Part 5

424 20 4
                                    

Unicode

ဒီနေ့ ယန်းဟွားမန် အိမ်ကိုလာတဲ့နေ့ဖြစ်သည်။ သူကတော့ အားလုံးပြင်ဆင်ပြီး သူ့အခန်းထဲတွင်သာနေသည်။ ဟော ကားသံကြားတယ်ရောက်လာပြီထင်ပါရဲ့။ ကိုယ်က သူမကို လက်ခံထားပေမယ့် နှလုံးသားက နှလုံးသားက နာတယ်။နာကျင်ရတယ် ။ သူငိုမိပြန်ပြီ။ နင်တို့ကအမှတ်မရှိကြဘူးလား ခဏခဏကျလာလည်း သူကမြင်မှမမြင်ပဲ။ အော် ငိုရင်အိပ်ရတာပိုမြန်တယ်ထင်ပါရဲ့။ စက္ကန့်ပိုင်းအတွင်း လင်းအာ အိပ်ပျော်သွားလေသည်။ သူအရမ်းပင်ပန်းထင်တယ်။

" ရှောင်လင်းအာ! ရှောင်လင်းအာ! "

"...... "

ပြန်ဖြေသံကမရှိ။သူထပ်ခေါ်လိုက်သည်။

" ရှောင်လင်းအာ ထွက်လာခဲ့စမ်း "

"...... "

ဒီတစ်ခါလည်းပြန်ထူးသံကမရှိ။သူဒေါသထွက်သွားသည်။ ဒီကောင် ဘယ်သူ့အားကိုးနဲ့ ငါ့ကိုပြန်မထူးတာလဲ။ နေရဲတယ်ပေါ့ နောက်တစ်ခါတွေ့ရင် အိပ်ရာပေါ်ကမထရအောင် ရိုက်ပစ်လိုက်အုံးမည်။ သူဒေါသထွက်နေတုန်း ဘေးကသူမက လက်ကိုလာချိတ်ကာ သူမ၏ငပိသံဖြင့်...

" ကိုကိုကလည်း ထားလိုက်ပါ သူက ဟွားမန်ကိုမကြိုဆိုချင်လို့ဖြစ်မှာပါ "

သူမကပြောရင်း နောက်ပိုင်းတွင် ဝမ်းနည်းသွားဟန်ဖြင့် မျက်နှာလေးမဲ့ကာ ဆိုလာလေသည်။ ဒါကိုမြင်တော့ ဖန်းလုံ နှလုံးသားလေးဖျစ်ညှစ်ခံထားရသလို နာကျင်သွားရလေသည်။ သူ သူမ မျက်နှာလေးကို မော့ကာ နှစ်သိမ့်ဟန်ဖြင့် ပြောလိုက်သည်။

" အိုးမဟုတ်တာကွာ အဲ့လိုမတွေးပါနဲ့ သူမကြိုဆိုလည်းဘာမှမဖြစ်ဘူး မင်းကသူမရှိရင် ဒီအိမ်ရဲ့ သခင်မဖြစ်လာမှာ "

" ဟင့် ကိုကိုက အကောင်းဆုံးပဲ ကိုကိုသူ့ကိုမြန်မြန်ကွာရှင်းပြီးရင် Baby တို့လက်ထပ်ကြမယ်နော် ပြီးရင် Baby က ကိုကို့ရဲ့ရင်သွေးလေးတွေကိုမွေးပေးမယ်နော် "

" ဟားဟား ဟုတ်ပါပြီဗျာ ကိုကို့ရဲ့ ချစ်စရာကောင်မလေးရဲ့ "

" ခ်ခ် ကိုကိုကလည်း "

" ဟားဟား လာ ဟွားမန်ရဲ့အခန်းကို ကိုကိုပြမယ် "

" ဟုတ် "

ပူလောင်သောအချစ် ( on going) Where stories live. Discover now