Chaeဒီနေ့အန်တီလေးတို့အိမ်ကိုမရောက်တာကြာပြီမို့သွားလည်ခဲ့ပါတယ်။နောက်ထပ်အကြောင်းတစ်ခုကတော့ဒီနေ့ညတက္ကသိုလ်ဝင်ခွင့်တွေထွက်မှာမို့ပါ။ဘယ်လောက်ပဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေပါစေစိုးရိမ်စိတ်တော့ဝင်မိတယ်။Chae Rollဘယ်လောက်ရရမယ်လို့စဥ်းစားမထားပေမယ့်မေမေဂုဏ်ယူရတယ့်သမီးမျိုးတော့ဖြစ်ချင်တယ်။ဘော်ဒါကိုလဲမေမေက Chaeကိုဆက်သွယ်လို့ရအောင်ဆိုပြီးအန်တီလေးဖုန်းနံပတ်ကိုပေးထားတော့ဆရာမတွေကဆက်လိုက်ဘော်ဒါအုပ်ကဆက်လိုက်နဲ့အားလုံးအတူတူရင်ခုန်နေကြတာပေါ့။မေမေကလဲရင်တွေခုန်ပြီးခဏခဏဖုန်းတွေဆက်နေတော့တာ။Chaeထက်မေမေကတောင်ပိုပြီးတက်ကြွနေသယောင်။ညရောက်တော့လဲChaeဘယ်လိုမှအိပ်လို့မပျော်ပါဘူး။အတွေးများစွာနဲ့ထိုင်လို့မရ ထလို့မရဖြစ်နေခဲ့ပါတယ်။တစ်ချက်တစ်ချက်ထိုကလေးကလည်းစိတ်ထဲကိုဝင်လာသေးတယ်။တစ်ရက်လေးမတွေ့ရတာကိုChaeကဘာဖြစ်နေပါလိမ့်။ဝင်ခွင့်စာရင်းထွက်တာနဲ့ပြန်လာပြောမယ်လို့ပြောထားခဲ့တာမို့သူမလေးရောစောင့်နေရော့မလား။ညရောက်တော့ဖုန်းတစ်ခါဝင်လာတာနဲ့Chaeလည်းရင်တွေခုန်ခုန်သွားပါတယ်။အန်တီလေးကအိပ်ပါဦးလို့ပြောတာတောင်အိပ်မပျော်ပဲညတစ်နာရီထိုးသွားခဲ့ပါတယ်။အဲ့ချိန်မှာမေမေဆီကဖုန်းဝင်လာခဲ့တယ်။ဖုန်းထဲမှာမေမေကငိုနေတော့Chaeအရမ်းတွေစိတ်ပူသွားပါပြီ။"မေမေ ဘာဖြစ်လို့ငိုနေတာလဲဟင် သမီးကျလို့လား ကျရင်လဲနောက်နှစ်ဖြေလို့ရတာပဲမေမေရယ်"
Chaeလဲမေမေငိုနေတော့ကယောင်ကတမ်းနဲ့ပြောမိပြောရာတွေပြောနေမိပါတယ်။မေမေကခဏအသံတိတ်နေပြီးမှ
"ငါ့သမီးလေး Incheon universityကိုဝင်ခွင့်ရပြီ"
မေမေရုတ်တရက်ထအော်လိုက်တော့Chaeလန့်သွားပြီးတော့မှအရမ်းပျော်သွားပါတယ်
"မေမေ တကယ်ပြောတာလားဟင်"
တုန်တုန်ရီရီနဲ့မေးမိတော့
"တကယ်ပြောတာပေါ့ မေမေကလိမ်ပါ့မလားသမီးရဲ့ ငါ့သမီးလေးအရမ်းတော်တယ် နောက်နေ့ကျပြန်လာခဲ့နော်သမီးလေး သမီးကိုတွေ့ချင်နေပြီ""ဟုတ်ကဲ့မေမေ မေမေ့ကိုအရမ်းချစ်တယ်နော် မေ့မေ့ကျေးဇူးကြောင့်သမီးခုလိုတွေရခဲ့တာပါ မေမေရယ်"
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...