Part 2

564 24 5
                                    

Unicode

ဖန်းလုံ အစောကြီး နိုးလာသည်။ သူ့ဘေးမှာ အိပ်နေတဲ့ မိန်းကလေး တစ်ယောက် သူနှိုးလိုက်သည်။

" ဟိတ်ဟိတ် ထတာ့ သြား တော့ ထွက်သွားတော့ ဟိုပေါ်က ကဒ်ကိုယူသွား "

" ဟုတ်ဟုတ် "

အဲ့ကောင်မလေးက သူမ အင်ကျီ တွေကို အလျင်အမြန် ကောက်ဝတ်ပြီး စားပွဲပေါ်က ကဒ်ကိုယူပြီးထွက်သွားသည်။ သူလည်း ခေါင်းကြည်သွားအောင် ရေချိုးလိုက်သည်။ ပြီးနောက် suit ဝတ်ပြီး အောက်ထက်ဆင်းလာလိုက်သည်။ အောက် ရောက်တော့ စားပွဲပေါ်မှာ မနက်စာက အဆင်သင့် ။ ဒါက ထုံးစံအတိုင်း ပါပဲ။ ထူးဆန်းတာက ရှောင်လင်းအာ ကိုမတွေ့ ။ ခါတိုင်းဆို ' အကိုလေး မနက်စာအသင့်ဖြစ်ပြီ'ဆိုပြီး ဘေးနားမှာ တတွတ်တွတ်နဲ့။ သူမရှိလည်း ဖန်းလုံ တို့က အေးဆေး စားသောက်ပြီး ကုမ္ပဏီကိုထွက်လာခဲ့သည်။

လင်းအာ ဒီနေ့ နည်းနည်း နေမကောင်းလို့ မနက်စာပြင်ပြီး ပြန်အိပ်နေလိုက်သည်။သူမရှိလည်းအကိုလေးက အဆင်ပြေတာပဲလေ သူမရှိလေ ပိုကောင်းလေကိုး ။ သူသိပါတယ် အကိုလေးက သူ့ကိုမချစ်ဘူးဆိုတာ ပြီးတော့ အိမ်ကို ညဥ့်ငှက်လေးတွေ ခေါ်လာတာလဲ သူ့ကိုအရွဲ့တိုက်ဖို့ဆိုတာသိပါတယ် ဒါပေမယ့် သူ့နှလုံးသားက ကျင်းဖန်းလုံ မှ ကျင်းဖန်းလုံ ဖြစ်နေတာကို။ တစ်ခါတစ်လေ အကိုလေးက သူ့အပေါ် ဂရုစိုက်တာကို လိုချင်ပါသည်။ အကိုလေးရဲ့ယုယမှုတွေကိုလည်းလိုချင်ပါသည် ။ ဟင်း ဒါက မဖြစ်နိုင်တဲ့ ဆန္ဒတွေပါပဲ ။ သူ့အချစ်တွေဆန္ဒတွေ ကို တစ်သက်လုံး  နှလုံးသား ထဲမှာ ပဲ သိမ်းထားလိုက်ပါတော့မည်။

At Company.....

ဒေါက် ဒေါက်.....

" ဝင်ခဲ့ပါ "

" CEO ဒီနေ့ ယန်း Company နဲ့ စာချုပ်ချုပ်ရမှာပါ အဲ့ဘက္က CEO ရောက်တော့မှာပါ "

" ကောင်းပြီ "

" ပြီးတော့ နေ့လည်ကျ Project အသစ်အတွက် Meeting ရှိပါတယ် "

" အင်းဟုတ်ပြီ "

ဖန်းလုံးရဲ့ PA က ပြောပြီး ထွက်သွားသည်။ သူလည်း project အသစ်အတွက် လိုအပ်တာတွေပြင်ဆင်ထားပြီး လက်မှတ် ထိုးစရာများကိုထိုးနေလိုက်သည်။

ပူလောင်သောအချစ် ( on going) Where stories live. Discover now