ဒီနေ့ကျောင်းမှာအတန်းတွေအားလုံးနားရက်ဖြစ်တဲ့တနဂ်နွေနေ့။Chaeပြန်ရောက်တာဒီနေ့နဲ့ဆိုသုံးရက်ရှိခဲ့ပြီ။ပြန်ရောက်ကတည်းကလူပင်ပန်းစိတ်ပင်ပန်းဖြစ်နေသည်မို့ဒီနေ့တော့အေးဆေးနားလိုက်မယ်လို့တွေးထားတယ်။အစောကြီးမထချင်ပေမယ့်ကျောင်းစည်းကမ်းမို့ငါးနာရီခွဲတာနဲ့ထရပါပြီ။မျက်နှာသစ်ဖို့သွားလိုက်တော့ရေကန်မှာလူတွေစုံလို့။ကလေးကိုလည်းတွေ့တယ်။အားလုံးတစ်ခုခုကိုတိုင်ပင်နေသလိုရှိတာမို့Chaeလည်းအချိန်တန်ရင်သိရမှာပဲဆိုပြီးရေကန်တစ်ဖက်မှာအေးအေးလူလူသွားတိုက်နေလိုက်တယ်။
"Chaeရေ ဒီနေ့တို့တွေသွားစရာနေရာလေးတစ်ခုရှိတယ် လိုက်မှာလား"ဆိုပြီး ဆရာမLeeကလာပြောတော့Chaeဒီနေ့အေးဆေးနားမယ်လို့စဥ်းစားထားတာလေ။အပြင်ကိုသွားချင်စိတ်မရှိတာအမှန်။အဲ့တာကြောင့်
"မလိုက်တော့ဘူးunnie Chaeကျောင်းမှာပဲနားချင်လို့"
အဲ့ချိန်မှာကလေးရောက်လာပြီး
"Unnieရယ် လိုက်ခဲ့ပါနော် unnieကိုကောင်းကောင်းအနားယူစေချင်လို့အဲ့ဒီကိုလိုက်ခဲ့စေချင်တာ unnieပျော်မယ်လို့လဲအာမခံတယ် unnieမလိုက်ရင်သမီးလဲမလိုက်ဘူးနော်"
အဲ့လိုတော့မဖြစ်ပါဘူး။ကလေးကအပြင်တွေဘာတွေသိပ်ထွက်ရတာမဟုတ်ဘူး။တစ်ခါတစ်လေသွားတာကိုကလေးကိုလိုက်စေချင်တယ်။ကလေးကChaeမလိုက်ရင်မလိုက်ဘူးဆိုတော့Chaeလဲလိုက်ရတော့မှာပေါ့။(AN:Chaeတို့များချက်ချင်းနော်🤣)
"အင်း လိုက်ခဲ့မယ်လေ အားလုံးသွားရင်တစ်ယောက်တည်းပျင်းနေရမှာစိုးလို့"
"ဒါမှတို့unnieကွ"
"ဒါနဲ့ဘယ်ကိုသွားကြမှာလဲညီမလေး"
"Unnieရောက်ရင်သိသွားပါလိမ့်မယ်"
"လုပ်ပြီ အမြဲအဲ့လိုပဲ"
"ဟီး unnieပြင်ဆင်ထားလိုက်တော့နော် ပေါ့ပေါ့ပါးပါးပဲဝတ်ခဲ့"Chaeပြင်ဆင်ပြီးကလေးကပေါ့ပေါ့ပါးပါးပဲဝတ်ခဲ့ဆိုတော့တီရှပ်အပြာရောင်လေးနဲ့ဂျင်းဘောင်းဘီလေးပဲဝတ်ခဲ့လိုက်တယ်။ခုနစ်နာရီခွဲတော့အားလုံးပြင်ဆင်ပြီးနေကြပြီ။ဖာသာတို့ကိုယ်တိုင်ကျောင်းကကားနဲ့သွားဆိုပြီးခွင့်ပြုထားတာမို့ကျောင်းကကုန်တွေသယ်တဲ့အမိုးဖွင့်ဟိုင်းလတ်ကုန်ကားနဲ့ပဲထွက်လာခဲ့ကြတယ်။လူများတော့ဒီကားနဲ့မှအဆင်ပြေမယ်လေ။တစ်ကားလုံးတော့လူတွေကအပြည့်ပဲ။Chaeဘယ်ကိုသွားနေမှန်းလဲမသိဘူး။ဒီခရီးစဥ်ရှိနေတာကိုမသိခဲ့တာ။ကားပေါ်မှာတော့ချိုင့်ကြီးချိုင့်ငယ်နဲ့ကြိုတင်ပြင်ဆင်လာကြတာ။အကုန်လုံးကပေါ့ပေါ့ပါးပါးဝတ်လာကြတာဆိုတော့ပျော်ပွဲစားထွက်လာတဲ့ပုံစံမျိုးပဲဖြစ်ရမယ်လို့Chaeတွေးမိတယ်။Chaeတို့ဦးတည်နေတာမြို့လေးရဲ့အရှေ့ဘက်ဆီ။မိဘမဲ့ကျောင်းရှိတဲ့မြို့လေးကဝေးလံခေါင်သီတဲ့နယ်မြို့လေးတစ်မြို့မှာပင်။နာရီဝက်လောက်သွားပြီးတော့ကားလေးကကတ္တရာလမ်းမဟုတ်တဲ့မြေနီလမ်းလေးဆီကိုချိုးဝင်လိုက်တယ်။ကားပေါ်ကအားလုံးကလည်းစကားတပြောပြော။Chaeတို့ဆရာမတွေရယ်အထက်တန်းဒုတိယနှစ်ကကလေးတွေရယ်သွားကြတာ။အကုန်လုံးတော့မလိုက်နိုင်ကြ။အထက်တန်းနောက်ဆုံးနှစ်တွေကလည်းအချိန်ပိုရှိတာမို့မလိုက်နိုင်ကြ။ဖုန်အလိမ်းလိမ်းထနေတဲ့လမ်းမို့အားလုံးကိုယ်စီတဘက်စောင်လေးတွေထုတ်ခြုံလာကြတယ်။Chaeလဲဖုန်တွေကြောင့်အသက်ရှုကြပ်လာရင်းတစ်ကိုယ်လုံးလဲဖုန်တွေတင်လာတာမို့ကလေးကသဘက်စောင်လေးလာခြုံပေးတယ်။
YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...