Part 17

162 1 2
                                    

Unicode

"အဲ့တာဆိုကောင်းတာပေါ့ နောက်လထဲထိအချိန်ဆွဲမနေနဲ့တော့ ၁လတန်သည်၂လတန်သည် ရောဂါကပိုဆိုးလာဖို့ပဲရှိမှာ "

မားတို့ကိုဖန်းလုံကျပြာပြလိုက်တော့ နောက်လထိမစောင့်စေချင်၍ပြောသည်။

" မင်းမားပြောတာမှန်တယ် မင်းအလုပ်တွေငါ့ဆီသာထားခဲ့ ငါအပြီးသတ်ထားလိုက်မယ် မင်းတို့ကသွားနှင့် "

အလုပ်တွေမလုပ်ချင်ဘူးပြောသည့်ပါးကတောင် အလုပ်တွေထားခဲ့ပြောနေပြီ သူကရောဘာလို့မသွားရမှာလဲ..

" ကောင်းပြီလေ အဲ့တာဆိုကျွန်တော် နောက်၂ရက်နေရင်သွားတော့မယ် "

" အေး ဟုတ်ပြီ "

" ကျွန်တော့်ယောကျ်ားကိုလည်းသတင်းကောင်းသွားပြောလိုက်အုံးမယ် "

" အေးအေး "

ဖန်းလုံလည်းမားတို့ကိုနှုတ်ဆက်ပြီး အိမ်ပေါ်ထပ်ကချစ်ယောကျ်ားဆီသာတတ်ခဲ့တော့သည်။
သူအခန်းထဲရောက်သွားတော့သူ့ယောကျ်ားကခွေခွေလေးလှဲနေသည်။

" ဒီကောင်လေးကတော့ကွာ အစောကြီးလာပြန်အိပ်နေတယ် "

သူကညူစူသလိုလေးပြောပြီး ကုတ်အင်္ကျီကိုချွတ်ကာ တန်းပေါ်တင်ပြီး ကုတင်ပေါ်က ကောင်လေးကိုသွားနှိုးရတော့သည်။ မဟုတ်ရင်ဒီကောင်လေး ‌ခေါင်းကိုက်နေတော့မည်။

" အချစ်ရေ ပူတူးလေးရေ ထတော့ကွာ ခေါင်းကိုက်နေတော့မယ် "

" ဟင်~~~~~~"

"ပြွတ် ချစ်ယောက်ျားရေ မောင်က အနမ်းလေးနဲ့နှိုးနေတာကိုနော် မထသေးဘူးပေါ့ "

" အင်းးး "

"မထရင်ချီပြီး ရေကန်ထဲပစ်ချမှာနော် "

ထိုအခါမှ ချစ်ယောက်ျားကသူ့ဘက်လှည့်ပြီး

"မောင် အဲ့အကွက်တွေက ကလေးလေးတွေကိုပဲ သွားလှည့်လို့ရမယ်နော် ဟွန့် "

ဆိုကာ ပြန်လှည့်သွားသည်။ဆိုတော့ ဖန်းလုံလည်း ပြောရတော့သည်။

"အချစ်လေး ကိုယ်ပြီးရင်ပြောစရာရှိသေးတယ် ထတော့ ခဏနားပြီး ရေမိုးချိုးတော့ "

Has llegado al final de las partes publicadas.

⏰ Última actualización: Feb 07, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ပူလောင်သောအချစ် ( on going) Donde viven las historias. Descúbrelo ahora