Part 10

328 18 0
                                    

Unicode

မနက် ၁၀နါရီလောက်တွင် အိမ်အကူဆိုတဲ့လူတွေရောက်လာသည်။ အသက်၄၀အရွယ်အဒေါ်ကြီး တစ်ယောက်ရယ် အသက်၂၅နှစ်အရွယ် မိန်းကလေးငယ်လေးရယ်ပင်ဖြစ်သည်။ သူမတို့ကို အိမ်ဘေးမှ အလုပ်သမားတန်းလျားတွင် နေရာချပေးလိုက်သည်။ ယခုဆို တန်းလျားတွင် Driver ရယ် သူမတို့နှစ်ယောက်ရယ်ရှိပြီဖြစ်သည်။ သူမတို့ကို ရောက်ရောက်ချင်း နားလိုက်အုံးဟု ပြောသော်လည်း သခင်လေးက အကိုလေးတွင်ရောဂါရှိ၍ ကူပေးရန် မှာလိုက်သည်ဟုပြော၍ ပေးလုပ်လိုက်ရသည်။သို့သော် အဒေါ်ကြီး ကိုတော့နားခိုင်းလိုက်သည်။ ကောင်မလေး၏ပြောစကားအရ သူမတို့သည် ပင်မ စံအိမ်ကြီးမှ အစေခံအသစ်များဖြစ်ကြသည်တဲ့။

" တင်းတောင်! ! "

" ဟင် အိမ်ရှေ့မှာဘယ်သူရောက်နေတာပါလိမ့် "

" ကျွန်မသွားဖွင့်လိုက်ရမလား အကိုလေး "

" ရတယ် မင်းက ဆက်ချက်နေလိုက် ငါသွားဖွင့်လိုက်မယ် "

" ဟုတ်ကဲ့ အကိုလေး "

လင်းအာလည်း မီးဖိုချောင်မှထွက်ကာ အိမ်ရှေ့တံခါးကိုသွားဖွင့်လိုက်သည်။ တံခါးလိုက်ကိုင်ဘုကို ဖွင့်လိုက်ချိန် မြင်လိုက်ရသည်မှာ

" ဟင် သခင်ကြီး!!! "

" ဒီလင်းအာကတော့ ဘယ်နှခါပြောရမှာလည်း ဒီဦးနှောက်ကတော့ ဘယ်နှခါပြောမှမှတ်မှာလည်း ဘာသခင်ကြီးလည်း ပါး လို့ခေါ်ပါဆို "

ကျင်းသခင်မကြီးက ပြောတော့ သူလည်း ရယ်ပြကာ မှားသွားကြောင်းပြောလိုက်သည်။

" ဟီးဟီး မားရယ်ကျွန်တော်မှားပါတယ် ကျွန်တော်က ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ အိမ်ထဲလာလေ မားနဲ့ပါး "

" ခုမှပဲခေါ်တော့တယ် ဟွန့် "

" ဟီးဟီး မားကလည်း "

မားက ပါးနဲ့သူ့ကြားမှနေပြီး လက်တစ်ဖက်စီကိုချိတ်ကာ အိမ်ထဲအတူတူဝင်လာကြသည်။ မားကတော့ အရင်အတိုင်းပဲမပြောင်းလဲဘူး လှတုန်းပတုန်း သွတ်လပ်တုန်းပင်။ သူ့ကို စတတ်တဲ့အကျင့်လည်းမပျောက်သေးပေ။ အင်းပေါ့ ချစ်သူနဲ့ကမ္ဘာပတ်နေရတော့ စိတ်ချမ်းသာနေတာပေါ့။ကမ္ဘာပေါ်ကအားကျရတဲ့လူကိုပြောပါဆို မားကိုသာ သူလက်ညှိုးထိုးပြမည်ဖြစ်သည်။ တစ်အိမ်လုံးမှာ မားကအချွဲဆုံး မားကအငယ်ဆူံး မားကအလိုလိုက်ခံလေးကို ဖြစ်နေတာ ပါးကလည်းမားကိုတအားချစ်သည်။ မားက ဒါဆိုဒါပဲ ။

ပူလောင်သောအချစ် ( on going) Where stories live. Discover now