Unicode
လင်းအာ ခန္ဓာကိုယ်ကို ဖျစ်ညှစ်ခံထားရသလို ခံစားနေရ၍ မသက်မသာဖြစ်ကာ နိုးလာရသည်။
* ဟင် မောင် ! *
လင်းအာမျက်လုံးဖွင့်ဖွင့်ချင်း မောင်ကိုမြင်လိုက်ရခြင်းကြောင့် အံ့သြသွားသည်။မနေ့က သူတစ်ယောက်ထဲအိပ်လိုက်တာပါ။ သူအိပ်ပြီးသွားတော့ မောင်ပါ ဝင်အိပ်တယ်ထင်ပါ့။ အဟိ ဘာပဲဖြစ်ဖြစ် သူကခုမောင့်လက်မောင်းပေါ်မှာရောက်နေပြီး အနေအထားကလည်း သူအိမ်မက်နေတဲ့ပုံစံအတိုင်းပဲ။သူမောင့် မျက်ခုံးမွှေးတန်းတန်းကို လက်နဲ့အသာတို့ထိမိသည်။ ထို့နောက် မျက်တောင်မွှေးတွေ နှာတံဆင်းဆင်းလေးနဲ့ နှုတ်ခမ်း.. အင်းဒီနှုတ်ခမ်းတွေက လူတွေအများကြီးကို နမ်းရှိုက်ခဲ့ဖူးသည်လေ။သူကလွဲလို့ပေါ့။ အတိတ်ကိုတွေးကြည့်ရင် ကြည်နူးစရာဆိုတာမရှိ နာကျင်စရာတွေသာ။ သူအတိတ်တွေကို ပြန်မတွေးချင်ဘူး။ ပြန်တွေးတိုင်းသူနာကျင်ရတယ်။ရောဂါအခံရှိ၍ စိတ်နာသလို နှလုံးကလည်းနာသည်။
ဖန်းလုံ မျက်နှာပေါ်က အတွေ့အထိ လှုပ်စိစိကြောင့်ယားကာနိုးလာခဲ့သည်။မျက်လုံး အသာဖွင့်ပြီးကြည့်လိုက်တော့ မောင့်ယောကျ်ား သူ့ယောကျ်ားက သူ့မျက်နှာကို တဖွဖွ ထိတွေ့နေသည်။ သို့သော် နှုတ်ခမ်း သူ့နှုတ်ခမ်းနားရောက်တော့ သူ့ယောက်ကျားက ဘာကိုတွေးမိသွားသည်မသိ မျက်နှာပျက်ကာ ဟိုဘက်လှည့်သွားသည်။ သူ့ယောကျ်ားက အတိတ်တွေကို ပြန်တွေးမိသွားတယ်ထင်ပါရဲ့။ အင်းအတိတ်တွေက နာကျင်စရာတွေပဲကို အတိတ်မှာ နာကျင်ခဲ့ပေမယ့် ခုကစပြီး နာကျင်စရာမလိုတော့အောင် သူ့ယောက်ျားကို သူချစ်ပေးသွားမည်။
သူလင်းအာပုခုံးကို ဆွဲကာ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဖြည်းဖြည်း ဆွဲလှည့်လိုက်သည်။ သူ့ယောကျ်ားကကြွေရုပ်ကလေး တော်ကြာ ကျိုးကြေသွားမှဖြင့်။
" မောင့်ယောကျ်ား နိုးနေတာကို မျက်နှာကဘာဖြစ်သွားတာလဲ "
" ဘာမှမဖြစ်ပါဘူး ဒီလိုပါပဲ "
" မောင့်ယောကျ်ားကလည်း မောင့်ကိုဘာမှဖုံးကွယ်မထားနဲ့လေ "

ESTÁS LEYENDO
ပူလောင်သောအချစ် ( on going)
De Todostarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "