တစ်ညလုံးအတွေးတွေနဲ့ကောင်းကောင်းအိပ်မပျော်ပဲမိုးလင်းခါနီးမှအိပ်ပျော်သွားခဲ့တယ်။အိပ်ပျော်လို့မှမကြာသေးကလေးရဲ့နှိုးသံလေးကိုကြားလိုက်ရတယ်။
"unnie ထတော့လေ 5နာရီထိုးနေပြီ"
"အင်း ထပြီ ထပြီ ညီမလေး"
Chaeလည်းအိပ်ရေးမဝတော့ထပြီလို့ပြောပြီးတစ်ဖက်ကိုလှည့်ပြီးဆက်အိပ်နေလိုက်ပါတယ်
"Unnieထနော် မထလို့ရှိရင်မြင်ကွင်းလှလှလေးတွေနဲ့လွဲချော်သွားလိမ့်မယ်နော်"
"အာ ထပြီကွာ"
"ဟုတ်ပြီ ထ မျက်နှာသွားသစ်မယ်"
အပျင်းကြီးနေတဲ့Chaeကိုကလေးကအတင်းလာထူပြီးဆံပင်လေးတွေကိုသပ်ပေးနေခဲ့တယ်။ဆံပင်ကိုမေမေကလွဲလို့ဘယ်သူကိုင်တာမှမကြိုက်တဲ့Chaeကကလေးရဲ့တယုတယဆံပင်လေးတွေကိုသပ်တင်ပေးနေမှုကိုတော့သဘောကျလို့နေခဲ့ပါတယ်။
မျက်လုံးမဖွင့်နိုင်သေးတဲ့Chaeကို
"Unnieရယ် မျက်လုံးကြီးမှိတ်မထားပါနဲ့ကွာ ခလုတ်ဝင်တိုက်နေပါ့မယ်"
ကလေးကသူ့အိပ်ဆောင်သွားပြီးသွားတိုက်တံမျက်နှာသုတ်ပဝါတွေယူလာပြီးနေပါပြီ။Chaeအတွက်သွားတိုက်ဆေးနဲ့သွားတိုက်တံအဆင်သင့်မျက်နှာသုတ်ပဝါအဆင်သင့်လုပ်ပေးထားပါတယ်။
"Unnieရာ မြန်မြန်လာပါ နောက်ကျတော့မယ်"
ခြေတစ်လှမ်းကုဋေတစ်သန်းလျှောက်နေတဲ့Chaeကိုကလေးကစိတ်မရှည်တော့ဘူးထင်ပါ့။ကျောင်းမှာကမနက်ငါးနာရီခွဲဆိုကလေးတွေအကုန်ထရတယ်။ငါးနာရီပဲရှိသေးတာမို့ကျောင်းကဆရာလေးတွေပဲထသေးပါတယ်။ရေကန်မှာတော့Chaeတို့နှစ်ယောက်ပဲရှိသေးတယ်။ကလေးကမျက်နှာအရင်သစ်လိုက်တော့
"ညီမလေးက မျက်နှာအရင်သစ်တာလား သွားအရင်မတိုက်ဘူးလား"
ပုံမှန်အတိုင်းဆိုလူတော်တော်များများကသွားအရင်တိုက်ပြီးမှမျက်နှာသစ်ကြတာမို့ကလေးကိုမေးကြည့်လိုက်တော့
"Unnieကလဲ မျက်နှာကိုအရင်သစ်လိုက်မှစိတ်တွေကြည်လင်လန်းဆန်းသွားတာ ဒါကြောင့်မို့ဘာမှမလုပ်ခင်မျက်နှာအရင်သစ်တာunnieရဲ့"
တကယ်ပဲကလေးကတော့လေ။
"ဒီမှာ unnieရဲ့သွားတိုက်တံ"
"ဟုတ်ကဲ့ကျေးဇူးပါရှင့်"
မနက်ခင်းတွေကသိပ်ကိုသာယာပါတယ်။ဒါပေမယ့်ဒီမနက်ခင်းလေးကတော့ပိုပြီးသာယာနေသလိုပါပဲ။သွားဖို့အတွက်မြန်မြန်ပြင်ဆင်လိုက်ပြီးကလေးကအပြင်သွားဖို့အတွက်ဆရာလေးတွေကိုခွင့်တောင်းလာခဲ့ပါတယ်။
"ညီမလေး စက်ဘီးနဲ့သွားမှာလား"
