Chaeမနက်စောစောChaeတို့ရဲ့နယ်မြို့လေးကိုပြန်ရောက်တော့မေမေကကားဂိတ်ကိုလာကြိုပါတယ်။Chaeမေမေ့ကိုမြင်ပြီးကလေးတစ်ယောက်ကိုကားပေါ်ကပြေးဆင်းတော့
"သမီးရယ် ဖြည်းဖြည်းဆင်းပါ တော်ကြာသွားကျိုးနေလို့ သွားကျိုးမလေးလို့အစခံနေရမယ်"
"မေမေကလည်းသမီးကိုတွေ့တာနဲ့လုပ်ပြီ မေ့မေ့ကိုလွမ်းနေတာ""ခုမှလာချွဲနေ မအေကိုတစ်လကြာလို့တစ်ခါဖုန်းမဆက်တဲ့သူက"
"မေမေကလည်း သမီးကကြီးကြီးတို့အိမ်ကိုမရောက်ဖြစ်လို့ပါ"
"သွားမယ် အိမ်ရောက်မှဆက်ပြောတော့ ပြီးရင်မေမေနဲ့စျေးသွားမယ်"
အိမ်ကိုရောက်တော့မေမေ့ရင်ခွင်မှာခိုလှုံ
လိုက်ရသလိုနွေးထွေးသွားပါတယ်။လေးလလောက်ဝေးကွာနေတဲ့Chaeရဲ့အခန်းလေးကလည်းအရင်လိုနွေးထွေးလျက်ပဲ။မေမေအမြဲသန့်ရှင်းရေးလုပ်ပေးထားတယ်ထင်ပါ့ရဲ့ Chaeရှိတုန်းကလိုအရာရာဟာစနစ်တကျ။Chaeကုတင်ပေါ်မှာခြေပစ်လက်ပစ်လှဲလိုက်ရင်းခရီးပန်းတာနဲ့အိပ်ပျော်သွားခဲ့တော့တာပေါ့။Chaeနိုးလာတော့ကိုးနာရီတောင်ထိုးနေပြီ။မေမေကလည်းChaeနဲ့စျေးသွားမယ်ဆိုပြီးလာတောင်မနှိုးဘူး။Chaeကိုအိပ်စေချင်လို့နေမှာ။အဝတ်အစားမလဲပဲအိပ်ပျော်သွားတာမို့အဝတ်အစားလဲပြီးအောက်ထပ်ကိုဆင်းလာတော့မီးဖိုထဲမှာမေမေကချက်ပြုတ်တောင်နေပြီ။"မေမေ သမီးကိုလဲမနှိုးဘူး စျေးကပြန်လာပြီလား"
"ပြန်လာပြီပေါ့သမီးရဲ့ သမီးကြိုက်တတ်တဲ့ပုစွန်လေးရယ် ခရုဟင်းချိုလေးရယ် ချက်မယ် ဗိုက်လေးပြီးအိပ်ရာကမထနိုင်ရင်တော့မေမေတာဝန်မယူဘူးနော်"
"သမီးအကြိုက်တွေပဲ ဗိုက်ခွေးနမ်းပြီပေါ့မေမေရာ သမီးလည်းကူချက်မယ်နော်"
"ကူချက်မှာလား ကူရှုပ်မှာလားပြောပါအုံး"
"မေမေကလဲ သမီးကချက်ကြည့်ချင်လို့ပါ"
Chaeဟင်းချက်နေရင်းနဲ့ chief ဖြစ်ချင်တဲ့ကလေးအကြောင်းကခေါင်းထဲရောက်လာပြန်တယ်။ဟင်းကူချက်ပေးနေရင်းမေမေက
"သမီး ဖာသာတို့ကျောင်းမှာနေရတာအဆင်ပြေရဲ့လား"
"ပြေပါတယ်မေမေရဲ့ စာသင်ရတာရော နေရထိုင်ရတာရော စားရသောက်ရတာရော အကုန်အဆင်ပြေတယ် သမီးစာသင်ရတဲ့ကလေးတွေကရောလိမ်မာကြတာမို့စိတ်ချမ်းသာရတယ်လေ"
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...