Chaeအိမ်မှာလေးရက်နေပြီးတော့စာသင်ကျောင်းရှိရာမြို့လေးဆီကိုပြန်လာခဲ့ပါပြီ။မေ့မေ့ကိုလဲကျန်းမာရေးဂရုစိုက်ဖို့သေချာမှာခဲ့ရသေးတယ်။Chaeရဲ့အပြန်လမ်းမှာတော့သိပ်ကိုတက်ကြွနေခဲ့ပါတယ်။Chaeအိမ်မှာနေရင်းနဲ့မသေချာမရေရာတဲ့အလွမ်းကိုလည်းခံစားတတ်ခဲ့ပါပြီ။ပြန်တဲ့လမ်းမှာအိပ်တောင်မအိပ်နိုင်ပဲစိတ်တွေဘာကြောင့်မှန်းမသိလှုပ်ရှားနေခဲ့တာပေါ့။တကယ်တော့ထိုအလွမ်းတွေစိတ်လှုပ်ရှားမှုတွေရဲ့တရားခံဟာထိုကလေးပါလို့သိနေလျက်Chaeလက်မခံခဲ့ပြန်ပါဘူး။တစ်ညလုံးကားစီးရင်းနဲ့မနက်မိုးသောက်တော့ရောက်ပါပြီကလေးရှိတဲ့မြို့လေးကို။Chaeကိုအန်တီလေးကလာကြိုပြီးသူ့အိမ်ကိုမလိုက်တော့ပဲကျောင်းကိုပဲတန်းသွားလိုက်တယ်။"Chaeတို့များနော် ကိုယ့်အဒေါ်အိမ်တောင်မလာနိုင်ပဲသံယောဇဥ်အမျှင်တန်းပြီးသူ့ကျောင်းကိုတန်းပြေးတော့တာပဲ"
အန်တီလေးစလဲခံရမှာပဲ။Chaeအရမ်းလွမ်းနေရတဲ့ကလေးလေးနဲ့အရမ်းတွေ့ချင်နေပြီ။ကျောင်းကိုရောက်တော့ကလေးကဒီချိန်ဆိုအိပ်ဆောင်မှာပဲရှိတတ်တော့အဲ့ဒီကိုပဲသွားလိုက်တယ်။ဒီတစ်ခါတော့တန်းပြီးတွေ့ပါပြီ စာလုပ်နေတဲ့ကလေးကို။Chaeသူ့ကိုစချင်တာမို့အသံမပေးပဲသူ့နားကပ်သွားပြီးနောက်ကနေကြည့်လိုက်တော့ကလေးကိုစာလုပ်နေတယ်ထင်တာမဟုတ်ဘူးပဲ။ကလေးမက ဒိုင်ယာရီ ရေးနေတာ။ "LiLi အချစ်တွေကိုသာသူမြင်နိုင်မယ်ဆိုရင်လေ" ဆိုတဲ့စာကြောင်းလေးကိုတော့Chaeမြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်။ဒါဆိုကလေးမှာချစ်ရမယ့်သူရှိနေပြီပေါ့။အရာရာဆုံးရှုံးသွားသလိုခံစားချက်ကြီးကဘယ်လိုများပါလိမ့်ကွယ်။ဘာကြောင့်မှန်းမသိတစ်ခဏအတွင်းမှာဝမ်းနည်းစိတ်ကလွှမ်းမိုးသွားတာမို့မျက်ရည်တွေကျလာမိတော့Chae ကလေးအနားကခပ်သွက်သွက်ပဲပြန်ထွက်လာခဲ့တယ်။အဲ့တော့မှကလေးကChaeကိုမြင်သွားပြီး"ဟာ Chae unnieပြန်ရောက်နေပြီလား unnieဘယ်ကိုထွက်သွားတာတုန်း သမီးဆီလာတာမဟုတ်ဘူးလား"
ဆိုပြီးChaeသွားတဲ့နောက်ကိုလိုက်လာတယ်။Chaeငိုနေတာကိုကလေးသိလို့မဖြစ်ဘူးလေ ဒါကြောင့်မျက်ရည်တွေကိုသုတ်လိုက်ပြီးကျောင်းအနောက်ဘက်ကခုံလေးမှာထိုင်လိုက်တော့ကလေးကလည်းဘေးမှာလာထိုင်တယ်။
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...