Unicode
ရှောင်လင်းအာ ခေါင်းထဲ မူးနောက်စွာ နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူ ကိုတွေ့ရသည်။ နှာခေါင်းထဲ တိုးဝင်လာသော ဆေးနံ့တွေကြောင့် ဆေးရုံရောက်နေမှန်း သိလိုက်သည်။ နေအုံး.. ဆေးရုံရောက်နေတယ်ဆိုတော့ သူ့ကိုဆေးရုံ ဘယ်သူခေါ်လာပေးတာလဲ ။ ဖန်းလုံလား။ ဖန်းလုံတော့မဖြစ်နိုင် ဖန်းလုံက သူ့ဆို သေသေရှင်ရှင် ပစ်ထားမည့် လူပင်။
" သတိရပြီလား သတိရပြီဆိုလဲ ထတော့ "
" ဟင် အကိုလေး ကျွန်တော့် ကို အကိုလေးခေါ်လာပေးတာလား "
" မ.."
ဖန်းလုံ ဖြေမည့်အချိန်တွင် ရှောင်ကျင်းကအခန်းထဲဝင်လာပြီး စကားဖြတ်ကာဖြေသည်။
" ဟုတ်တယ် ဖန်းလုံက လင်းအာကိုခေါ်လာတာလေ အားနည်းပြီး မေ့လဲနေတာတွေ့လို့တဲ့ "
" အော် ကျေးဇူးတင်ပါတယ် အကိုလေး "
သူပျော်သွားသည်။ အကိုလေးက သူ့ကိုခေါ်လာပေးသည်တဲ့ အိမ်မက် မက်နေသလိုပဲ။
" ကဲ လင်းအာ ခဏ နားလိုက်ဦး ဖန်းလုံ ငါနဲ့ခဏလိုက်ခဲ့ "
" ဟုတ်ကဲ့ ရှောင်ကျင်း ကျေးဇူးပါ "
ရှောင်ကျင်း ပြုံးပြပြီး ဖန်းလုံကိုခေါ်ကာ အပြင်ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ဖန်းလုံကို ရှောင်ကျင်းပြောလိုက်သည်။
" ဖန်းလုံ မင်းနည်းနည်းပါးပါး စကားပြောဆင်ခြင်ကြည့်ပါလား "
" ငါကဘာကိုဆင်ခြင်ရမှာလဲ သူ့ကိုအမှန်အတိုင်းပြောတာပဲလေ "
" ဟျောင့် လင်းအာက နှလုံးရောဂါခံစားနေရတာကွ မင်းက အဲ့လိုသွားပြောတော့ ဟိုက ဘယ်စိတ်ကောင်းမလဲ "
" ငါ့ဘာသာငါ ဘယ်လိုပြောပြောကွာ ပြီးတော့ မင်းသူ့ကိုအနားကို သိပ်မကပ်ပါနဲ့ သူ့မှာပိုင်ရှင်ရှိတယ်ဆိုတာ မမေ့နဲ့ "
" အဲ့ပိုင်ရှင်ကရော သူ့အပေါ်ကောင်းလို့လား ဟက် "
" သူက ငါပိုင်တာ ငါသူ့ကို မှောက်ချင်မှောက် လှန်ချင်လှန် ငါ့သဘောပဲ အဲ့တာမင်းနားလည်ထား "

YOU ARE READING
ပူလောင်သောအချစ် ( on going)
Randomstarted date < 11 August 2021 end date < ...... " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ " " မောင် ဒီနာမ်စားလေးသိပ်ခေါ်ချင်ခဲ့တာ "