နေမကောင်းတာတောင်ကလေးငယ်လေးတွေကိုအေးအေးဆေးဆေးမျက်နှာသစ်ပေးသွားတိုက်ပေးနေတယ့်ထိုကလေးမလေးနားကိုသွားပြီးဆူရတော့တာပေါ့"LiLi ညီမလေး နေကောင်းတာလည်းမဟုတ်ပဲနဲ့ တော်တော့လာ unnieဆက်လုပ်လိုက်မယ် အိပ်ဆောင်ကိုသွားတော့"
"သမီးကနေကောင်းနေပါပြီ Chae unnieရဲ့ ဒါပေမယ့်unnieစကားကိုနားထောင်တယ့်အနေနဲ့သွားပြီနော်"
ထိုကလေးကလေစကားကိုတော့နားထောင်ရှာသားပဲ။သူ့ကိုဆူရတာကလဲခုမှနေကောင်းခါစမို့စိုးရိမ်လို့ပါ။သူမလေးထွက်သွားတော့မှကလေးတွေကိုမြန်မြန်မျက်နှာသစ်သွားတိုက်ပေးရင်းသူလေးရှိမယ်ထင်တဲ့အိပ်ဆောက်ကိုထွက်လာလိုက်တယ်။အိပ်ဆောင်ကိုရောက်တော့အလိမ္မာစာကြမ်းပိုးလေးကစာတွေလုပ်နေလိုက်တာ။Chaeကိုမြင်တော့
"Chae unnie ညီမလေးကို တစ်ညလုံးစောင့်အိပ်ပေးတာဆို"
"အင် အင်း unnieလဲ မအိပ်ချင်တာနဲ့ပဲလာထိုင်နေလိုက်တာ"
"Unnieရယ် ညီမလေးကိုစိတ်ပူရင်စိတ်ပူတယ်ပြောပါ unnieတစ်ညလုံးမအိပ်ဘဲကိုယ်အပူချိန်စမ်းလိုက် ဆေးပုလင်းကိုကြည့်လိုက်လုပ်နေကြောင်းနေကြောင်းတွေလဲသိပြီးပါပြီနော်"
"အော် ကိုယ့်ညီမလေး နေမကောင်းတာကို အမဖြစ်တဲ့ ကျမကစိတ်မပူပဲနေမလားရှင့်"
Chaeပြောလိုက်တော့ကလေးမျက်နှာလေးတစ်ချက်ပျက်သွားသလိုခံစားလိုက်ရတယ်။Chaeစကားမှားမသွားပါဘူးနော်။Chaeလည်းဆန်ပြုတ်အိုးကိုသတိရပြီးစားဖိုဆောင်ကိုအပြေးအလွှားသွားတော့မှ ဟူး....တော်ပါသေးရဲ့ ဆန်ပြုတ်အိုးလေးကမီးဖိုဘေးမှာ။အိုးကိုဖွင့်ကြည့်တော့ကြက်သွန်မြိတ်လေးတွေအုပ်ထားပြီးအနံအရသာကလဲရှယ်ပဲ
"သမီးChae အန်တီသမီးဆန်ပြုတ်အိုးတည်သွားတာမြင်လို့ သေချာလေးပြုတ်ပေးထားတယ် liliလေးအတွက်ထင်တယ်"
"ဟုတ်တယ်အန်တီရဲ့ သမီးလည်းဆန်ပြုတ်အိုးတည်ထားခဲ့ပြီးမေ့နေတာ ကျေးဇူးအများကြီးတင်ပါတယ် အန်တီ"
စားဖိုဆောင်ကအန်တီကြီးကြည့်ပေးထားလို့သာပေါ့။မဟုတ်ရင်ဆန်ပြုတ်လဲဝက်စာအိုးထဲရောက်နေလောက်ပြီ။ကလေးကိုသွားခေါ်လိုက်ပြီးဆန်ပြုတ်ပဲသောက်ရမယ်ဆိုတော့ကလေးမကမကြိုက်သယောင်။
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...