"ဟုတ်တယ်unnieရဲ့ စက်ဘီးလေးနင်းပြီးမနက်ခင်းရဲ့အရသာကိုခံစားကြည့်တာပေါ့ သမီးနောက်ကတက်unnie"
"ဟာ ဖြစ်ပါ့မလား ညီမလေးနိုင်ပါ့မလားunnieကို"
"Unnieရယ် unnieခန္ဓာကိုယ်ကတော်တော်ကြီးတာဆိုတော့ လာပါ သွားရအောင်နောက်ကျတော့မယ်"
ဒီလိုနဲ့ကလေးရဲ့နောက်မှာထိုင်လိုက်ရင်းစက်ဘီးလေးကတဖြေးဖြေးကျောင်းနဲ့ဝေးလာခဲ့ပါတယ်။အလင်းရောင်မှုန်ပြပြကြားမှာရောင်နီလေးတွေတော့မြင်နေရပါပြီ။မိုးတွင်းဖြစ်တာမို့ဒီနေ့မိုးမရွာပဲကြည်လင်နေတာကိုပဲကျေးဇူးတင်မိနေပါတယ်။ကျောင်းကမြို့အစွန်လောက်မှာရှိပေမယ့်ကလေးကမြို့နဲ့အဝေးကိုပဲဆက်ပြီးစီးလာခဲ့ပါတယ်။လယ်ကွင်းစိမ်းစိမ်းတွေကြားကလမ်းလေးမှာChaeတို့စက်ဘီးလေးရယ် ငှက်ကလေးတွေရယ် တစ်ချက်ချက်တိုက်သွားတဲ့လေပြေလေးတွေရယ်နဲ့သိပ်ကိုသာယာလှပနေခဲ့ပါတယ်။
"Unnie နောက်ကကိုင်စရာရှိတာလဲမဟုတ်ဘူး ရှေ့မှာလမ်းကပိုဆိုးတော့မှာunnieရဲ့ သမီးခါးလေးကအားနေပါတယ် ဖက်ထားရင်လဲစိတ်မဆိုးဘူးသိလား"
"ရပါတယ် unnieပြုတ်မကျအောင်နေတတ်ပါတယ်"
"ပြီးရော ပြီးရော ပြုတ်ကျရင်နောက်ကိုလှည့်မကြည့်ဘူး သိလား"
"ညီမလေး ဘယ်သွားမလို့လဲ unnieကိုပြောတော့လေ"
"ရောက်တော့မယ်unneiရဲ့ ခဏလေးပဲစောင့်"
ကလေးကနောက်ကိုအာရုံစိုက်ပြီးပြောနေတာမို့စက်ဘီးကချိုင့်ခွက်ထဲကိုကျသွားပြီးခုန်လိုက်တော့Chaeလဲလေပေါ်ကိုမြောက်သွားတော့တာပေါ့။တော်သေးတယ်ကလေးခါးလေးကိုအလျင်အမြန်ဖက်လိုက်လို့။မဟုတ်ရင်မြေကြီးနဲ့မိတ်ဆက်နေလောက်ပြီ။
"တွေ့လား unnieကိုဖက်ထားပါလို့ သမီးပြောသားပဲ"
Chaeလဲပြုတ်ကျမှာတော့ကြောက်တယ်လေ။ဒါ့ကြောင့်မို့ကလေးရဲ့ခါးလေးကိုမြဲမြံစွာဖက်ထားမိတယ်။ဖက်ထားရင်းဟိုနေ့ညကကလေးရဲ့ရင်ခွင်နွေးနွေးအကြောင်းကိုတွေးမိတော့ရင်ထဲနွေးခနဲခံစားလိုက်ရတယ်။
"Unnie သမီးခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာလဲ"
"အဲ မဟုတ်ပါဘူး ဘာပြောမလို့လဲညီမလေးရဲ့"
"ရောက်ပြီလို့ပြောမလို့"
ခုမှပတ်ဝန်းကျင်ကိုကြည့်လိုက်မိတော့ ကလေးကမြို့အထွက််ကတောင်ကုန်းလေးကိုခေါ်လာတာပဲ။တောင်ကတုံးလိုဖြစ်နေတဲ့တောင်ပေါ်မှာမြက်ခင်းစိမ်းစိမ်းရယ် ရေတမာပင်အမြင့်ကြီးနှစ်ပင်ရယ်နဲ့ သိပ်ကိုပနံရနေတာပဲ။အရှေ့ဘက်မှာရှိတဲ့တောင်တန်းကြီးထဲကနေ နေလုံးကြီးထွက်လာတဲ့မြင်ကွင်းကတော့ရင်သပ်ရှုမောဖွယ်ပါပဲ။
