ဖို့ပြန်ကြည့်နေတာ"
"ဟာ unnieကလည်း အရမ်းနောက်မကျနဲ့လေ ခုတောင်11ထိုးနေပြီ အိပ်ရေးမဝရင်ကျန်းမာရေးထိခိုက်သတဲ့"
"အမယ် ရှင်လေးကိုပြောရမှာပါနော်အဲ့တာက ဆေးရောသောက်ပြီးသွားပြီလား"
"ပြီးပါပြီ unnieရဲ့ unnieလည်းခဏနေရင်အိပ်ရမှာနော် အကြာကြီးမနေရဘူး"
ဘာပဲပြောပြောတစ်ယောက်တည်းအိပ်ရတာနဲ့စာရင် ကလေးလာအိပ်ပေးတော့ကြောက်စိတ်တွေမရှိတော့သလိုပါပဲ။အအိပ်မက်တဲ့ထိုကလေးလေးကတော့ခေါင်းအုံးနဲ့ခေါင်းနဲ့ထိလို့မှမကြာသေး အိပ်ပျော်သွားလို့ဟောက်သံသဲ့သဲ့လေးတောင်ထွက်နေပါပြီ။အဲ့ကလေးဟောက်တတ်မယ်လို့Chaeထင်မထားတာတော့အမှန်။Chaeလည်းအိပ်ချင်နေပြီမို့စာကိုမြန်မြန်ကြည့်ရင်းစိတ်ကတော့ထိုကလေးဆီမှာသာ။Chae နက်ဖြန် စာမေးပွဲဖြေဖို့ကြည့်နေတဲ့စာသာဆို သေချာတယ် အဲ့စာမေးပွဲကျပြီ။စာကိုမှအာရုံမစိုက်နိုင်ပဲ ထိုကလေးဆီကိုသာစိတ်ရောက်နေတာကို။သူလေးကတော့ဘာမှမသိရှာ Chaeမကြောက်အောင်လာစောင့်ပေးတဲ့သူကြီးကအားကိုးရစွာအိပ်ပျော်လို့။စာကိုအာရုံမစိုက်နိုင်တဲ့အဆုံးစာအုပ်ကိုပိတ်ပြီး အိပ်လိုက်ပါတော့တယ်။အတွေးကမ္ဘာထဲမှာခေတ္တနစ်မြောပြီးChaeလည်းအိပ်မက်ကမ္ဘာထဲကိုရောက်ရှိသွားပါတော့တာပေါ့။Chaeအိပ်မက်မက်နေရင်းလန့်နိုးသွားတော့ရေတစ်ခွက်သောက်ပြီးပြန်မှေးနေတုန်းညည်းသံသဲ့သဲ့လေးကြားလေးကြားလိုက်ရတယ်။သေချာအာရုံစိုက်နားထောင်လိုက်တော့ကလေးကုတင်ကလာတာပဲ။
"ကိုကြီး ကိုကြီး ညီမလေးကိုကယ်ပါဦး ကယ်ကြပါဦး"
ဒီကလေးအိပ်မက်ဆိုးတွေမက်ပြီးယောင်နေတာပဲ။Chaeအမြန်ထပြီးသူ့ကုတင်နားလေးကိုသွားကြည့်လိုက်တော့ချွေးတွေနဲ့ရွှဲနေပြီးယောင်နေတဲ့ထိုကလေး။အဲ့လိုမြင်လိုက်ရတော့ရင်ထဲမှာစိတ်မကောင်းဖြစ်မိသွားတယ်။လက်ကိုင်ပုဝါလေးနဲ့ချွေးတွေကိုသုတ်ပေးလိုက်ရင်း
"ညီမလေး lili သတိထားလေ unnieရှိတယ်မကြောက်နဲ့နော်"
အိပ်မက်ဆိုးတွေကလွန်မြောက်သွားလို့နဲ့တူပါရဲ့ ကလေးနိုးလာခဲ့တယ်။
"Unnie သမီးအရမ်းကြောက်တာပဲ မေ့မေ့ကိုလည်းသတိရတယ် ကိုကြီးကိုရောပဲ"
"သြော် ညီမလေးရယ် ညီမလေးရဲ့မေမေက ညီမလေးကိုလာခေါ်ဖို့အခွင့်မသာသေးလို့နေမှာပါ ဘာမှမကြောက်နဲ့နော် unnieအနားမှာရှိတယ် သူငယ်ချင်းတွေလည်းရှိတယ်နော် ဘာမှအားငယ်စရာမလိုဘူး မငိုနဲ့တော့"
