PART-3

459 41 1
                                    


  တစ်နေ့မှာChaeရေချိုးပြီးအခန်းထဲကိုဝင်လာတုန်းမမျှော်လင့်တဲ့မြင်ကွင်းတစ်ခုကစောင့်ကြိုလို့နေခဲ့တယ်။Suelgiက Ireneကိုအကြင်နာပေးနေတယ့်မြင်ကွင်းကိုChaeအမြင်မှားတာလားလို့ထင်ခဲ့မိတယ်။Chaeကိုမြင်တော့မှSeulgiနဲ့Ireneကလက်တွဲထားရင်းChaeကိုပြုံးပြတယ်။Chaeလဲခုနမြင်ကွင်းကိုမေးခွန်းတွေထုတ်စရာရှိပေမယ့်Ireneတို့ကိုအားနာလို့စိတ်ထဲမှာပဲသိမ်းထားလိုက်ပါတယ်။Chaeအကျီလဲပြီးတော့Ireneတို့ကစကားစလာတယ်။
  "Chae ငါတို့နင့်ကိုပြောစရာရှိတယ်"

  "အင်း ပြောလေ Ireneရဲ့"
 
"ငါနဲ့Seulgiနဲ့ချစ်သူတွေဖြစ်နေကြပြီ"
 
"အို ဘယ်လိုဖြစ်နိုင်မှာလဲဟ နင်တို့နှစ်ယောက်စလုံးက မိန်းကလေးတွေလေ"
  
"Chaeရဲ့ အချစ်ဆိုတာ ပုံ​သေသတ်မှတ်လို့ရတာမှမဟုတ်ပဲ အခုငါတို့အချစ်ကိုတွေ့ရှိခဲ့တယ် အဲ့အချစ်က ယောကျ်ားလေးတစ်ယောက်မဟုတ်ပဲ မိန်းကလေးတစ်ယောက်ဖြစ်နေရုံပါပဲဟာ"
 
"အဲ့တာဆို နင်တို့နှစ်ယောက်မှာ ဘယ်သူကယောကျ်ားလေးစိတ်ပေါက်နေတာလဲဟင်"
 
"ဘယ်သူမှယောကျ်ားလေးစိတ်မပေါက်ဘူး ငါလဲမိန်းကလေးလိုပဲနေတယ် Seulgiလဲပဲမိန်းကလေးလိုပဲနေချင်တာ ငါတို့နှစ်ယောက်ချစ်ဖို့အတွက် ဘယ်သူမှယောကျ်ားလေးစိတ်ပေါက်နေဖို့မလိုပါဘူးဟာ"
 
"တစ်ခြားသူတွေသိသွားရင်လဲ နင်တို့ကိုအပြစ်ပြောကြလိမ့်မယ်ဟ"
 
"ပြောကြပါစေ Chaeရာ ငါတို့ကဖောက်ပြန်နေတာလဲမဟုတ်ဘူး ဘယ်သူ့ရည်စားကိုမှခိုးထားတာလဲမဟုတ်ဘူး ဖြူဖြူစင်စင်နဲ့မြတ်မြတ်နိုးနိုးချစ်ကြတာ ငါတို့ကြားကအချစ်တွေနဲ့ အရာရာကိုရင်ဆိုင်နိုင်တယ်"
   
  Chaeကသဘောထားပြည့်ဝတဲ့သူတစ်ယောက်ဖြစ်လို့ဘာမှထုတ်မပြောပေမယ့်စိတ်ထဲမှာတော့ ထိုချစ်ခြင်းတရားကိုအပြစ်လို့မြင်ပြီးလက်ခံနိုင်စရာမရှိဘူးလို့တွေးနေခဲ့ပါတယ်။Ireneတို့နှစ်ယောက်ကိုကြည့်ရတာတော့သိပ်ချစ်ကြပြီး အရမ်းကြည်နူးဖို့ကောင်းတယ်။ဒါပေမယ့် မိန်းကလေးဟာယောကျ်ားလေးကိုပဲချစ်ရမယ်လေ။သူတို့နှစ်ယောက်အနေနီးလို့သံယောဇဥ်ကိုအမည်မှားတပ်ကြတာဖြစ်မှာပါလေ။သူတို့တွဲလက်တွေကရောခိုင်မြဲနိုင်ပါ့မလား။

    Chaeလဲသူတို့နဲ့အခင်အမင်မပျက်နေလာခဲ့ရင်းနဲ့Seulgiနဲ့Ireneကြားကချစ်ခြင်းမေတ္တာတရားတွေ တန်ဖိုးထားမှုတွေ လေးနက်မှုတွေကိုသိမြင်လာရပါတော့တယ်။Chaeအရင်ကထင်ခဲ့တာကချစ်သူတွေဖြစ်ကြတာကယောကျ်ားလေးနဲ့မိန်းကလေးဖြစ်မှလို့ထင်ခဲ့တာ။ခုချိန်မှာတော့ချစ်ခြင်းတရားဟာ ပုံစံမျိုးစုံရှိတတ်ကြောင်းသိလာခဲ့ပါပြီ။Seulgiနဲ့Ireneကြောင့် အတွေးတွေပြောင်းလဲခဲ့ရတာပါ။ဒါပေမယ့် Chaeကတော့ ယောကျ်ားလေးတွေပဲစိတ်ဝင်စားတယ်(AN:အပြောမကြီးပါနဲ့အုံး Chaeရယ်😌)။MinSooကိုလဲတစ်ခါတစ်ခါတော့ သတိရမိနေရင်းပေါ့။Chaeရဲ့နှလုံးသားလေးကတော့ယခုတိုင်သေဆုံးလျက်ပါ။Chaeရဲ့အေးခဲနေတယ့်နှလုံးသားလေးကိုဘယ်သူတစ်ဦးတစ်​​ယောက်ကမှလှုပ်ရှားလာအောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး......

SERENITY Where stories live. Discover now