Part 12

276 11 0
                                    

Unicode

" Ohh my god! !  မောင် ဘယ်လိုတွေလှီးထားတာလဲ "

လင်းအာ ကြောင်အစွာနဲ့ ပြောလိုက်သည်။ ဘယ်လို စကေးတွေနဲ့လှီးလိုက်လို့ ခါကြက်ဥက တစ်စစီဖြစ်နေရတာလဲ? ??

" ဟမ် မောင့်ယောကျ်ားကလည်း မောင်လှီးထားတာအဆင်ပြေတာပဲလေ "

မသိရင် သူလှီးတာအဆင်ပြေနေတာကိုလင်းအာကပဲတမင်အပြစ်မရှိအပြစ်ရှာသလို ပြောနေပုံက....

" ဟူးးးး တော်ပြီမောင် ထားလိုက်တော့ ထမင်းပန်းကန်လေးတွေသာချပြီး ထမင်းတွေခူးထားတော့နော်  အဟင်း "

" ဟင့် မောင့်ယောကျ်ားကအော်တယ် "

ဘုရားရေ! ! ဒါကျင်းဖန်းလုံစစ်စစ်ပါနော် ဘယ်လိုတွေတောင် အသည်းနုနေတာပါလိမ့်??

" ဟုတ်ပြီ ဟုတ်ပြီ မောင် ငါမအော်တော့ဘူး​နော် သွား ထမင်းသာသွားခူးချေတော့ "

" တွေ့လား မောင့်ယောကျ်ားက မောင့်ကိုစိတ်မရှည်ဘူး ဟင့် "

" ဟင်း မောင်ကလည်း ငါကမောင့်ကိုစိတ်မရှည်တာမဟုတ်ပါဘူး သွားသွားထမင်းသွားခူး "

" ဟင့်!! "

ကလေးကြီးကျနေတာပဲ မောင်ကတော့ တကယ်ပဲ ဘယ်လိုတောင်ချွဲနေရတာလဲမသိဘူး

' ဟင်း ဟင်း '

လင်းအာ မောင့်ပုံစံကိုကြည့်ကာ အသံထွက်ရယ်မိသွားတော့ မောင်က ' ဘာရယ်တာလဲ ' ဆိုတဲ့ပုံစံနဲ့ ဂျိုကြည့်ကြည့်လာသည်။

ဒီတစ်ခါတော့ လင်းအာ မနေနိုင်တော့ပါ။လင်းအာ မောင့်နားသွားပြီး မောင့်ပါးနှစ်ဖက်ကိုလက်ဝါးထဲထည့်ပြီး ဖျစ်ညှစ်ထားလိုက်သည်။

" ဟားဟား ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲ မောင်ရဲ့ ဟင်? "

" မောင့်ကိုလှောင်နေတာလား?? "

" ဟားဟား မဟုတ်ပါဘူး မောင်ရဲ့ မောင့်ပုံစံကချစ်စရာကောင်းနေတာကို "

" ကဲဟာ ရွှတ် ကဲဟာ "

" ဟားဟား မောင်ယားတယ်လို့ "

" ပြောအုံးမှာလား မောင်ကချစ်ဖို့ကောင်းတယ်လို့ "

" ဟ ဟုတ်တာပဲလေ မောင်ကချစ်ဖို့ကောင်းတာပဲလေ ဟားဟား "

ပူလောင်သောအချစ် ( on going) Where stories live. Discover now