ကလေးရဲ့မျက်ရည်တွေကိုမမြင်ချင်တာအမှန်ပါ။Chaeဖြစ်နိုင်ရင်လေ ကလေးရဲ့အမေကိုတွေ့အောင်ရှာပေးချင်လိုက်တာ။ကလေးကိုဘာလို့တစ်ယောက်တည်းထားခဲ့သလဲလို့လဲမေးလိုက်ချင်တယ်။Chaeတွေးနေမိတာကတော့ ကလေးအားငယ်နေတာကိုမမြင်ချင်ဘူး ကလေးဝမ်းနည်းနေတာကိုမမြင်ချင်ဘူး တတ်နိုင်သမျှပျော်ရွှင်အောင်ထားပေးချင်တယ် Chaeရဲ့မှန်ကန်သောဆန္ဒပါ။
"Unnie ကျေးဇူးတင်ပါတယ် ခါတိုင်းအိပ်မက်ဆိူးတွေမက်ရင်သမီးကို ဘယ်သူမှအားပေးမယ့်သူမရှိဘူး"
"အခု unnieရှိတယ်လေ ညီမလေးနားမှာအမြဲရှိနေပေးပါ့မယ် unnieရဲ့ပျော်ရွှင်မှုတွေကို ညီမလေးနဲ့ဝေမျှချင်တာပါ"
"Unnieကိုအရမ်းချစ်တယ်နော်"
ကလေးကဘယ်လိုသဘောမျိုးနဲ့ပြောလဲမသိပေမယ့်Chaeကတော့ ရင်တွေပရမ်းပတာခုန်နေမိတယ်။ပြောစရာတွေလည်းဆွံအလို့တစ်ယောက်မျက်နှာတစ်ယောက်ငေးနေမိလို့ နေရခက်တဲ့အခြေအနေကြီးကရုန်းထွက်ဖို့အတွက် နာရီသွားကြည့်လိုက်တော့ မနက်2နာရီပဲရှိသေးတယ်"ညီ ညီမလေး 2နာရီပဲရှိသေးတယ် ပြန်အိပ် အိပ်လိုက်အုံးလေ"
Chaeကလေ စိတ်လှုပ်ရှားနေရင်စကားထစ်တတ်တဲ့အကျင့်လေးရှိတယ်။ခုလည်းကလေးရဲ့စကားမှာ စိတ်တွေလှုပ်ရှားသွားတာမို့ စကားတွေထစ်နေမိတယ်
"ဟုတ်ကဲ့ပါunnie ဒါနဲ့လေ မနက်ကျရင်unnieကိုနေရာတစ်ခုကိုခေါ်သွားချင်လို့ စောစောထနော်"
"ဘယ် ဘယ်ကိုသွားမလို့လဲညီမလေးရဲ့"
"ဟင့်အင်း မနက်ကျရင် unnieသိသွားပါလိမ့်မယ်နော် unnieအဲ့နေရာလေးကိုအရမ်းသဘောကျမှာပါ ခုအိပ်တော့နော် ညီမလေးကြောင့်အိပ်ရေးပျက်ရပြီ"
"ဟုတ်ပြီ ဟုတ်ပြီ အိပ်ပျော်အောင်အိပ်နော်"
Chaeလည်းမီးကိုပိတ်ပြီးပြန်အိပ်ဖို့ကြိုးစားပေမယ့် ကလေးခုနပြောလိုက်တဲ့စကားရယ် မနက်ကျရင်unnieသိမှာပါဆိုတဲ့ ပဟေဌိရယ်ကြောင့်ရင်ခုန်ရင်းအတွေးများရင်း တော်တော်နဲ့ပြန်အိပ်မပျော်နိုင်တော့ပါဘူး..........
#TBC
14/8/2021
AN: သမီးဆိုတဲ့အသုံးအနှုန်းကနည်းနည်းတော့ထူးဆန်းနေမလားမသိဘူး ဒါပေမယ့်သဘောကျလို့:3
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...