Part 15

238 8 0
                                    

Unicode

" ဖန်းလုံ ဖန်းလုံ မဟုတ်လားဟင်? ? "

မောင် နှင့် လင်းအာတို့ ကျီစားနေချိန် မောင့်နာမည်ကို ခေါ်သံကြား၍ နှစ်ယောက်လုံး လှည့်ကြည့်မိကြသည်။

" ဟင်! ! "

" ထျန်းယွီလိ ? "

" မမတောင် မဟုတ်တော့ဘူးနော် မောင် "

"ကျွန်တော်တို့က သက်ဆိုင်တဲ့လူတွေမှ မဟုတ်တော့တာ မဟုတ်လား ကျွန်တော့်ပိုင်ဆိုင်သူရှိနေတာ ဆင်ခြင်ရမှာပေါ့ သူစိတ်မကောင်းဖြစ်သွားမှာ မလိုလားဘူးလေ "

မောင်ကပြောရင်း လင်းအာကိုကြည့်ကာ တွဲထားတဲ့ လက်ကိုဖျစ်လိုက်သည်။

[A/N: ဘယ်လိုပြောရမှန်းမသိလို့ ဖြည့်ဖတ်ပေးကြပါ
༎ຶ‿༎ຶ]

" Oh! လင်းအာလေးနဲ့ ချစ်သူတွေဖြစ်သွားကြတာလား "

" မဟုတ်ဘူး အိမ်ထောင်ဖက်တွေ "

" အော် ရှောင်ဖန်းဖန်းတို့ မင်္ဂလာဆောင်​တောင် ဒီက မမကိုမဖိတ်ဘူး "

သူမက ထိုသို့ပြောလိုက်တော့ လင်းအာ မျက်နှာလေးပျက်သွားသည်ကို ဖန်းလုံ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ ဒီမိန်းမက စစ်အေးဖြစ်ချင်နေတာလား? ပြောရရင် အရင်ထဲက ဒီမိန်းမက ငွေမက်တယ်ဆိုတာ သိပြီးသား။ သူမလုပ်သွားတာ မသိလျှင် ဖန်းလုံကသာ တစ်ဖက်သတ်လိုက်ကြိုက်သလို။ အရင်တုန်း​က ဖန်းလုံ သူအပေါ်မှာ ဒီမိန်းမလုပ်သွားတာတွေကို သူ့အချစ်နွံထဲကျလို့ မမြင်နိုင်ခဲ့ပေမယ့် ယခုတော့ မတူတော့။ သူ့မှာ လင်းအာရှိသည်။ သူပိုင်ဆိုင်တဲ့တစ်ဦးတည်းသော သူ့ယောကျ်ား။

" အဲ့တုန်းက မစ္စစ်လီ က မစ္စတာလီနဲ့ နိုင်ငံရပ်ခြားမှာ အခြေချနေပြီလေ အဲ့တုန်းကကျွန်တော်ကြားတာ မစ္စစ်လီက တရုတ်ကိုပြန်မလာတော့ဘူးတဲ့ "

" မဟုတ်တာ ဖန်းလုံက ခေါ်ရင် မမကလာမှာပေါ့ "

" ထားပါတော့ ခုကျွန်တော်တို့ရဲ့ပျော်ရွှင်နေတဲ့အချိန်လေး နှောင့်နှေးကုန်မှာစိုသလို့ သွားလိုက်ပါအုံးမယ် "

ဖန်းလုံ တစ်ဖက်ကအဖြေတောင်မစောင့်ဘဲ လင်းအာလက်လေးကိုဆွဲကာ ထိုမိန်းမရှေ့မှထွက်ခဲ့လိုက်တော့သည်။ သူပြောခဲ့တဲ့အတိုင်းပဲ သူတို့ရဲ့ပျော်ရွှင်စရာအချိန်တွေကို ဒီမိန်းမနဲ့စကားပြောရင်း မကုန်ဆုံးချင်ပေ။

ပူလောင်သောအချစ် ( on going) Où les histoires vivent. Découvrez maintenant