"သာယာလိုက်တာ ညီမလေးရယ်"
"ဟုတ်တယ်unnieရဲ့ လူတွေကနေ့တိုင်းနေထွက်နေတာကို အထူးအဆန်းလုပ်ပြီးကြည့်တာကို အချိန်ဖြုန်းတယ်လို့ပြောကြတယ် သမီးကတော့အဲ့လိုမထင်ဘူး တစ်ခါတစ်ရံမှာစိတ်ကိုအနားပေးတဲ့အနေနဲ့သဘာဝတရားကြီးရဲ့လက်ဆောင်အလှတရားတွေကိုခံစားကြည့်သင့်တယ်"
"မှန်တာပေါ့ ညီမလေးရယ် နေလုံးကြီးမှာ အားမာန်အပြည့်ရှိတယ် နေထွက်လာတာကိုကြည့်ရတာအဲ့ဒီအားမာန်တွေ ကိုယ့်ဆီရောက်ရှိလာသလိုခံစားရတယ်"
"Unnieက နေထွက်လာတာကိုကြည့်ရတာ သိပ်သဘောကျတာမလား အဲ့တာကြောင့်သမီးခေါ်လာတာunnieရဲ့"
"ဟင် ညီမလေးဘယ်လိုသိလဲ unnieဒီအကြောင်းကိုဘယ်သူ့ကိုမှပြောမပြဖူးပါဘူး"
"သမီးက unnieစိတ်ကိုဖတ်ကြည့်လိုက်တာ"
"ဟောတော့ ဒါဆို unnieတွေးနေတာတွေကိုအကုန်သိနေတာပေါ့"
Chaeကရယ်ကျဲကျဲပြောလိုက်တော့
"ဟား ဟား စတာပါunnieရယ် သမီးကစွမ်းအားရှင်မှမဟုတ်တာ"
မြက်ခင်းစိမ်းပေါ်မှာထိုင်ရင်းအပူရှိန်တွေသယ်ဆောင်မလာသေးတဲ့နေလုံးနီနီကြီးတရွေ့ရွေ့နဲ့မြင့်တက်လာတာကိုကြည့်ရတာChaeအရမ်းသဘောကျတာ။ဒါကိုဒီကလေးဘယ်လိုသိပါလိမ့်။ Chaeတို့လူသားတွေကသဘာဝရဲ့အလှတရားတွေကိုအမြင် အကြား အထိအတွေ့နဲ့ခံစားရုံမက ခံစားဖွဲ့နွဲ့ရင်းစာတွေကဗျာတွေပါဖန်တီးခဲ့ကြတယ်မလား။Chaeရဲ့ဘေးမှာကလေးကလည်းအလိုက်သိစွာတိတ်ဆိတ်ငြိမ်သက်ပြီးငေးမောနေခဲ့ပါတယ်။လေနုအေးလေးတွေတဖြူးဖြူးတိုက်ခတ်သွားတဲ့အချိန်မှာပန်းရနံ့လေးတွေကြောင့်ပိုပြီးပြည့်စုံသွားတော့တာပေါ့။
"ညီမလေး ဘယ်သွားမလို့လဲ"
ကလေးကထသွားလို့မေးကြည့်လိုက်တော့
"ခဏလေးunnie သမီးပြန်လာခဲ့မယ်"
ဒီကလေးဘယ်သွားပါလိမ့်။Chaeတဖြေးဖြေးကြည့်နေရင်းနဲ့နေလုံးကြီးဟာအပြည့်အဝအလင်းရောင်တွေဖြာထွက်လို့အပူရှိန်တွေကိုပါသယ်ဆောင်လာခဲ့ပါပြီ။Chaeကိုနောက်ကနေမျက်လုံးကိုလက်နဲ့လာပိတ်တော့နှစ်ယောက်တည်းရှိတဲ့နေရမှာထိုကလေးကလွဲလို့ဘယ်သူဖြစ်နိုင်အုံးမှာလဲ။
"LiLiရယ် unnieနဲ့ညီမလေးနှစ်ယောက်တည်းရှိတာလေ လာပါ လုပ်မနေနဲ့"
"Unnieကလဲ သမီးကစချင်လို့ပါ unnie မျက်လူံးထပ်မှိတ်"
