PART-18

282 37 18
                                    


Chaeအိမ်ကိုပြန်ရောက်ခဲ့ပါပြီ။စိတ်ထဲမှာခါတိုင်းလိုအိမ်ပြန်ရောက်တာတောင်နွေးထွေးမှုကိုမခံစားရ။ဘာမှန်းမသိတဲ့တစ်ခုခုကChaeအတွက်လိုအပ်နေခဲ့သည်။ပြန်​ရောက်ကတည်းကမေမေနဲ့စကားခဏပြောပြီးအိပ်ရာထဲမှာသာလှဲနေဖြစ်တယ်။Chaeစိတ်ထဲမှာတစ်စုံတစ်ယောက်ကိုအရမ်းလွမ်းနေတယ်။ခါတိုင်းလိုအိမ်ပြန်ရောက်တာတောင်ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွမရှိလေတော့မေမေကတောင်မေးလာခဲ့တယ်။

"သမီး ပြန်ရောက်ကတည်းကမျက်နှာလည်းမကောင်းပါလား သမီးလေးကျောင်းကိုလွမ်းနေတာလား"

"ဟုတ်တယ်မေမေ သမီးကျောင်းလေးကိုလွမ်းတယ်"

"အမြဲတစေနေလို့မရတော့ပေမယ့် သမီးအချိန်မရွေးသွားလည်လို့ရသေးတယ်လေ ကျောင်းလေးကပြောင်းလဲသွားတာမှမဟုတ်တာ"

ကျောင်းလေးကမပြောင်းလဲပေမယ့်လူတွေကပြောင်းလဲသွားပြီမေမေ။မဟုတ်သေးဘူး...အဲ့လိုပြောလို့ဘယ်ရမလဲ။လူတွေမဟုတ်ဘူး Chaeအနားမှာရှိနေစေချင်ဆုံး အနွေးထွေးဆုံးသူ။Chaeကျောင်းလေးကိုလွမ်းပေမယ့်သူ့ကိုပိုလွမ်းတယ်။မေမေပြောသလိုကျောင်းလေးဆီကိုပြန်သွားရုံနဲ့သူ့ဆီရောက်သွားမှာမှမဟုတ်တော့တာ။Chaeကျောင်းလေးဆီကိုပြန်မသွားချင်တော့ဘူး။အကယ်၍သူနဲ့ပြန်ဆုံဖြစ်တဲ့နေ့ကျရင်တော့ပြန်သွားဖြစ်ပါလိမ့်မည်။

Chaeခံစားချက်တွေကChaeကိုယ်တိုင်တောင်ထိန်းချုပ်လို့မရတော့ဘူး။Chaeရဲ့စိတ်တွေကတားမြစ်ထားတဲ့စည်းကိုစိတ်လွတ်ကိုယ်လွတ်ကျော်သွားမိလို့ပြန်ထိန်းချုပ်ရတာလည်းအကြိမ်ကြိမ်ပါပဲ။အချစ်ဆိုတဲ့စကားလုံးဟာChaeဘဝမှာယောကျ်ားလေးတစ်ယောက်အတွက်ပဲဖြစ်ရမယ်ဆိုတဲ့Chaeရဲ့ကန့်သတ်ချက်တွေကိုလှပစွာရိုက်ချိုးသွားခဲ့သူလေးကChaeနားမှာမရှိတော့မှသူ့ကိုချစ်နေတာပိုသေချာလာခဲ့တယ်။အချစ်ဆိုတာသိမ်မွေ့လွန်းတယ်။ဖော်ပြဖို့အတွက်ခက်ခဲလွန်းပေ့မယ့် သူ့ပျော်ရွှင်မှုကကိုယ့်ပျော်ရွှင်မှုဖြစ်လာတာမျိုး သူအန္တရာယ်တစ်စုံတစ်ရာဖြစ်မှာကိုကိုယ်ကိုကိုယ့်ထက်ပိုစိုးရိမ်တာမျိုး သူ့ဝမ်းနည်းအားငယ်နေတိုင်းသူ့အနားမှာအလိုက်တသိရှိနေပေးချင်တာမျိုး ဆိုတဲ့528မေတ္တာကိုအခြေခံတဲ့အပြင် သူ့ကိုဆုံးရှုံးရမှာအရမ်းကြောက်မိတာမျိုး ကိုယ်ကလွဲရင်သူ့ကိုဘယ်သူမှပိုင်ဆိုင်ခွင့်မပေးချင်တာမျိုး သူ့အနားမှာရှိနေရင်ကိုပြည့်စုံနွေးထွေးနေတာမျိုးဆိုတဲ့အတ္တလေးတွေပါပေါင်းစပ်ထားတာအချစ်ပေါ့။ဒါဟာChaeတစ်ယောက်တည်းခံယူထားတဲ့ အချစ်ရဲ့အဓိပ္ပါယ်ပါ။ခံယူချက်တွေကွဲပြားပေ့မယ့် အချစ်တွေကတော့တူညီကြပါလိမ့်မယ်။အချစ်ကိုအချစ်လို့မြင်တတ်ရင် တကယ်ကိုအေးချမ်းပါတယ်။ချစ်တတ်လာတဲ့အခါအရာရာဟာလှပလာခဲ့တယ်။Chaeကလေးကိုဖြူစင်စွာချစ်ခဲ့မိတဲ့နောက် နေ့ရက်တိုင်းကလှပခဲ့ပါတယ်။

SERENITY Where stories live. Discover now