Chaeတို့ကျောင်းတက်တာသုံးရက်ရှိခဲ့ပြီ။ကျောင်းတော်ကြီးနဲ့လည်းတဖြည်းဖြည်းအသားကျလာခဲ့ပြီ။သင်ယူရတဲ့ဘာသာရပ်တွေနဲ့လည်းရင်းနှီးသင့်သလောက်ရင်းနှီးခဲ့ပြီ။ဒီနေ့ကျောင်းကိုferryနဲ့သွားရမှာဖြစ်တယ်။မနေ့ကအတန်းထဲကို Inchoenမြို့ထဲကနေferryလိုက်မယ့်သူတွေရှိလား ဆိုပြီးအကိုကြီးအစ်မကြီးတွေစာရင်းလာကောက်ကြတယ်။Chaeတို့အတန်းထဲက Chaeတို့သုံးယောက်အပါအဝင်လိုက်မယ့်သူ ခြောက်ယောက်လောက်ရှိတယ်။ကျန်တဲ့သူတွေကကိုယ်ပိုင်ကားတွေနဲ့ပဲတက်ကြတာလေ။Ferryကလမ်းထိပ်ကိုထွက်စောင့်နေရုံပဲဆိုတော့သိပ်ကိုအဆင်ပြေပါတယ်။Chaeတို့ခါတိုင်းရက်တွေလိုပဲအစောကြီးထပြင်ဆင်ပြီးလမ်းထိပ်ကိုလမ်းလျှောက်လာကြတယ်။သိပ်တော့လျှောက်ရသည်မဟုတ်ပါ။
"ဟဲ့ ငါတို့နောက်မှာအကောင်နှစ်ကောင်ပါလာတယ် မထိတထိနဲ့လိုက်စနေတာငါစိတ်တိုလာပြီဟာ"
လွယ်အိတ်ကလေးရတဲ့ကြားစာအုပ်အထူကြီးတွေပိုက်လို့လျှောက်နေရလို့စိတ်ရှုပ်နေတော့ပတ်ဝန်းကျင်ကိုတောင်ဂရုမမူမိ။Ireneပြောတော့မှနောက်ကိုမသိမသာလှည့်ကြည့်မိတော့အာရုံနှစ်ကောင်ကိုတွေ့လိုက်ရတယ်။Chaeတို့ကိုလိုက်စနေတဲ့စကားတွေကိုလည်းကြားလိုက်ရတယ်။မိန်းကလေးတွေကိုမျက်လုံးအရသာပါးစပ်အရသာခံပြီးစနောက်တတ်တဲ့ယောကျာ်းမျိုးကိုChaeအရမ်းမုန်းပါတယ်။ယောကျာ်းကောင်းလက္ခဏာရပ်နဲ့ညီညွတ်တဲ့သူတွေမှမဟုတ်ပဲ။တချို့သောရှေးအယူအဆတွေကိုလည်းChaeမကြိုက်ပါ။ယောကျာ်းလေးတစ်ယောက်မိန်းကလေးတစ်ယောက်ကိုထိပါးစော်ကားတာသည် မိန်းကလေးကအနေအထိုင်မတတ်လို့ လျှပ်ပေါ်လော်လီနေလို့တဲ့။ထိုယောကျာ်းတွင်ရှိသောအပြစ်များကိုမှုလျှော့ပေါ့မြင်ကြသည်။ဤအခြင်းအရာသည်ယောကျာ်းနဲ့မိန်းမကိုခွဲခြားဆက်ဆံခြင်းပင်မဟုတ်ပါလား။ယောကျာ်းများသည်အခွင့်ထူးခံလူတန်းစားများဖြစ်နေကြမှာမဟုတ်သေးပါ။အခု Chaeတို့ကိုလိုက်နှောက်နေသောယောကျာ်းတွေလိုယောကျာ်းများလောကတွင်များစွာရှိနေပါတယ်။
"အာရုံတွေပဲဟာ သူတို့မှာနှမတွေမရှိဘူးလားမသိဘူး အဲ့လိုတွေအပြောခံ အစခံရရင်ကြိုက်မလား"
"Attentionမပေးနဲ့သူတို့ကို မြန်မြန်သာလျှောက်ကြ"
Chaeတို့ကိုလမ်းတစ်လျှောက်လုံးလိုက်နေတဲ့အပြင်မခံငြိမခံသာစကားတွေနဲ့စနောက်နေတာဘတ်စ်ကားဂိတ်ထိတောင်ရောက်လာပါတယ်။ကားမလာသေးတာမို့ကားဂိတ်မှာရပ်စောင့်နေတော့လည်းဘေးမှာလာရပ်ပြီးဆက်စနေကြတုန်းပဲ။သူတို့နဲ့ဝေးရာကိုတိုးတိုးသွားပေ့မယ့်သူတို့ကပါလိုက်တိုးလာတော့Chaeတကယ်ကိုစိတ်ရှုပ်နေပြီ။လူမြင်ကွင်းမှာတောင်စနောက်ရဲတဲ့သူတွေကိုတကယ်အံသြတယ်။အဲ့ဒီအချိန်မှာထိုလူတွေနဲ့Chaeတို့ကြားကို Chaeတို့ကျောင်းကလို့ထင်ရတဲ့အကိုကြီးတစ်ယောက်လာရပ်ပေးတယ်။အဲ့တော့မှပဲထိုလူတွေထွက်သွားတော့တယ်။စိတ်ထဲကနေလာရပ်ပေးတဲ့အကိုကြီးကိုအထပ်ထပ်အခါခါကျေးဇူးတင်နေမိတယ်။Chaeသူ့ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အသံတိတ်အကြည့်တွေနဲ့ကြည့်လိုက်တော့သူကChaeတို့ဖြစ်နေတာကိုနားလည်ပါတယ်ဆိုတဲ့အကြည့်မျိုးနဲ့ပြန်ကြည့်ပြီးပြုံးပြတယ်။လောကကြီးမှာမိန်းကလေးတွေရဲ့အိန္ဒြေသိက္ခါကိုထိပါးစော်ကားတတ်တဲ့ယောကျာ်းတွေအများကြီးရှိသလိုမိန်းကလေးတွေရဲ့အရှက်သိက္ခါကိုကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ယောကျာ်းကောင်းတွေလည်းရှိသေးပါလားလို့တွေးလိုက်မိတယ်။

YOU ARE READING
SERENITY
Fanfictionညီမလေးရေ...... မင်းကကိုယ်မြတ်နိုးရတဲ့ ကြယ်ကလေးပါပဲ...... Park Chaeyuong သမီးတို့နှစ်ယောက်က ကောင်းကင်နဲ့တောင်တန်းတ...