unicode
" ဖန်းလုံ ပြန်လာပြီလား "
ရှောင်လင်းအာက ကျင်းဖန်းလုံအား ကြိုဆိုရင်းပြောလိုက်သည်။ထိုအခါ
"ဖြောင်း "
ပါးရိုက်သံ နှင့်အတူ ရှောင်လင်းအာ ၏ ခေါင်းလည်သွားပြီး ခန္ဓာကိုယ်က နဂိုတည်းက အားနည်း၍ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် ကျင်းဖန်းလုံ က ရှောင်လင်းအာ ၏ မေးစိကို အကြမ်းပတမ်းကိုင်ကာ အပေါ်သို့မော့လိုက်ပြီး သူနဲ့မျက်လုံးချင်း စုံစေလိုက်သည်။ပြီးနောက်
" မင်းကိုဘယ်သူက ငါ့ကိုအဲ့လို ခေါ်ခွင့်ပြုထားတာလဲ ဟမ် ရှောင်လင်းအာ ငါမေးနေတယ် လေ "
သူဒေါသတကြီးနှင့်ရှောင်လင်းအာအား အစိမ်းလိုက်ဝါးစားတော့မလို့ အကြည့်ဖြင့်မေးလိုက်သည်။
" အာ့ အကိုလေး နာတယ် လွှတ်ပေးပါ ကျွန်တော် တောင်းပန်ပါတယ် ပါ အကိုလေး မကြိုက်ရင် နောက်တစ်ခါ မခေါ်တော့ပါဘူး အာ့ "
ကျင်းဖန်လုံးက ရှောင်လင်းအာ ၏ မေ့စေ့ကို ဆွဲလွှတ်ကာ
" အေး နောက်တစ်ခါ ခေါ်ရင် မင်းလျှာကိုဖြတ်ပစ်မယ် "
ဒေါသတကြီးပြောရင်း အိမ်ပေါ်သို့တတ်လာခဲ့သည်။ ကျန်ခဲ့သူ ရှောင်လင်းအာ မှာတော့ ပါးရိုက်ခံလိုက်ရ၍ ပါးတွေနီရဲနေပြီ မျက်ရည်များစွာ ကျနေသည်။ သို့သော် သူမဖြုံတော့ပါ။ သူရိုက်ခံရသည်မှာ ခုမှမဟုတ်ပါသူတို့လက်ထက်ပြီးကတည်းက ရှောင်လင်းအာ အား မကျေနပ်ရင် မကျေနပ်သလို ရိုက်နှက်နေသည်။ ရှောင်လင်းအာ နှင့် ကျင်းဖန်းလုံ တို့မှာ မိဘများသဘောတူ၍ လက်ထက်လိုက်ရခြင်းဖြစ်သည်။ရှောင်လင်းအာ ငယ်ငယ်ကတည်းက ကျင်းဖန်းလုံ တို့အိမ်မှာ မိဘတွေ ဆုံးသွားကတည်းက အဒေါ်နဲ့အတူလိုက်နေပြီး အလုပ်လုပ်နေခြင်းပင်။ ငယ်ငယ်ကတည်းက ကျင်းဖန်းလုံမှာ ရှောင်လင်းအာ အား မကြိုက်ချေ။ထို့ကြောင့်အနိုင်ကျင့်ပြီး နှိပ်စက်လေသည်။ ကျင်းဖန်းလုံ သည် မိန်းမပွေပြီး ရှောင်လင်းအာ နောက်ကွယ်မှာ ဖောက်ပြန်လေ့ရှိသည်။ နောက်ကွယ်မှာတင်မဟုတ် ရှောင်လင်းအာ ရှေ့မှာလဲ မိန်းမတွေနဲဲတစ်တွဲတွဲ နေပြီး ရှောင်လင်းအာ အားအရွဲ့တိုက်လေ့ရှိသည်။ ထိုအကြောင်းတွေကိုရှောင်လင်းအာ သိသော်လည်း သည်းခံကာ ကျင်းဖန်းလုံ အပေါ် ခင်ပွန်းလိုရော အလုပ်ရှင်လိုရော ပြုစုပေးသည်။သို့သော် ရှောင်လင်းအာ လုပ်သမျှဘယ်လောက်ကောင်းကောင်း ကျင်းဖန်းလုံ မျက်လုံးထဲတွင်တော့ တစ်စက်ကလေးမှ အကောင်းမမြင်ပေ။ သူအကောင်းမမြင်တိုင်း ရှောင်လင်းအာ အားရိုက်နှက်လေသည်။ ယခုလည်း သူအား' ဖန်းလုံ ' ဟုခေါ်ခြင်းကြောင့်ရိုက်ခြင်းဖြစ်သည်။
💔💔💔💔💔💔💔💔💔💔💔💔
ညရောက်သောအခါ......,.
YOU ARE READING
ပူလောင်သောအချစ် ( on going)
Randomstarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "