PART-12

296 46 3
                                    


            Chaeတို့ကျောင်းမှာဒီနေ့အလှူရှင်တွေလာတာမို့တစ်ကျောင်းလုံးအလုပ်ရှုပ်နေကြတယ်။ဆရာမတွေကတော့အတန်းချိန်လဲမလစ်ဟင်းစေရ အလှူရှင်တွေဘက်လဲမလစ်ဟင်းစေရ ဆိုတော့ပိုပြီးပင်ပန်းကြတာပေါ့။ဒါကြောင့်မို့Chaeလည်းကလေးနဲ့တကူးတကမတွေ့နိုင်ခဲ့။ကလေးကလည်းလပတ်စာမေးပွဲရှိတာမို့စာတွေနဲ့လုံးပန်းနေရတယ်။Chaeတို့အကုန်လုံးတစ်နေကုန်ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ညရောက်တော့လည်းအလှူရှင်တွေကမနက်ကျရင်ကျောင်းမှာဖျော်ဖြေပွဲလုပ်မှာမို့ကျောင်းမှာအိပ်ကြတော့ကူညီလုပ်ကိုင်ပေးရပြန်တယ်။ခုညguideချိန်တွေဖျက်ပြီးကိုယ်တိုင်စာကြည့်ခိုင်းထားတာမို့ကလေးနဲ့တွေ့ဖို့အခွင့်မသာပြန်။Chaeတို့လည်းပင်ပန်းပြီးအိပ်ပျော်သွားတော့တယ်။မနက်မိုးလင်းတော့ခါတိုင်းထက်အစောထပြီးဝိုင်းဝန်းလုပ်ကိုင်ကြရင်း 12နာရီလောက်မှဖျော်ဖြေပွဲလဲပြီးတော့တယ်။​​​ဖျော်ဖြေပွဲပြီးတော့သိမ်းဆည်းကြရပြန်တယ်။အားလုံးသိမ်းပြီးလို့Chaeတို့စုပြီးထိုင်နေတုန်း

     "ဆရာမတို့ Lisa မူးလဲလို့"

   ဆိုပြီးလာပြောတော့Chaeစိတ်ထဲမှာစိုးရိမ်မှုဒီဂရီတွေကအမြင့်ဆုံးရောက်သွားပြီးတခြားဆရာမတွေကိုမစောင့်နိုင်ပဲခြေသုတ်တင်သွားလိုက်တယ်။လမ်းမှာခလုတ်တိုက်မိတာတွေကိုလည်းဂရုမစိုက်နိုင်တော့။ကလေးရှိရာကိုရောက်တော့ကုတင်ပေါ်မှာဖျော့တော့စွာလှဲလျောင်းနေတဲ့ကလေးလေး။

     "ဆရာဝန်ခေါ်ပြီးပြီလား"

     "ဟုတ် ခေါ်ပြီးပါပြီ ခနနေရောက်လာလိမ့်မယ်"

      ကလေးဒီလိုတွေဖြစ်လာရင်Chaeကစိတ်ပူပေးရုံကလွဲရင်ဘာမှလုပ်မပေးတတ်ဘူး။ကလေးရဲ့ဝေဒနာတွေသက်သာပျောက်ကင်းသွားအောင်လည်းလုပ်မပေးနိုင်ဘူး။Chaeသာဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရင်သိပ်ကောင်းမှာ။ကလေးခံစားနေရတဲ့ဝေဒနာတွေသက်သာပျောက်ကင်းအောင်ကုသပေးနိုင်မှာ။ခုတော့ဘာလို့များအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ရွေးချယ်ခဲ့မိပါလိမ့်။ကလေးနေမကောင်းတာမြင်ရရင် ရင်ထဲမှာမီးစနဲ့ထိုးနေသလိုတကယ်ပူလောင်ရတယ်။Chaeကိုယ်စားဖြစ်ရမယ်ဆိုလည်းဖြစ်လိုက်ချင်ပါတယ်။ခုလည်းကလေးလက်ကလေးကိုဆုပ်ကိုင်ပြီးဆုတောင်းပေးရုံကလွဲရင်ဘာမှမတတ်နိုင်ခဲ့။

SERENITY Where stories live. Discover now