"မမှိတ်ချင်ပါဘူး ဘာလို့မှိတ်ရမှာလဲ"
"Unnieရာ ခဏလေးပဲမှိတ်ပါ ခဏလေးပဲ"
"ပြီးရော မှိတ်ပြီ"
Chaeရဲ့လက်ကိုကိုင်ပြီးကလေးကလက်ထဲကိုတစ်ခုခုထည့်ပေးလိုက်သလိုခံစားရပါတယ်
"ဖွင့်လို့ရပြီ unnie"
"ဟာ ပန်းပုရုပ်လေးပါလား"
ငါးလောက်မလောက်ပဲမြင့်တဲ့ကောင်မလေးရုပ်လေးပဲ။ဆေးရောင်ပါသေချာလေးခြယ်ထားတော့တကယ်ကိုအသက်ဝင်နေသလို။မျက်နှာလေးကိုသေချာကိုင်ကြည့်လိုက်တော့ Chaeမျက်နှာနဲ့ချွတ်စွတ်။
"Unnieကြိုက်ရဲ့လား သေချာကြည့်ပါအုံး ဘယ်သူနဲ့တူလဲ"
သူ့ကိုစချင်တာနဲ့
"ကောင်မလေးရုပ်နဲ့တူတယ်လေ"
"Unnieနော် unnieပုံလေးကိုသေချာဖန်တီးပေးထားတာပါနော် ဒီမှာတောပန်းလေးတွေ ခုနဒါလေးတွေသွားခူးနေတာunnieရဲ့ သမီးပန်ပေးလို့ရမလား"
"အင်း ပန်ပေးလေ"
Chae ဆံပင်လေးတွေကိုနားရွက်နောက်သပ်ပေးလိုက်တော့ကလေးကနားရွက်ကြားလေးမှာပန်းအဖြူရောင်လေးကိုပန်ပေးပါတယ်။
"ဟာ unnie အရမ်းလှသွားပြီ"
"ကျေးဇူးအများကြီးတင်ပါတယ် ညီမလေး"
"Unnieရာ ဒီစကားတွေကလိုလို့လား""ပန်းပုရုပ်လေးကအရမ်းလှတယ်သိလား ညီမလေးကိုယ်တိုင်ထုထားတာလား"
"ဟုတ်တယ်unnieရဲ့ သမီးကိုကျောင်းမှာလာပြီးကူညီပေးနေတဲ့ဘဘကြီးကသင်ပေးခဲ့တာ ခုတော့သူလဲဆုံးသွားရှာပါပြီ"
"အရမ်းလက်ရာမြောက်တာပဲညီမလေးရယ်"
"ပုံတူက unnieကိုပထမဆုံးထုပေးဖူးတာပဲ နောက်လည်းဘယ်သူ့ကိုမှပုံတူထုမပေးတော့ဘူးလို့ဆုံးဖြတ်ထားတယ်"
"ဟုတ်ပါပြီရှင် ပြန်ရအောင်လေညီမလေး 7နာရီထိုးနေပြီ အတန်းတက်ရအုံးမယ်မလား unnieလဲပထမချိန်အတန်းဝင်ရမှာ"
"ဟုတ် unnie""Unnieနင်းမယ်နော် အလာတုန်းကညီမလေးနင်းထားတာပဲ ခုလမ်းလဲသိသွားပြီလေ"
ရှေ့ခြင်းထဲမှာကလေးပေးထားတဲ့ပန်းပုရုပ်လေးရယ်ပန်းလေးတွေရယ်ကိုအမြတ်တနိုးထည့်လာခဲ့တယ်။လမ်းမှာမိုးဖွဲဖွဲလေးကရုတ်တရက်ရွာချလာတာမို့စက်ဘီးကိုမြန်မြန်နင်းလာခဲ့တယ်။Chaeရဲ့စိတ်ထဲမှာတော့ပျော်ရွှင်ခြင်းတွေရယ် ကြည်နူးခြင်းတွေရယ်နဲ့ပြည့်လို့နေခဲ့ပါတယ် .........
#TBC
15/8/2021
ဖတ်ရတာအဆင်မပြေမှုများရှိခဲ့ရင် Readerတွေ ကိုအနူးအညွှတ်တောင်းပန်ပါတယ်..💛
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...