Chaeတို့ဆေးရုံကိုပြန်ရောက်ပြီးဆိုင်ကယ်ရပ်တော့ဒေါက်တာ့ကိုကျေးဇူးတင်စကားပြောပြီးကလေးဆီကိုခပ်သွက်သွက်ပြန်လာခဲ့တယ်။ကလေးတစ်ယောက်တည်းထားခဲ့ရတာတကယ်ကိုစိတ်မချတာ။ကလေးအနားကိုရောက်တော့အနားမှာဒေါက်တာစောင့်ခိုင်းပေးထားတဲ့သူနာပြုအစ်မထင်ပါရဲ့ ကလေးမပျင်းအောင်စကားတွေပြောပေးနေတာ။
"Unnie ပြန်ရောက်ပြီလား"
"ရောက်ပြီညီမလေးရဲ့"
"ဒီကအစ်မကိုလည်းကျေးဇူးတင်ပါတယ်နော် LiLiလေးကိုစောင့်ပေးလို့"
"ရပါတယ်မလိုပါဘူးကွယ် ဒါဆိုအစ်မသွားတော့မယ်နော်"
သူနာပြုအစ်မထွက်သွားတော့ကလေးက
"Unnie ပြောတော့ဆန်ပြုတ်ဝယ်ဆို ကြာလိုက်တာအရမ်းပဲ unnieအတွက်ရောဘာမှဝယ်မလာခဲ့ဘူးလား"
"ဒါကဒီလိုရှိပါတယ်ရှင့် ဒေါက်တာကထမင်းလိုက်ကျွေးနေလို့ကြာသွားတာညီမလေးရဲ့"
"ဒါဆိုunnieကထမင်းစားပြီးပြီပေါ့ ဟိုဒေါက်တာကြီးကလဲ ဘာလဲဗျာ unnieကိုမနက်စာလည်းလိုက်ကျွေးတယ် နေ့လည်စာလည်းကျွေးတယ် unnieကိုကြိုက်နေတာလား"
ဒီကလေးနဲ့တော့ ကိုယ့်စကားကဘယ်ရောက်မှန်းမသိပြောနေတာ။နှုတ်ခမ်းလေးကိုချွန်ချွန်ပြီးမျက်ခုံးလေးပင့်ကာပင့်ကာပြောနေလိုက်တာ စိတ်ဆိုးစရာမဖြစ်ပဲ အသည်းယားဖို့ကောင်းနေရော။
"ဟာ ဒီကောင်မလေး unnieတို့ကမိန်းကလေးတွေလေ ဘယ်လိုကြိုက်မှာတုန်း ဒေါက်တာနဲ့unnieကလည်းခင်နေလို့ထမင်းလိုက်ကျွေးတာပါ ရွှေစိတ်တော်များမညှိုးနွမ်းတော်မူပါနဲ့"
"မသိဘူးဗျာ သမီးတောင်unnieကိုချစ်နေ....""ဟမ် ညီမလေးဘာပြောတာလဲ"
ကလေးကစကားကိုပြောနေရင်းရုတ်တရက်ရပ်သွားတာမို့Chaeမေးလိုက်တာပါ။Chaeကလေးကိုကြည့်လိုက်တော့ကလေးကမျက်လုံးချင်းမဆုံပဲသူ့အကြည့်တွေကိုဆေးရုံကြမ်းပြင်ဆီကိုပို့လိုက်တယ်။"မဟုတ်ပါဘူး သမီးထက်ဘယ်သူ့ကိုမှပိုမခင်ရဘူးလို့ပြောမလို့"
"ခင်ပါဘူးကွာ ဒီဂျစ်တူးလေးထက်ဘယ်သူကချစ်ဖို့ကောင်းမှာမို့လဲ"
"သိတယ်လေ သမီးလောက်ဘယ်သူမှချစ်ဖို့မကောင်းဘူးဆိုတာ"မာန်တက်နေသလိုမျက်နှာလေးကိုမော့ပြီးမေးစေ့က်ုလက်လေးနှစ်ချောင်းထောက်ပြီးပြောတော့နှစ်ယောက်သားရယ်သံတွေကအဆောင်တစ်ခုလုံးမလွှမ်းမိုးရုံတမယ်။ကလေးနဲ့ရှိနေချိန်တိုင်းမှာပျော်ရွှင်ရပါတယ်။
"တော်ပြီ လိပ်မလေးရေ ဆန်ပြုတ်သောက်ရအောင်"
Chaeခုနကတည်းကဇလုံထဲမှာအဆင်သင့်ထည့်ထားတဲ့ဆန်ပြုတ်လေးကနွေးနွေးလေးဖြစ်နေပြီမို့ကလေးလက်ထဲထည့်မပေးသေးပဲChaeပဲကိုင်ထားတယ်။ခါတိုင်းလိုunnieခွံ့ကျွေးပါလို့ဂျစ်တူးလေးကဂျစ်တိုက်အုံးမလားလို့လေ။
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...